ယူနိုက်တက်အတွက် ဂိုးစတင်သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒို အပေါ် မှတ်ချက်ကောင်းတွေ ပေးလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ရွိုင်ကိန်း က အိုးလ် ထရပ်ဖို့ဒ် ဆီ ပြန်လာပြီး အသင်းနဲ့ နောက်တစ်ကြိမ် အောင်မြင်မှုတွေ ပိုင်ဆိုင်လိုနေခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒို ရဲ့ စိတ်ဓါတ် ခံယူချက်ပိုင်း အပေါ် ချီးကျူးစကား ဆိုခဲ့လိုက်ပါတယ် ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက သြဂုတ်လမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ဒုတိယ အကြိမ်မြောက် ပြန််လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဗာတန် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ ဒီရာသီရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါဟာ သူ့အတွက်တော့ ဒီရာသီရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်ခဲ့ရသလို ကစားသမား ဘဝ ကလပ် အသင််း အတွက် ဂိုး 700 ပြည့်မြောက်တဲ့ သွင်းဂိုးလည်း ဖြစ််သွားခဲ့ရပါတယ် ။ တကယ်တော့ ရော်နယ်ဒို ဟာ ဒီရာသီ အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ ပွဲကစားခွင့် မိနစ်တွေ ရရှိဖို့ ရုန်းကန်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ သူဟာ ရာသီကြို ပွဲစဥ်တွေမှာ အသင်းအတွက် မပါဝင်ခဲ့မှု ၊ နည်းပြသစ် အဲရစ် တန်ဟတ် ရဲ့ ကစားကွက်မှာ လှုပ််လှုပ်ရှားရှား ကစားမပေးနိုင်မှုတွေကြောင့်ပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူဟာ မာရှယ် ဒဏ်ရာရခဲ့တဲ့ ပွဲစဥ်မှာ လူစားဝင်ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ် ။

ရော်နယ်ဒို ကိုယ်တိုင်ကတော့ အသင်းအတွက် ပွဲထွက်ခွင့်တွေ မရနိုင်ခဲ့လို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာ အားလုံံး အသိပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ရွိုင်းကိန်း ကတော့ ခြေနေ မကောင်းတဲ့ အသင်းဟောင်းဆီ ပြန်လာခဲ့တဲ့ ရော်နယ်ဒို ကို ချီးမွမ်းသွားခဲ့လိုက်ပါတယ် ။

” သူဟာ ဘောလုံးနဲ့ ပတ်သက်လို့ ဥာဏ်ကောင်းနေဆဲပဲလို့ ကျွန်တော် ထင်မိပါတယ် ။ သူဟာ ပွဲစဥ်တွေရဲ့ သင်တန််းသား တစ်ဦးပါပဲ ။ သူဟာ အမြဲတမ်း လေ့လာသင််ယူလိုနေခဲ့သူ တစ်ဦးပါ ။ သူဟာ အခုထက်ထိ လေ့လာ သင်ယူနေဆဲပါပဲ ”

” သူဟာ နိုင်ငံတကာ ပွဲစဥ်တွေမှာလည်း ဂိုးတွေ သွင်းယူနေဆဲပါပဲ။ သူရဲ့ နိုင်ငံ့အသင်း စွမ်းဆောင်ရည် မှတ်တမ််းတွေက အံ့ချီးဖွယ်ပါပဲ ။ သူဟာ နိုင်ငံ့အသင်းအတွက် ခြေစွမ်းပြရင်း ဆုဖလား ရယူနိုင်ခဲ့သူ တစ်ဦးပါ ။ သူဟာ အခုထိိ သင်ယူနေဆဲပါ ။ သူ့ရဲ့ ကစားပုံတွေကို ပြောင်းလဲနေခဲ့တာ ခင်ဗျားတို့လည်း မြင်နိုင်ပါတယ် ”

” သူ ငယ်ရွယ်စဥ်တုန်းက အလိမ်အခေါက် စွမ်းရည်တွေ ပြသရင်း ပြိုင်ဖက်တွေကို အရူးလုပ်နိုင်ခဲ့ပါတယ် ။ အခု သူ အသက်ကြီးလာတော့ ငါအရင်လို လုပ်လို့မရနိုင်တော့ဘူး ၊ ကစားပုံ ပြောင်းလဲရမယ်ဆိုတာ လက်ခံနားလည်နေခဲ့ပါပြီ ။ အဲ့တာက ဘောလုံးနဲ့ ပတ်သက်လို့ ဥာဏ်​ကောင်းခြင်းပါပဲ ”

” ဒါဟာ တကယ့်ကိုအရေးကြီးလွန်းတဲ့ အချက်တစ်ချက် ပါပဲ ။ ကျွန်တော်ကတော့ သူ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တဲ့ စိတ်ဓါတ် အပေါ်ကိုပဲ လက်ခုပ်တီး ချီးကျူးချင်နေသူပါ ။ ဒီအသင်းဆီ ပြန်လာခဲ့တဲ့ သူ့ကို လေးစားမိပါတယ် ” လို့ ရွိုင်ကိန်းက ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar