ပရီးမီးယားလိဂ် ရဲ့ လက်ရှိ အကောင်းဆုံး ကစားသမား ၃ ဦး ကို ရွေးချယ် ပေးလိုက်ကြတဲ့ ကာရေဂါ နဲ့ ရွိုင်ကိန်း

ကာရေဂါ နဲ့ ရွိုင်ကိန်း တို့ နှစ်ဦးဟာ နော်တင်ဟမ်ဖောရက်စ် နဲ့ အက်စတန်ဗီလာ တို့ ပွဲအပြီးမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ၃ ဦး ကို ရွေးချယ် ပေးခဲ့ကြပြီး ကစားသမား ၂ ဦးမှာ အမြင်တူပေမယ့် နောက်ဆုံး ကစားသမား ၁ ဦးမှာ အမြင် ကွဲလွဲ ခဲ့ကြပါတယ် ။

ကာရေဂါ နဲ့ ရွိုင်ကိန်းတို့ဟာ မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး အာလင် ဟာလန်း နဲ့ ကွင်းလယ် ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းနားတို့ကို အကောင်းဆုံး ကစားသမားတွေ အဖြစ် လက်ခံ ခဲ့ကြပါတယ် ။တတိယမြောက် အကောင်းဆုံး ကစားသမား ကို ရွေးချယ်ရာမှာတော့ သူတို့ အသင်းဟောင်းက ကစားသမားတွေကိုပဲ ရွေးချယ် သွားခဲ့ပါတယ် ။

ကာရေဂါ က ” ကယ်ဗင် ဒီဘရိုင်းနား က ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမား အဖြစ်ရှိနေတာ လေး ငါး နှစ် ရှိနေပါပြီ ။ဟာလန်း ကလည်း သေချာပေါက် တစ်ကမ္ဘာလုံးမှာ နာမည်ကြီးနေတဲ့ စူပါ စတား တစ်ဦးပါပဲ ၊ နောက်ပြီး ဒီရာသီ ပုံစံကောင်း မရနေပေမယ့် ဗန်ဒိုက် က အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ပြောချင်ပါတယ် ။ ”

” ဗန်ဒိုက် က ပြီးခဲ့တဲ့ လေး ငါးနှစ်အတွင်းမှာ အံ့ဖွယ် ကစားသမား တစ်ဦး ဖြစ်ခဲ့တာပါ ၊ ဗန်ဒိုက် ရောက်ရှိလာမှုကြောင့် လီဗာပူး က ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ အကောင်းဆုံး အနေအထား ရောက်ရှိခဲ့ပြီး အောင်မြင်မှုတွေ ရယူ နိုင်ခဲ့တာပါ ။ ”

” ဗန်ဒိုက် က ဒီရာသီမှာ ပုံစံကောင်း မရနေတာ လက်ခံပါတယ် ၊ ဒါပေမယ့် သူ ပြီးခဲ့တဲ့ လေး ငါးနှစ်လောက် အတော်လေး ကောင်းခဲ့တာကို ဒီရာသီ ရှစ်ပွဲထဲ ကြည့်ပီး ဝေဖန် အကဲဖြတ်တာမျိုး မလုပ်ချင်ဘူးဗျာ ။ ”

ရွိုင်ကိန်း ကတော့ ” ကျွန်တော် ကတော့ ရှင်းပါတယ် ၊ဒီဘရိုင်းနား ဟာလန်း ရိုနယ်ဒို သုံးဦးကို ရွေးပါတယ် ၊ ကျွန်တော်ကလည်း ကွင်းလယ်မှာ ကစားခဲ့ဖူးသူ ဖြစ်တာကြောင့် ဒီဘရိုင်းနား ကို ရွေးတာပါ ၊ သူ့ရဲ့ အပတ်စဉ် ခြေစွမ်း က တကယ် ထူးခြား ကောင်းမွန် ပါတယ် ။ ”

” ကျွန်တော်တို့ အားလုံး ဟာလန်း လုပ်ပြထားတဲ့ အရာတွေ အားလုံးကို မြင်တွေ့ ထားနေရပါတယ် ၊ ဒါပေမယ့် သူက အခုမှ ပရီးမီးယားလိဂ် ကို အသစ်ရောက်လာသူပါ ၊ လာမယ့် နှစ်တွေ အတွင်း သူ ဘာတွေ ထပ်လုပ်ပြနိုင်မလဲ အံ့ဖွယ် စောင့်ကြည့်ရပါဦးမယ် ။ အထူးသဖြင့် မန်စီးတီး လို အသင်းကောင်း တစ်သင်းမှာ ၊ ဂွာဒီယိုလာ လို နည်းပြကောင်း လက်အောက်မှာ ကစားရနေတာကြောင့်ပါ ။ ”

 

” တနင်္ဂနွေနေ့ညမှာ သွင်းဂိုး ၇၀၀ ပြည့်မြောက်သွားတဲ့ ရိုနယ်ဒို ကိုလည်း အသိအမှတ်ပြု ချီးကျူး ရမှာပါပဲ ။ တကယ့်ကို အံ့ဖွယ် ရာပါပဲဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM