လီဗာပူး Vs မန်စီးတီး?? ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်များ

၁~တော့တင်ဟမ် vs အဲဗာတန်

ပြီးခဲ့တဲ့ အပတ်က မန်ယူနိုက်တက်နဲ့ ပွဲမှာ အဲဗာတန်ရဲ့ ခြေစွမ်းဟာ အနည်းငယ် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အဖွင့်ဂိုး သွင်းယူပြီးခဲ့တဲ့ အချိန်မှာ ဖြစ်ပါတယ်။ The Toffees တို့ဟာ ခံစစ်ပိုင်း များစွာ တိုးတက်လာခဲ့တဲ့ အသင်း ဖြစ်ပေမယ့် ယူနိုက်တက်နဲ့ ပွဲမှာ သူတို့ဟာ အားနည်းမှုတွေ ရှိနေဆဲဆိုတာ ပြသခဲ့ပါတယ်။ လမ်းပတ် အနေနဲ့ ဒီပွဲစဉ်မှာတော့ အနည်းငယ် ခံစစ် အသားပေး ကစားသွားလိမ့်မယ်လို့ ထင်ပါတယ်။

ဒါပေမယ့် စပါးကို ရပ်တန့်ရတာ မလွယ်ကူလှပါဘူး။ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်းမင်း တို့ ဦးဆောင်တဲ့ တိုက်စစ်က တအားကို ကောင်းလှပါတယ်။ မကြာခင် ဒီထက် ပိုပြီး ကောင်းလာနိုင်ပါတယ်။ ဒ့ါကြောင့် တော့တင်ဟမ် အနေနဲ့ နိုင်ပွဲကို ရှာဖွေနိုင်ပါလ်ိမ့်မယ်။ ဒီပွဲဟာ သူတို့ အတွက် ဘယ်လောက် သက်တောင့်သက်သာ ဖြစ်မလဲ ဆိုတာ ကတော့ ပထမဂိုး အပေါ် မူတည်ပါတယ်။

ခန့်မှန်းချက် : ၃-၁

၂~အက်စတွန်ဗီလာ vs ချဲလ်ဆီး
ဒီအချိန်မှာ ဗီလာ ပရိတ်သတ်တွေဟာ စတီဗင်ဂျာရတ် အပေါ် သိပ်ပြီး သဘောကျနေမှာ မဟုတ်ပါဘူး။ ဒါဟာ ဗီလာရဲ့ ကစားဟန်နဲ့ သက်ဆိုင်ပြီး တိုက်စစ်ပိုင်းမှာ ဂိုးရဖို့က ပြသနာတွေ ဖြစ်နေတာပါ။ ဒါပေမယ့် ဂျာရတ်ဟာ ချဲလ်ဆီးနဲ့ ပွဲမှာ တိုက်စစ်ဖွင့် ကစားသွားဖို့ မရှိလောက်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုသာ ကစားလိုက်ရင် သူတို့အတွက် အိမ်မက်ဆိုး ဖြစ်သွားမှာပါ။

အူဘာမီယန်းဟာ ဂိုးတွေ သွင်းယူနေပြီး ဂရေဟမ်ပေါ်တာ ကလည်း သူဟာ အရည်အသွေး ရှိပြီး adaptable ဖြစ်တဲ့ မန်နေဂျာ ဆိုတာ ပြသနေပါတယ်။ ဗီလာဟာ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့်လည်း ဖိအားတွေ ရှိနေမှာပါ။ ကျွန်တော်ကတော့ စိတ်လှုပ်ရှားမှုတွေဟာ ကစားသမားတွေ အပေါ် သက်ရောက်မှုတွေ ရှိနေလိမ့်မယ်လို့ ထင်မိပါတယ်။

ခန့်မှန်းချက် : ၀-၂

၃~လိဒ် vs အာဆင်နယ်
လိဒ်ဟာ ပဲလေ့စ်နဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ တအား ကောင်းခဲ့ပေမယ့် ဒါကို ဒုတိယပိုင်းမှာ မထိန်းနိုင်ခဲ့ပါဘူး။ ဒီပွဲလည်း ဒီအတိုင်းပဲ လာမှာပါပဲ။ လိဒ်ဟာ အစောပိုင်းမှာ ပြိုင်ဘက်ကို ဖိအားပေး ကစားသွားမှာ ဖြစ်ပြီး အဲဒီနောက် ကျသွားမှာပါ။ ဘယ်လိုပဲ ကစားသည် ဖြစ်စေ ကျွန်တေ်ာကတော့ ဒီပွဲမှာ အာဆင်နယ်တို့ နိုင်သွားမယ်လို့ ထင်နေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာဒီအချိန်မှာ အကောင်းဆုံး ပုံစံကို ရနေလို့ပါ။

လီဗာပူးကို အနိုင်ရခဲ့တာကြောင့် ယုံကြည်မှုကလည်း ပြည့်ဝနေမှာပါ။ တိုက်စစ်ပိ်ုင်းကလည်း ဂိုးတွေ ရနေပါတယ်။ အကယ်လို့များ လိဒ်သာ ဖွင့်ကစားခဲ့မယ် ဆိုရင် မာတင်နယ်လီ နဲ့ ဆာကာ တို့ဟာ နေရာလွတ်တွေ အများကြီး ရလာမှာ ဖြစ်ပြီး ဂျီဆုလည်း အခွင့်အရေးတွေ များစွာ ရရှိသွားမှာပါ။

ခန့်မှန်းချက် : ၁-၃

၄~မန်ယူနိုက်တက် vs နယူးကာဆယ်
မန်ယူနိုက်တက်တို့ ဒီပွဲကို နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ တစ်ခုတည်းသော မေးခွန်းက နယူးကာဆယ်တို့ နိုင်သွားမလား ဆိုတာပါပဲ။ တန်းဟတ်ရဲ့ လက်အောက်မှာ ယူနိုက်တက်တို့ မတိုးတက်ဘူးလို့ ကျွန်တော် ယူဆနေလို့ မဟုတ်ပါဘူး။ သူတို့ တိုးတက်လာပါတယ်။ ဒါပေမယ့် နယူးကာဆယ်ကို ကျွန်တော် ပိုကြိုက်မိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ပြိုင်ဘက်ကို အသာစီး ကစားနိုင်တဲ့ အပြင် ဂိုးတွေလည်း ရနေလို့ပါ။ သူတို့ဟာ နောက်ဆုံး ၂ ပွဲမှာ ၉ ဂိုးတောင် သွင်းယူခဲ့ပါတယ်။

အက်ဒီဟောင်း အနေနဲ့ အိုးထရပ်ဖို့ဒ်မှာ သူ့ရဲ့ ပွဲချည်းကပ်မှုကို ပြောင်းသွားမယ်လို့ မထင်ပါဘူး။ နယူးကာဆယ်ရဲ့ ကစားဟန်ကြောင့် မန်ယူနိုက်တက်တို့ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးတွေ ရလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်သင်း ၁ မှတ်စီနဲ့ ကျေနပ်ရမှာပါ။

ခန့်မှန်းချက် : ၁-၁

၅~လီဗာပူး vs မန္စီးတီး
လီဗာပူးဟာ title race မှာ ရှိမနေတော့ပါဘူး။ စီးတီးသာ အန်ဖီးမှာ အနိုင်ရသွားခဲ့ရင်တော့ လုံး၀ကို ပြီးသွားပြီလို့ ပြောနိုင်ပြီ ဖြစ်ပါတယ်။ စီးတီးကလည်း ဒါကိုသိပါတယ်။ ဒါဟာ ပြိုင်ဘက် တစ်ဦးကို ပွဲကနေ ထုတ်ပစ်နိ်ုင်မယ့် အခွင့်အရေးပါ။ ဟာလန်းဟာ ကြားရက်က အနားရထားခဲ့တာကြောင့် ဒီပွဲအတွက် အသင့် ဖြစ်နေမှာပါ။ စီးတီးဟာ ပြိုင်ဘက်တိုင်းကို ချေမှုန်းပစ်နိ်ုင်လောက်အောင် ကောင်းပါတယ်။

လီဗာပူးရဲ့ high line က ပြသနာ ဖြစ်နေပါတယ်။ ရိန်းဂျားဟာ ပထမပိုင်းမှာ သူတို့ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဟာလန်းကို ဒီလို ကစားသွားမယ် ဆိုရင်တော့ သူတို့ တအား ရဲရင့်လွန်းပါတယ်။ သူတို့ဟာ အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်းတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ စီးတီးရဲ့ set-up ကြောင့်ပါ။ ဒါပေမယ့် စီးတီးကို ကြည့်လိုက်ပါ။ သူတို့ဟာ တအားကို ကောင်းလွန်းပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ ၂၀၂၁ က အန်ဖီးမှာ ၄ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော် ကတော့ ဒါမျိုးကို ထပ်မံ မြင်တွေ့ရမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ၁-၄


အခြားပွဲစဉ်တွေ အတွက် ခန့်မှန်းချက်များ
ဘရန့်ဖို့ဒ် ၁-၂ ဘရိုက်တန်
လက်စတာ ၂-၂ ခရစ်စတယ်ပဲလေ့စ်
ဖူဟမ် ၂-၁ ဘုန်းမောက်
ဝုဖ် ၂-၀ နော့တင်ဟမ်ဖောရက်စ်
ဆောက်သမ်တန် ၁-၂ ၀က်ဟမ်း

SM