ဆာလာ ဟက်ထရစ် နဲ့ လီဗာပူး ပွဲကြမ်းချိန်မှာ ယူရိုပါလိဂ် အိပ်မက်ဆိုးတွေ မက်ခဲ့ရတဲ့ ဘာစီလိုနာ ၊ နောက်တဆင့် တက်ကြသူများ နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေမှာ လီဗာပူး ဟာ ရိန်းဂျားစ် အသင်းကို အဝေးကွင်းမှာ ၇ ဂိုး သွင်းပြီး ဂိုးပြတ် အနိုင် ကစားသွားခဲ့ ပါတယ် ။

လီဗာပူး အတွက် မိုဟာမက် ဆာလာ က ၆ မိနစ် အတွင်းမှာ ဟက်ထရစ် သွင်းယူပေးခဲ့တာပါ ။

နူးကမ့် က ဘာစီလိုနာ နဲ့ အင်တာမီလန် တို့ရဲ့ ပွဲမှာတော့ တဖက် ၃ ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ အဖွင့်ဂိုးကို စသွင်းနိုင်ခဲ့ ပေမယ့် နောက်ပိုင်းမှာ အင်တာ ရဲ့ ဦးဆောင်မှုတွေကို လိုက်လံ ချေပ ခဲ့ရ ပါတယ် ။

ဒီ သရေ ပွဲဟာ ဘာစီလိုနာ ကို နောက်တဆင့် တက်စေဖို့ ခက်ခဲ သွားစေခဲ့ပြီး ယူရိုပါလိဂ် ကို ဆင်းသက်ရဖို့ အလားအလာ များပြားလာခဲ့ ပါတယ် ။

ဘိုင်ယန် ကတော့ ဗစ်တိုးရီးယား ပလာဇန် ကို ၄-၂ နဲ့ အနိုင် ကစားပြီး ရှုံးထွက် အဆင့်ကို တက်လှမ်း သွား နိုင်ခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ကလည်း ဖရန့်ဖတ် ကို အိမ်ကွင်းမှာ ဆွန်ဟောင်မင် ၊ ဟယ်ရီကိန်း တို့ရဲ့ ဂိုးတွေ နဲ့ အနိုင် ကစားနိုင်ခဲ့ ပါတယ် ။

မနေ့ညက ပွဲတွေ အပြီးမှာ နာပိုလီ ၊ ဘိုင်ယန် နဲ့ ကလပ် ဘရုဂျ် တို့ဟာ ရှုံးထွက် အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ကြ ပါတယ် ။

ချဲလ်ဆီး အသင်းဟာ မန်စီးတီး အကယ်ဒမီ မှာ ၉ နှစ်ကြာအောင် လုပ်ကိုင် ခဲ့ဖူးတဲ့ ဂျိုးလ် ရှီုး ကို အသင်းရဲ့ လူသစ် ရှာဖွေစုဆောင်းရေး အကြီးအကဲ အဖြစ် ခန့်အပ် နိုင်ဖို့ နီးစပ် နေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

နယူးကာဆယ် အသင်းဟာ ဘဏ္ဍာရေး အပိုဝင်ငွေတွေ ရှာဖွေ နိုင်ဖို့ အတွက် အသင်းရဲ့ စိန့်ဂျိမ်းပါ့ခ် ကွင်းအမည် ကို ဆော်ဒီ စီးပွားရေး စပွန်ဆာ တခု အမည် ပြောင်းလဲ သွားဖို့ စဉ်းစား နေတယ်လို့လည်း သိရပါတယ် ။

အမေရိက ဘောလုံး ပရိသတ်တွေ ရဲ့ အသင်းပြောင်းဖို့ ပြောဆိုမှုတွေ ရှိနေပေမယ့် ခရစ်ရှန် ပူလီဆစ် ကတော့ ချဲလ်ဆီး အသင်းမှာ အလွန် ပျော်ရွှင် နေပါတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ကြောင်း သိရပါတယ် ။

အင်္ဂါနေ့ ညက ချန်ပီယံလိဂ် ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ ချဲလ်ဆီး နောက်ခံလူ ရစ်ဆီ ဂျိမ်းစ် ဟာ ကမ္ဘာ့ဖလား ကို လွဲချော်လောက်တဲ့ အထိ ဒဏ်ရာ ပြင်းထန်ခြင်း မရှိနိုင်ဘူးလို့ သိရပါတယ် ။ ချဲလ်ဆီး နည်းပြ ပေါ်တာ ကလည်း ဂျိမ်းစ် ရဲ့ ဒဏ်ရာဟာ ပြင်းထန်မှု မရှိနိုင်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ် ။

အာသာ မယ်လို ဒဏ်ရာ ရရှိခဲ့မှုကြောင့် လီဗာပူး ဟာ ဇန်နဝါရီ မှာ ကွင်းလယ်ကို ထပ်မံ အားဖြည့်သွားဖို့ စိတ်ကူး နေပြီး ရီးရဲ ဘက်တစ် ရဲ့ ဂွီဒို ရိုဒရီဂွက် ကို ခေါ်ယူဖို့ မျက်စိကျ နေတယ်လို့ သိရှိရ ပါတယ် ။

အာဆင်နယ် ုတိက်စစ်မှူး ဂါဘရီရယ် ဂျေဆူး ကတော့ မနေ့က ပြုလုပ် ခဲ့တဲ့ အာဆင်နယ် ရဲ့ ယူရိုပါလိဂ် ပွဲအတွက် လေ့ကျင့်ခန်း အစီအစဉ် ကို မပါဝင်ခဲ့ ပါဘူး ။ ဂျေဆူး ဟာ လီဗာပူး နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဦးခေါင်း ဒဏ်ရာ ရရှိခဲ့သူ ဖြစ်ပါတယ် ။

PSG အသင်း အကြီးအကဲတွေဟာ တွစ်တာ မှာ အကောင့်တုတွေ ဖန်တီးပြီး အသင်းရဲ့ အဓိက ကစားသမား တွေကို ဝေဖန်ထိုးနှက် စေခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။ ပြင်သစ် ကလပ် ဘက်ကတော့ ဒါကို ငြင်းဆန်ထားကြောင်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR