မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး ပစ်မှတ်ကို လီဗာပူးတို့ ခေါ်ယူနိုင်လောက်မှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ အီရန်ရိုက်

အီရန်ရိုက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ဆက်လက်ရုန်းကန်နေရတဲ့ လီဗာပူး အသင်း အနေနဲ့ လာမည့် နွေရာသီမှာ သူတို့ရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်တဲ့ ဂျူ့ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကြိုးစားရာမှာ ပြသနာ ရှိနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားခဲ့ပြီး အဆင့် ၁၀ နေရာကို ကျဆင်းသွားခဲ့ပါတယ်။

လီဗာပူးဟာ ထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၄ မှတ် အကွာမှာ ရှိနေပြီး ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ ၆ မှတ် အကွာမှာ ရှိနေကာ တစ်ခုရှိတာကတော့ လီဗာပူးဟာ လက်ကျန် တစ်ပွဲ ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီရန်ရိုက်က လီဗာပူးဟာ ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ လွဲချော်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သုံးသပ်လိုက်ပြီး ဒီရာသီ အဆင့် ၄ အတွင်း မ၀င်ခဲ့ဘူးဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရနိုင်တယ်လို့ ပြောသွားပါတယ်။

u

မာဆေးဆိုက်ကလပ်ဟာ ဒေါ့မွန်စတား ဘယ်လင်ဟမ်ကို ခေါ်ယူရန် ကာလရှည် စိတ်၀င်စားနေတာ ဖြစ်ပြီး လာမည့် နွေရာသီမှာ အင်္ဂလန် စတားဟာ ကလော့ရဲ့ အသင်း အတွက် အဓိက ပစ်မှတ် အဖြစ် ရှိနေပါတယ်။ ဒါပေမယ့်လည်း ဘယ်လင်ဟမ်ကို မန်ယူနိုက်တက် ချဲလ်ဆီး ရီးရဲယ်မက်ဒရစ် မန်စီးတီး တို့ကလည်း စိတ်၀င်စားလျက် ရှိနေတာကြောင့် အီရန်ရိုက်က လီဗာပူး အနေနဲ့ လာမည့် ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်သာ မရခဲ့ဘူးဆိုရင် အင်္ဂလန် စတားကို ချည်းကပ်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

ရိုက်က “လီဗာပူး အတွက် ပြသနာ ကတော့ ဂျူ့ဘယ်လင်ဟမ်ဟာ ဒီအချိန်မှာ ကမ္ဘာပေါ်က ဘယ်အသင်းကို မဆို ရွေးချယ်ခွင့် ရှိနေတာပါပဲ။ လီဗာပူးတို့ သူ့ကို ဘယ်လို စည်းရုံးသွားမှာလဲ? သူ့ကို စည်းရုံးနိုင်ဖို့ အတွက် သူနဲ့ တွဲဖက်မယ့် အခြား ထိပ်တန်း ကစားသမားတွေ လိုအပ်ပါတယ်။ ဒါမှသာ ‘ငါတို့ဟာ ဒီလူတွေနဲ့ ဒီ level ကို ပြန်ရောက်အောင် သွားမှာ ဖြစ်တယ်’ လို့ ပြောနိုင်မှာပါ။

မန်ချက်စတာစီးတီး နဲ့ ရီးရဲယ်မက်ဒရစ် တို့ဟာ ‘ငါတို့မှာ ဘယ်သူတွေ ရှိသလဲ ကြည့်လိုက်စမ်းပါ’ ဆိုပြီး ပြောနိုင်တာကြောင့် လီဗာပူး အနေနဲ့ ဒီအသင်းတွေကို ကျော်ကာ ဘယ်လင်ဟမ်ကို ဘယ်လို စည်းရုံးသွားမှာလဲ? ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ဒီနှစ်သင်းဟာ နောက် ၁၀ နှစ်လောက် ပြည်တွင်းပြိုင်ပွဲကို လွှမ်းမိုး နိုင်မှာပါ။ လီဗာပူးဟာ အခုချိန်မှာ တကယ့်ကို အန္တရာယ် များတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါ့ကြောင့်လည်း ကျွန်တော့် အနေနဲ့ လီဗာပူးကို Top 4 အတွက်ပဲ အဓိက အာရုံစိုက်သွားစေချင်တာပါ။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ် ၀င်ခွင့်ရခြင်းဟာ ထိပ်တန်း ကစားသမားတွေကို ဆွဲဆောင်ဖို့ လုံလောက်မှု ရှိနေဆဲ ဖြစ်လို့ပါ။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး အာဆင်နယ် တိုက်စစ်မှုးဟောင်းက “ဘယ်လင်ဟမ်ဟာ အခုချိန်မှာ ဒေါ့မွန်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာ၀န်ယူ ကစားနေတယ် ဆိုတာ ခင်ဗျားတို့ နားလည်ထားရမှာပါ။ သူ့ရဲ့ လာမည့် အပြောင်းအရွေ့ဟာ တကယ့်ကို မှန်ကန် ကောင်းမွန်ရမှာ ဖြစ်ပါတယ်။ သူ့ကို ရီးရဲယ်မက်ဒရစ် ကလည်း ချိတ်ဆက်နေပြီး ဒါဟာ သူ လက်ရှိ ရောက်နေတဲ့ level ဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်က ဘယ်ကလပ်မှာ မဆို ကစားနိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ အခု မြင်နေရတဲ့ လီဗာပူးဟာ အကူးအပြောင်း ကာလကို ဖြတ်သန်းနေတဲ့ အသင်းပါ။ ဘယ်လင်ဟမ်ကို ချည်းကပ်ဖို့ အတွက် ဆိုရင်တော့ သူတို့ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့တော့ လိုအပ်ပါတယ်။ သူတို့ရဲ့ အဓိက ပစ်မှတ်ဟာ top 4 ၀င်နိုင်ဖို့ပဲ ဖြစ်ပါတယ်။”

SM