ယူနိုက်တက်ကို ရှုံးနိမ့်ပြီး ယူရိုပါလိဂ်မှ ထွက်ခွာရတော့ပေမဲ့ ကျေနပ်ပျော်ရွှင်နေတဲ့ အိုမိုနီးယား ကြယ်ပွင့်

ဆိုက်ပရပ် အခြေစိုက် အိုမိုနီးယား နီကိုဆီယား အသင်းရဲ့ ဂိုးသမား ဖြစ်သူ ဖရန်စစ် ယူဇိုဟို ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ယူရို ပါလိဂ် ပွဲစဥ် အပြီး အင်တာဗျူး အစီအစဥ်မှာ သူ့ရဲ့ ပျော်ရွှင်မှုတွေကို မဖုံးနိုင် မဖိနိုင် ဖြစ်ခဲ့ပါတယ် ။

ဒီလို ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သူ့ရဲ့ အိပ်မက် တစ်ခုဟာ အမှန်တကယ် ဖြစ်ပွားလာခဲ့လို့ပါတယ် ။ ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစားရင်း ဂိုးပေါက် ခြိမ်းခြောက်မှုတွေ 34 ကြိမ် အထိ လုပ်ဆောင်ခဲ့ပါတယ် ။

ဒါ့အပြင် ကြီးမားတဲ့ အခွင့်အရေး ဖန်တီးမှု 7 အကြိမ်ထိ လုပ်ဆောင်နိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ အဲ့တာတွေက အိုမိုနီးယား အသင်းရဲ့ ဂိုးသမား ဖြစ်သူ ဖရန်စစ် ယူဇိုဟို ရဲ့ အထူး လက်စွမ်းကောင်း ပြသမှုအောက် အလကား ဖြစ်သွားခဲ့ရပါတယ် ။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ ရော်နယ်ဒို ၊ ရပ်ရှ်ဖို့ ၊ ကာစီမီရို တို့ ဂိုး ဖြစ်စေနိုင်တဲ့ ကန်ချက််တွေ လုပ်ဆောင်ခဲ့ကြပေမဲ့ ယူဇိုဟို ဟာ တစ်လုံးပြီး တစ်လုံး ပုတ်ထုတ် ကာကွယ်ရင်း အသင်းအတွက် ဟီးရိုး ဖြစ်သွားနိုင်ခဲ့ပါတယ် ။

နောက်ဆုံးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် သာမန် ပွဲကစားချိန် မိနစ် 90 အပြီး နာကျင်ချိန်ပို 3 မိနစ်မှာ မက် တော်မီနေး သွင်းယူခဲ့တဲ့ ဂိုးက ယူနိုက်တက််တို့ကို နိုင်ပွဲ ရရှိစေခဲ့ပြီး အိုမိုနီးယား အသင်းကို ပြိုင်ပွဲမှ ထွက်ခွာ သွားစေခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ်အပြီးမှာ အိုမိုနီးယား အသင်းအတွက် 12 ကြိမ် အထိ ဂိုးပေါက် ကာကွယ်မှု လုပ်နိုင်ခဲ့တဲ့ ဂိုးသမား ဖရန်စစ် ယူဇိုဟို က ပြိုင်ပွဲမှ ထွက်ခွာရတာကို အမှုမထားပဲ အိုးလ်ထရပ်ဖို့ဒ် ကွင်းကြီးမှာ ကစားခွင့် ရရှိတဲ့အတွက် အိပ်မက်တွေ တကယ်ဖြစ်လာပြီလို့ ပြုံးရွှင်စွာ ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင်ခဲ့ရတဲ့ အတွက် ရှုံးလို့ဆိုပြီး မကျေမနပ် မဖြစ်မိပါဘူး ။ ကျွန်တော်တို့ တစ််မှတ် ရရင်တော့ ပိုပြီး ကျေနပ်မိမှာပေါ့ဗျာ ။ ကျွန်တော်ကတော့ ပျော်ရွှင်မိပါတယ်။ ဒီကွင်းထဲ ဒီလို ကစားသမားတွေနဲ့ ရင်ဆိုင်ရတာ တကယ့်ကို မလွယ်ပါဘူး ။ ဒါပေမဲ့ ကျွန်တော် ပျော်ရွှင်မိပါတယ် ”

” အိုးလ် ထရပ်ဖို့ဒ် မှာ ကစားခွင့် ရရှိခြင်း ဆိုတာက အိပ််မက်တွေ အမှန်တကယ် ဖြစ်လာခြင်းပါပဲ ။ ကျွန်တော် ဒါကို စောင့်ဆိုင်းနေခဲ့တာ ကြာလွန်းလှပါပြီ ။ ကျွန်တော်တို့ အုပ်စု အဆင့် မဲခွဲရလဒ် ထွက်ပေါ်ခဲ့ ကတည်းက အိုးလ် ထရပ်ဖို့ဒ် မှာ ကစားခွင့် ရရှိပါစေလို့ အမြဲတမ်း ဆုတောင််းဖြစ်ခဲ့တာပါ ”

” ဒီကွင်းထဲ ရောက်တဲ့အခါ ပွဲထွက် ကစားခွင့် ရရှိပါစေလို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့ပါတယ် ။ အခုတော့ အဲ့တာကြီး တကယ်ကို ဖြစ်လာခဲ့ပါပြီ ။ ကျွန်တော် အရမ်းပဲ ပျော်ရွှင်မိပါတယ် ။ ဒီပွဲစဥ်က ကျွန်တော့်ရဲ့ စွမ်းဆောင်ရည််ကလည်း အကောင်းဆုံး ဖြစ်နိုင်ခဲ့တယ်လေ ”

” ကျွန်တော့် အသင်းဖော်တွေ အတွက် တကယ့်ကို ဂုဏ််ယူမိပါတယ် ။ တစ်ယောက် ကောင်းရုံနဲ့ ဒီလို ရလဒ်မျိုးမရနိုင်ဘူးလေ ။ ကျွန်တော်တို့ အရာအားလုံး ​ပေးဆပ်ပြီး ကစားခဲ့ကြပါတယ် ။ ကျွန်တော်ရဲ့ စွမ်းဆောင်ရည် အတွက််လည်း ပျော်ရွှင်မိပါတယ် ” လို့ ယူဇိုဟို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar