တန်ဟတ်ကို သဘောကျပေမဲ့ သံသယ ဖြစ်မိတဲ့ အချက် တစ်ချက်ကို ထုတ်ပြောလိုက်တဲ့ ဂရေမီ ဆောင်းနက်စ်

လက်ရှိ Sky Sports မှာ ဘောလုံး အားကစား သတင်း သုံးသပ်သူ တစ်ဦး အဖြစ် တာဝန် ထမ်းဆောင်နေခဲ့တဲ့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်သူ ဂရေမီ ဆောင်းနက်စ် က ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ရဲ့ စည်းကမ်း တင်းကျပ်မှုကို နှစ်သက်ကြောင်း ထုတ်ပြော သွားခဲ့လိုက်ပါတယ် ။

အဲရစ် တန်ဟတ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင််းကို ရောက်လာခဲ့တဲ့နောက် အပြောင်းအလဲ များစွာလုပ်ဆောင််ခဲ့ပြီး စည်းကမ်းပိုင်း ဆိုင်ရာကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပါတယ် ။ ဒါဟာ ယခင် နည်းပြတွေ ရှိခဲ့စဥ်က မြင်တွေ့ခွင့် မရခဲ့တဲ့ ၊ ယူနိုက်တက် အသင််းမှာ လိုအပ်နေတဲ့ အရာပဲ ဖြစ်ခဲ့ရပါတယ် ။

အဲရစ် တန်ဟတ်ကတော့ မန်ချက်စတာ ယူနိုက်တက် အသင််းကို ကိုင်တွယ်နေခဲ့စဥ် ကာလအတွင်းမှာ သူ့ရဲ့ကစားကွက််မှာ အံမဝင်ခဲ့ကြတဲ့ နာမည်ကြီး ကစားသမားတွေ ဖြစ််ကြတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ၊ ဟယ်ရီ မက်ဂွားယား တို့လို ကစားသမားတွေကိုပါ ပွဲထွက်ခွင့် မပေးပဲ အရန်လူ အဖြစ် ထားခဲ့ပါတယ် ။

ဒါပေမဲ့ သူ့ရဲ့ ယူနိုက်တက် နည်းပြဘဝ အစပိုင်းက သိပ်ပြီး မလှပခဲ့ပါဘူး ။ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ရာသီိသစ် စတင်ပြီး ကစားခဲ့ရတဲ့ ပွဲစဥ် နှစ်ပွဲ ( ဘရိုက်တန် ၊ ဘရန့်ဖို့ဒ် ) မှာ အရှုံး ရလဒ်တွေသာ ထွက်ပေါ်ခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ ဗာရန်း ဒဏ်ရာမှ သက်သာခဲ့ပြီး ယူနိုက်တက် တို့ လေးပွဲဆက် နိုင်ခဲ့ကြပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ ယူရို ပါလိဂ် ပြိုင်ပွဲမှာ တစ်ပွဲနိုင် ၊ တစ်ပွဲ ရှုံးခဲ့ပြီးနောက် မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင််းကို 6 – 3 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့် သွားခဲ့ကြပါတယ် ။

အခုတော့ လီဗာပူး ဂန္တဝင် ဆောင်းနက်စ် က တန်ဟတ် ကို နှစ်ခြိုက်ပေမဲ့ ဒီကစားသမား စာရင်း အပေါ်ကိုတော့ သံသယ ဖြစ်မိကြောင်း ပြောခဲ့လိုက်ပါတယ် ။

” တန်ဟတ် ဟာ သူ့ကိုယ်သူ အခွင့်အရေး ပြန်လည်ပေးနေသူပါ ။ ဒါက ငါ့ရဲ့ စည်းမျဥ်းစည်းကမ်း ၊ ဒါဟာ ငါ့ရဲ့ လမ်းကြောင်းပဲဆိုပြီး အသင်းအပေါ် တင်းကျပ်ထားပုံပါပဲ ။ သူ ဒီနှစ် ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ရေး လမ်းကြောင်းမှာ ခြားနားချက််တွေ လုပ်ပေးနိုင်မယ်လို့ ကျွန်တော် ထင်မိလားဆိုရင်တော့ ကျွန်တော် အဲ့လို မထင်ဘူးပဲ ပြောမှာပါ ”

” အသင်းဆီ ရောက်လာတဲ့ ကစားသမားတွေဟာ အရင်လူထက် အသင်းအပေါ် ပိုပြီး အကျိုးပြုပေးနိုင်ရမယ်လို့ ကျွန်တော်တို့ ပြောဆိုလေ့ ရှိတတ်ခဲ့ဖူးပါတယ် ။ အခု ယူနိုက်တက် ရဲ့ ခေါ်ယူမှုတွေက မန်ချက်စတာ ယူနိုက်တက် အသင်းကို အရင်ထက် ပိုပြီး ထူးထူးကဲကဲ ကောင်းစေနိုင်မယ် ၊ ပရီးမီးယားလိဂ် ဖလားကြီး ရရှိစေနိုင်မယ်လို့တော့ ကျွန်တော် မထင်မိပါဘူး ” လို့ ဆောင်းနက်စ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar