အာဆင်နယ် နဲ့ ပွဲက ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက် ၃ ခုကို ထပ်မံ ဝေဖန်လိုက်ပြန်တဲ့ ဂျာဂင်ကလောပ့်

ပြီးခဲ့တဲ့ တစ်ပတ် အာဆင်နယ် အသင်းကို ရှုံးနိမ့် ခဲ့ရတဲ့ ပွဲက ကွင်းလယ်လူ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် လီဗာပူး နည်းပြ ဂျာဂင် ကလောပ့် ကတော့ ခုထက်ထိ အခဲကြေပုံ မရသေးပါဘူး ။

ကလောပ့် က Liverpool. com နဲ့ အင်တာဗျုးမှာ ” ခင်ဗျားတို့ အာဆင်နယ် နဲ့ ပွဲကို ပြန်ကြည့်ကြည့်ပါ ၊ ကျွန်တော် အခု ပြောမယ့် စကားက လူတွေ ကြားချင်ကြတဲ့ စကားမျိုးတော့ ဖြစ်မှာ မဟုတ်ပါဘူး ၊ ဒါပေမယ့် ကျွန်တော့် အထင် Sky Sports က Ref Watch မှာ မစ္စတာ ဒါမို့ ပြောခဲ့တာ ရှိပါတယ် ။ ”

” ဒါမို့ က အင်္ဂလန် ရဲ့ အကောင်းဆုံး ဒိုင်လူကြီး အဖြစ် သတ်မှတ် ခံထားရတဲ့ မိုက်ကယ် အိုလီဗာ ရဲ့ ဆုံးဖြတ်ချက်တွေ နှစ်ကြိမ်တိုင်တိုင် မှားယွင်းခဲ့ကြောင်း ပြောခဲ့တာပါ ။ ပေးလိုက်ရတဲ့ ပင်နယ်တီကလည်း ပေးရမယ့် ပင်နယ်တီ မဟုတ်ခဲ့ပါဘူး ။ ”

” ရာသီ မစခင်တုန်းက ကျွန်တော်တို့ နည်းပြတွေ နဲ့ ဒိုင်လူကြီးတွေ အစည်းအဝေး လုပ်ခဲ့ကြပါတယ် ။ သူတို့ဘက်က Soft penalty တွေကို ပေးတော့မှာ မဟုတ်ကြောင်း အတိအလင်း ပြောခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ပွဲမှာကျ ပြိုင်ဘက်ရဲ့ ပင်နယ်တီ အနေအထား က soft ဖြစ်နေပေမယ့် ပေးလိုက်ပါတယ် ။ ”

” နောက်ပြီး ဒီရာသီမှာ ဘယ်လို အနေအထားမျိုးဆို လက်ထိဘော ဖြစ်သလဲ ဆိုတာ ကျွန်တော်တို့ အားလုံး တွေ့မြင် ထားကြပြီးသားပါ ။ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ အခြေအနေမျိုးနဲ့ ထပ်တူကျတဲ့ အခြေအနေမျိုးမှာ ပင်နယ်တီ ပေးခဲ့တာတွေ ရှိပေမယ့် အာဆင်နယ် နဲ့ ပွဲမှာကျ မပေးခဲ့ပါဘူး ။ ”

” အာဆင်နယ် အသင်း ရသွားတဲ့ ပထမဂိုးကလည်း ကျွန်တော် ကြားမိသလောက် လူကျွံနေခဲ့တယ်လို့ သိရပါတယ် ။ ကင်မရာတွေက မရိုက်နိုင်ခဲ့တာရယ် ထောင့်ပေါင်းစုံ က ရိုက်ချက်တွေက မိမိရရ ရှိမနေခဲ့တာကြောင့် ဟုတ်မဟုတ် မဖော်ထုတ် နိုင်ခဲ့ပါဘူး ။ ”

“ဒါပေမယ့် ဓါတ်ပုံတွေ ကြည့်ရသလောက် ဆာကာ က လူကျွံ အနေအထား ကနေ အတွင်းထဲ ပြန်ဝင်လာတယ် ဆိုတာ အရှင်းကြီး ဖြစ်နေတယ်လို့ ကျွန်တော် တော့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

လီဗာပူး အသင်းဟာ ဒီကနေ့ည(မြန်မာစံတော်ချိန် မနက်ဖြန် နံနက်) မှာ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် (၄) အဖြစ် စကော့တလန် ကလပ် ရိန်းဂျား နဲ့ ယှဉ်ပြိုငိ ကစားရမှာ ဖြစ်ပါတယ် ။

SM