ဒီဂီယာကို စာချုပ်သက်တမ်း တိုးသင့်လားဆိုတဲ့ အပေါ် မှတ်ချက်ပေးရင်း သတိပေးမှုတစ်ခု ပြုလုပ်လိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူဟောင်း တစ်ဦး ဖြစ်သူ ရီယို ဖာဒီနန် က လက်ရှိ အသင်းမှ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ အနေနဲ့ စာချုပ် သက်တမ််း တိုးမြှင့်ခွင့် ရရှိိသင့်ပြီ ဖြစ်ကြောင်း ထုတ်ပြောသွားခဲ့လိုက် ပါတယ် ။

ဒေးဗစ် ဒီဂီယာ ဆိုတာ 2011 ခုနှစ်တုန်းက ယူနိုက်တက် အသင်းကို ဆာ အဲလက်စ် ဖာဂူဆန် ကိုင်တွယ်နေစဥ် ဒီအသင််းဆီ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ 498 ပွဲထိ ကစားပေးခဲ့ပြီပဲ ဖြစ်ပါတယ် ။

အဆိုပါ နှစ်တွေ အတွင်းမှာတော့ သူဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဦးစားပေး ဂိုးသမား ဖြစ်နိုင်ခဲ့ ပါတယ် ။ ဒီနှစ်မှာလည်း သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဦးစားပေး ဂိုးသမား အဖြစ်နဲ့ ပွဲစဥ်တိုင်း ပွဲထွက် ကစားခွင့် ရရှိထားနိုင်ခဲ့ ပါတယ် ။

ဒါပေမဲ့ သူဟာ နည်းပြသစ် အဲရစ် တန်ဟတ်ရဲ့ ဘောလုံးကိုင် ကစားတဲ့ ကစားကွက်ထဲမှာ အံဝင်နိုင်ဖို့တော့ ရုန်းကန််နေခဲ့ရပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ အသင်းဟောင်း အနေနဲ့ စပိန်သားကို စာချုပ် သက်တမ်း တိုးသင့်တယ်လို့ ဖာဒီနန် က ထောက်ခံသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်သာဆိုရင် သူ့ကို စာချုပ် သက်တမ်း တိုးမြှင့်လိုက်မှာပါ ။ သူ့ရဲ့ ကာရိုက်တာ က အရမ်းကို စကားပြောပါတယ် ။ သူဟာ ဒင်းန် ဟန်ဒါဆန်ကြောင့် ပွဲထွက်ခွင့်မရတဲ့ အခိုက်အတန့်မျိုးလည်း ပိုင်ဆိုင်ခဲ့ဖူးပါသေးတယ် ။ သူ့ရဲ့ အရည်အသွေး အကြောင်းလည်း ဝေဖန်ခံခဲ့ရဖူးပါတယ် ”

” သူ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို စရောက်တုန်းကပေါ့ ၊ အဲ့ဒီတုန်းက သူဟာ အသက် အရမ်းငယ်ပါသေးတယ် ။ ဒါ့ကြောင့် သူဟာ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်နိုင်ပါ့မလားဆိုပြီးတော့ မေးခွန်းထုတ်ခံခဲ့ရပါသေးတယ် ။ ဒါတွေ အမြဲ ကြားနေခဲ့ရတာပေါ့ ”

” ဒါပေမဲ့ ကျွန်တော်တို့ ပြောနိုင်တဲ့ အရာ တစ်ခုက ၊ ခင််ဗျားတို့ အားလုံးပြောနိုင်တာက သူဟာ တကယ့် ဂိုးသမားကောင်း တစ်ဦး ဖြစ်တယ်ဆိုတာပါပဲ ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက မန်ဒီ ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ဦးပဲလို့ လူတွေ ပြောနေခဲ့ကြပါသေးတယ် ”

” ဒါပေမဲ့ အခု နည်းပြက ခြားနားတဲ့ ကစားဟန်နဲ့ ကစားစေချင်နေခဲ့ပါတယ် ။ အခု ဒီဂီယာရဲ့ အနေအထားကလဲ အဲရစ်တန်ဟတ် ဘယ်လိုကစားစေချင်သလဲ ဆိုတဲ့အပေါ် မူတည်ပါတယ် ။ အကယ်လို့ သူဟာ အေဂျက်ဇ် တုန်းကလို ခံစစ်ကနေ တည်ကစားစေချင်ရင် ပိုကောင်းတဲ့သူ တစ်ဦးကို လိုအပ်မှာပါပဲ ”

” သူ့ရဲ့ ပွဲစဥ်တွေမှာ အဲ့တာဟာ အကြီးမားဆုံး စွမ်းအား တစ်ခုပဲလေ ။ ဒါပေမဲ့ အဲ့တာက ဒီဂီယာရဲ့ အကောင်းဆုံး အရည်အသွေးတော့ မဟုတ်ရပါဘူး ။ သူဟာ ခြေထောက််သုံးတာ ကောင်းလှပါတယ်၊ ပုတ်ထုတ်ကာကွယ်မှုတွေကိုလည်း လုပ်ပြနိုင်ပါတယ် ”

” ဒါ့ကြောင့်လည်း သူဟာ အသင်းမှာ ဆက်ရှိခွင့် ရရှိနေခဲ့တာပါ ။ ဒါပေမဲ့ အခုခေတ် မန်နေဂျာ အများစုက အဲ့ဒီလို အရည်အသွေးရှိတဲ့ ဂိုးသမားတွေထက် ဘောလုံးကိုင် ကစားနိုင်တဲ့ ဂိုးသမားတွေကို ပိုပြီး နှစ်သက်နေတတ်ကြပါပြီ ” လို့ ဖာဒီနန် က ​ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar