ယူရို ပါလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ ဘာကို ရှောင်လွှဲရမလဲ ၊ ဘယ်အရာက အရေးကြီးသလဲဆိုတာ ရှင်းပြလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ်က ယူရိုပါလိဂ် ပြိုင်ပွဲမှာ ရှုံးထွက် ပွဲစဥ် မကစားရရေး အတွက် အုပ်စုဗိုလ် ဖြစ်နိုင်ဖို့က အရမ်းပဲ အရေးကြီးကြောင်း သူ့ရဲ့ အတွေးကို ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ယူရို ပါလိဂ် ပြိုင်ပွဲမှာ အုပ်စုဗိုလ် ဖြစ်တဲ့ အသင်းတွေဟာ ရှုံးထွက် အဆင့်ဆီကို တိုက်ရိုက်တက်သွားမှာ ဖြစ်ပေမယ့် အဆင့် 2 ဖြစ်တဲ့ အသင်းကတော့ ရှုံးထွက် အဆင့်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲမှ အဆင့် 3 ရသူတွေနဲ့ ရင်ဆိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

ယူရို ပါလိဂ် ပြိုင်ပွဲမှာတော့ ရှုံးထွက် အဆင့် ပွဲစဥ်တွေကို ဖေဖော်ဝါရီလ 16 နဲ့ 23 ရက် နေ့တွေမှာ ကစားရမှာ ဖြစ်ပြီး 16 သင်း အဆင့် ရှုံးထွက် ပွဲစဥ်တွေကိုတော့ မတ််လ 9 ရက် နဲ့ 16 ရက် နေ့တွေမှာ ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာတော့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ 3 ပွဲ ကစားထားခဲ့ပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရမှတ် 6 မှတ်သာ စုဆောင်းထားနိုင်ခဲ့သေးပြီး ရီးယဲ ဆိုစီဒတ် အသင်းအောက် 3 မှတ် အကွာ ၊ အဆင့် 2 နေရာမှာပဲ ရပ်တည်နေခဲ့ရပါတယ် ။

ယူနိုက်တက်တို့ဟာ သောကြာနေ့ နံနက်မှာတော့ အိုမိုနီးယား နီကိုဆီးယား အသင်း နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ် ။ အဆိုပါ ပွဲစဥ် မတိုင်မီမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဒီဖလား ဆွတ်ခူးနိုင်ဖို့ အတွက် အဆင့် တစ် ရဖို့ လိုအပ်ကြောင်း ၊ ပွဲစဥ်တိုင်း အနိုင် ကစားနိုင်ဖို့ အရေးကြီးကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အားလပ်ရက်တွေ မတိုင်ခင် ကတည်းက အုပ်စုထဲမှာ အဆင့် တစ် ရရှိဖို့ အရေးကြီးတယ် ဆိုတဲ့ အကြောင်း သူတို့ကို ကျွန်တော် ပြောခဲ့ပါတယ် ။ ကျွန်တော်တို့ရဲ့ ရည်မှန််းချက်က အဲ့တာပါ ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပွဲစဥ်တိုင်း အနိုင် ကစားရေးပါပဲ ”

” ဒါပေမဲ့ ကျွန်တော်တို့ဟာ ရှုံးထွက် အဆင့် အပို ကစားရတာမျိုးကို ရှောင်လွှဲလိုကြ ပါတယ် ။ ဒီဖလားကို ဆွတ််ခူးချင်ရင်တော့ ပွဲစဥ်တိုင်းအနိုင်ကစားရမှာ အသေအချာပါပဲ ။ ဥရောပ ပြိုင်ပွဲမှာ ကစားရတဲ့ ကလပ် အသင်းတိုင်းရဲ့ ပြသနာက တူညီတယ်လို့ ကျွန်တော် ထင်မိပါတယ် ”

” ဒါပေမဲ့ ပွဲစဥ်တွေ အများကြီး ကစားဖို့ အတွက် ကျွန်တော််တို့ရဲ့ အသင်းမှာ လုံလောက်တဲ့ ကစားသမား အင််အား ရှိနှင့်ပြီးသားပါ ။ ဒီကြားထဲ ကျွန်တော်တို့ ဒဏ်ရာတွေ ၊ ပွဲပယ်ဒဏ်တွေ ခံရဦးမှာပါ ။ အဲ့ဒီအချိန်မှာ အသင််းကို စီမံနိုင်ဖို့ အရေးကြီးပါတယ် ”

” ပထမဆုံး ပွဲစဥ်တွေ ကစားရ ခက်ခဲတာ သဘာဝပါပဲ ။ ဒါဟာ ဥရောပ ပွဲစဥ်တွေပါ ။ ခက်ခဲလှပါတယ် ။ ပြီးတော့ ကျွန်တော်တို့ဟာ အုပ်စုဗိုလ် ဖြစ်ချင်နေကြသူတွေပါ ။ ဒါ့ကြောင့် ဒီပွဲကို အနိုင် ကစားဖို့ လိုအပ်ပါတယ် ” လို့ အဲရစ် တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar