ချန်ပီယံဆုနဲ့ နီးစပ်ဖို အာဆင်နယ် အသင်း ခေါ်ယူသင့်တဲ့ တောင်ပံ ကစားသမား တစ်ဦး နာမည်ကို ပြောကြားလိုက်တဲ့ ပီတစ်

ပီတစ် က အာဆင်နယ် အသင်း အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် ရဲ့ စူပါ တောင်ပံ ကစားသမား တစ်ဦးကို ခေါ်ယူ နိုင်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို ပိုမို နီးစပ် သွားလိမ့်မယ်လို ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းမှာ လက်ရှိ တောင်ပံ ကစားသမားတွေ အဖြစ် မာတင်နယ်လီ နဲ့ ဆာကာ တို ရှိနေကြပြီး သူတို ရဲ့ အရန် အ ဖြစ် နယ်လ်ဆင် နဲ့ မာကွင်ညောစ့် တို ရှိနေကြပါတယ် ။ ဒါပေမယ့် ပီတစ် ကတော့ စိန့်မက်ဆီမင် ကို ခေါ်ယူဖို ထပ်မံ တိုက်တွန်း သွားခဲ့ပါတယ် ။

အသက် ၂၁ နှစ် အရွယ် မာတင်နယ်လီ ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၉ ပွဲ ကစား ၄ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် ထားသူပါ ။ ဆာကာကလည်း ၉ ပွဲ ကစား ၃ ဂိုးသွင်း ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ် ထားပါတယ် ။

ပီတစ် က Genting Casino မှာ ” အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်မယ်လိုတော့ လုံးဝ မထင်ပါဘူး ၊ ဒါပေမယ့် သူတို သေချာပေါက် ချန်ပီယံလိဂ် ဝင်ခွင့် ရပါလိမ့်မယ် ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရရင်လည်း ကြီးမားတဲ့ အောင်မြင်မှုလို သတ်မှတ်နိုင်ပါတယ် ၊ နည်းပြ အာတေတာ ရောက်စက အသင်း ရှိနေတဲ့ နေရာနဲ့ ယှဉ်ရင် အများကြီး တိုးတက်လာတာပေါ့ဗျာ ။ ”

” သူတို အသင်း လူစာရင်းကို ဖြည့်တင်းချင်တယ်ဆိုရင်တော့ တောင်ပံ ကစားသမား တစ်ဦး ခေါ်ဖို လိုအပ်ပါတယ် ။ ဆာကာ ၊ မာတင်နယ်လီ ၊ ဂျေးဇု တိုက ခြေစွမ်းပြ ကစားနေကြတာ ဟုတ်ပါတယ် ၊ ဒါပေမယ့် သူတို ဒဏ်ရာ ရသွားရင် အစားဝင် နိုင်မယ့် ကစားသမား မရှိပါဘူး ။ ”

” စမစ်ရို ကလည်း ဒဏ်ရာရနေပါတယ် ၊ အန်ကတ်တီးယား ကတော့ စာချုပ်သစ် ချုပ်ထားတဲ့ ကစားသမားပေါ့ဗျာ ၊ ဒါပေမယ့် ဂျေးဇု မကစားနိုင်ချိန် သူတိုက်စစ် ကို ဦးဆောင် ကစားနိုင်မယ်လို ထင်သလား ဆိုရင် no လိုပဲ ဖြေချင်ပါတယ် ။ ”

” အသင်းကြီး တိုင်းမှာ ထိပ်တန်း တောင်ပံ ကစားသမားတွေ ရှိပါတယ် ၊ အင်္ဂလန် မှာလည်း အာဆင်နယ် အတွက် ကျွန်တော် မျက်စိ ကျနေတဲ့ တောင်ပံ ကစားသမား ရှိပါတယ် ။ စိန့်မက်ဆီမင် က အာဆင်နယ် အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခု ဖြစ်နိုင်ပါတယ် ၊ သူ့လို ကစားသမားကို အာဆင်နယ် က ရှိရင်းစွဲသူတွေသာ ဝန်းရံလိုက်ရင် ဘယ်လောက်အထိ ကြမ်းပြမလဲ တွေးကြည့်စမ်းပါဗျာ ။ ”

” ပဲလေစ့် က ဇာဟာ ဆိုလည်း မိုက်ပါတယ် ၊ ဒါပေမယ့် အာဆင်နယ် က ဗဟို ကွင်းလယ်လူ ရော ဗဟို နောက်ခံလူရော ခေါ်ဖို လိုအပ်နေပါတယ် ၊ ဟိုးလ်ဒင်းကို ကျွန်တော် စိတ်မချပါဘူး ။ ” လို ပြောကြား သွားခဲ့ပါတယ် ။

SM