ပွဲထွက်ခွင့်တွေ ပျောက်ဆုံးခဲ့ရတဲ့အပေါ် ရော်နယ်ဒို ဘယ််လို တုန့်ပြန်ခဲ့သလဲဆိုတာ ဖွင့်ပြောရင်း ကာရေဂါကို ပါးပါးလေးပုတ်လိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ ရီယို ဖာဒီနန်က အသင်းဖော်ဟောင််း ဖြစ်သူ ရော်နယ်ဒို ဟာ လက်ရှိ အသင်းမှာ ပွဲထွက်ခွင့်တွေ မရခဲ့တာနဲ့ ပတ်သက်လို့ သူနဲ့ စကား​တွေ ပြောဖြစ်ခဲ့သေးကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီ အသင်းအတွက် ပြိုင်ပွဲစုံ 4 ပွဲသာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပါသေးတယ် ။ အဲ့ဒီထဲမှာတော့ သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တစ်ပွဲသာ ကစားခွင့်ရရှိထားခဲ့ပါတယ် ။ အဲ့ဒီပွဲမှာ သူဟာ ကလပ် အသင်း ကစားသမား ဘဝ 700 မြောက် ဂိုးကို သွင််းယူသွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက 24 ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးကြီးဟာ ဒီရာသီမှာတော့ 2 ဂိုးသာ သွင််းယူထားနိုင်ခဲ့ပါသေးတယ် ။ သူဟာ လက်ရှိ ရာသီမှာ ရပ်ရှ်ဖို့ ၊ မာရှယ် တို့ရဲ့နောက် အဲရစ် တန်ဟတ် ရဲ့ တတိယ ဦးစားပေး တိုက်စစ်မှူး ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ယူနိုက်တက်တို့ ဒီရာသီ မန်စီးတီး အသင်းကို 6 – 3 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ကြတဲ့ ပွဲစဥ်မှာလည်း ခရစ္စတီယာနို ဟာ လူစားဝင် ကစားခွင့်တောင် မရရှိသူ ဖြစ်ခဲ့ရပါသေးတယ် ။ ဒါ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က နွေတုန်းက အသင််းမှ ထွက်ခွာဖို့ထိ တောင်းဆိုထားခဲ့တဲ့ အသင်းဖော်ဟောင််းဟာ ပွဲထွက်ခွင့် မရတာကို စိတ်ပျက်နေခဲ့ပေမယ့် ဒါတွေအပေါ် စိုးရိမ်မှု မရှိပဲ စိတ်အေးအေးထားပြီး ဖြတ််သန်းခဲ့တာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူ ပွဲစဥ်တွေ မကစားရတဲ့ အချိန်အတွင်း ခရစ္စတီယာနို နဲ့ ကျွန်တော် စကားတွေ ပြောခဲ့ရာမှာ သူဟာ အေးဆေး တည်ငြိမ်နေခဲ့ပါတယ် ။ သူ စိတ်ဆိုးနေခဲ့တာက သေချာတာပေါ့ဗျာ ။ ဒါပေမဲ့ အခွင့်အရေးရရင် ငါဂိုးသွင်းနိုင်ရမယ်ဆိုတဲ့ တည်ငြိမ်မှုတော့ သူ့မှာ အပြည့်ရှိနေခဲ့ပါတယ် ”

” ဒါဟာ ရိုးရှင်းလှပါတယ် ။ အခွင့်အရေး ဆိုတာက တစ်ချိန်ချိန် ရောက်လာမှာပဲလေ ။ သူ စိတ်မကောင်း ဖြစ်နေခဲ့တာ သံသယ ဖြစ်စရာ အကြောင်းမရှိပါဘူး ။ အပါတ်စဥ် အပါတ်တိုင်း ပွဲစဥ်တွေ ကစားလိုတဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ၊ မိမိကိုယ်ကို မြှင့်တင်ဖို့ပဲ တွေးနေတတ်တဲ့ ကစားသမားမျိုး စိတ်မကောင်းဖြစ်မှာပါပဲ ”

” ဒါပေမဲ့ အဲ့ဒီနောက်ကွယ်မှာ အရေးကြီးတာက ကိုယ့်အတွက်် အခွင့်အရေး ရောက်ရှိလာချိန်မှာ ဘယ်လို တုန့်ပြန်မလဲဆိုတဲ့ စိတ်မျိုးပါပဲ။ ခင်ဗျား စိတ်ဆိုးနေလို့ချည်း မရပါဘူး ။ သူဟာ ကွင်းထဲ သွားပါလို့ ပြောတာနဲ့ အမြန်ဆုံး အရန်ခုံပေါ်က ထပြေးမယ့် ကစားသမားမျိုးပါ ”

” သူ ကွင်းထဲ ရောက်တဲ့ အခါတိုင်း ဘယ်လောက်အထိ ဆာလောင်နေသလဲ ၊ ဂိုးတွေ ဘယ်လောက်တောင် သွင်းချင်နေသလဲဆိုတာကို ခင်ဗျားတို့ မြင်တွေ့နိုင်ကြမှာပါ ။ ဒါကို ကစားသမား ဘဝ ကလပ် အသင်း အတွက် 699 ဂိုး အထိ သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမားဆီက မြင်တွေ့ခဲ့ရပါတယ် ”

” သူက hater တွေကို ရှုံးနိမ့်အောင် လုပ်ပြဖို့ ခုံမင်နေသူ တစ်ဦးပါ ။ ခြေစွမ်းနဲ့ အသံတိတ်အောင် လုပ်ပြချင်ဆဲပါ ။ သွင်းဂိုး 700 ဆိုတာက ကာရေဂါ နဲ့ သူ့ကို အဝေးထွက်သွားစေချင်တဲ့ အခြားသူတွေကို အသံတိတ်အောင် လုပ်ခြင်းပါပဲ ” လို့ ဖာဒီနန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar