အာဆင်နယ် vs လီဗာပူး?? ပက်ထရစ်အီဗရာရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ

ပက်ထရစ်အီဗရာဟာ ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် သူ့ရဲ့ ခန့်မှန်းမှုကို ချပြသွားခဲ့ပါတယ် ပြီးခဲ့တဲ့ အပတ်က တော့တင်ဟမ်ကို အနိုင်ယူကာ ထိပ်ဆုံးနေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ နောက်ထပ် ခက်ခဲတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လီဗာပူးကို မနက်ဖြန်မှာ ဧည့်ခံကစားသွားရမှာပါ။ စီးတီးကတော့ ယနေ့ည ဆောက်သမ်တန်ကို အနိုင်ရခဲ့မယ်ဆိုရင် ထိပ်ဆုံးနေရာကို ရောက်လာနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

ဒီယေဂိုကော်စတာ ကတော့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပြီး ယူနိုက်တက် ကတော့ လိဂ်ပြိုင်ပွဲရဲ့ ခံစစ်အကောင်းဆုံး အသင်း ဖြစ်နေတဲ့ အဲဗာတန်နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကာ မန်စီးတီးကို ရှုံးနိမ့်ခဲ့မှုကို ပြန်လည် တုန့်ပြန်ရန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အီဗရာက ဒီတစ်ပတ် ပွဲစဉ်တွေကို ယခုလိုပဲ ခန့်မှန်းပေးလိုက်ပါတယ်။

၁~မန်စီးတီး vs ဆောက်သမ်တန်
ကျွန်တော်ကတော့ နောက်ခံလူတိုင်းဟာ ဒီအချိန်မှာ စီးတီးရဲ့ ကစားပုံကို ကြည့်ပြီး ဟာလန်းကို ဘယ်လို ရပ်တန့်သွားရမလဲဆိုတာ ပြောနေကြမှာပါ။ ဒီဘရိုင်းနားကို ရပ်တန့်ကာ ဟာလန်းဆီကို ဘောလုံးမရောက်အောင် ထိန်းနိုင်ခဲ့မယ် ဆိုရင်တောင် သူဟာ ဂိုးသွင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်အုံးမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ စီးတီးရဲ့ သက်တောင့်သက်သာ နိုင်ပွဲလို့ပဲ မြင်ပါတယ်။

ခန့်မှန်းချက် : ၄-၀

၂~ချဲလ်ဆီး vs ဝုဖ်
ပဲလေ့စ်ကို နောက်ဆုံးမိနစ်မှာ အနိုင်ရခဲ့တာဟာ ချဲလ်ဆီးအတွက် အတော့်ကို အရေးကြီးတဲ့ နိုင်ပွဲလို့ ကျွန်တော် ထင်ပါတယ်။ အူဘာမီယန်း ကလည်း အသင်းအတွက် ပထမဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတို့ အနိုင်ရမယ်လို့ ကျွန်တော် မြင်နေပါတယ်။ ပိုင်ရှင်တွေ အနေနဲ့ ပေါ်တာကို အချိန်တစ်ခု ပေးသွားရမှာပါ။ သူ့ရဲ့ အာရုံဟာ နိုင်ပွဲရဖို့ တစ်ခုတည်းတင် မကပါဘူး။ သူ့ရဲ့ ဖီလော်ဆော်ဖီ ကိုလည်း အသက်သွင်းချင်နေမှာပါ။ ဒါ့ကြောင့် ဒီနေရာမှာ တဆင့်ချင်းဆီသွားဖို့ လိုအပ်ပါတယ်။ ဒါနဲ့ အတူ နိုင်ပွဲတွေလည်း ပါလာမှာပါ။

ခန့်မှန်းချက် : ချဲလ်ဆီး ၂-၀ ဝုဖ်

 

၃~ဘရိုက်တန် vs စပါး
ဒါဘီမှာ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှာ သရေကျခဲ့ပြီးနောက် ဒါဟာ တော့တင်ဟမ်အတွက် ခက်ခဲတဲ့ပွဲစဉ် ဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ဒီအချိန်မှာ ဘယ်သူမှ မရင်ဆိုင်ချင်တဲ့ အသင်း ဖြစ်ပါတယ်။ မန်နေဂျာ ထွက်ခွာသွားလည်း ပြသနာ မရှိပါဘူး။ ဖီလော်ဆော်ဖီက ဆက်ရှိနေဆဲ ဖြစ်ကာ ပေါ်တာကို ချီးကျူးရမှာပါ။ သူဟာ အသင်းအတွက် အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်။ ကွန်တီ အနေနဲ့ ဒီပွဲမှာ စပါးကို ရှုံးနိမ့်ဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အကယ်လို့များ သူတို့ ရှုံးနိမ့်ခဲ့မယ်ဆိုရင် လူတွေဟာ သူတို့အပေါ် မေးခွန်းတွေ ထုတ်လာမယ် ဆိုတာ သူသိပါတယ်။ ကျွန်တော်ကတော့ သရေပွဲလို့ပဲ မြင်မိပါတယ်။

ခန့်မှန်းချက် : ဘရိုက်တန် ၂-၂ စပါး

၄~အာဆင်နယ် vs လီဗာပူး
စပါးနဲ့ပွဲမှာ အာဆင်နယ်ရဲ့ ကစားပုံ အပေါ် ကျွန်တော် အံ့အားသင့်မိခဲ့ပါတယ်။ သူတို့ဟာ on fire ဖြစ်နေပြီး ဒါဘီမှာ ထိုက်တန်စွာ နိုင်ခဲ့တာပါ။ ဒါဟာ နှစ်သင်းစလုံးအတွက် အရေးကြီးပွဲစဉ် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အာဆင်နယ်တို့ နိုင်သွားမယ်လို့ မြင်မိပါတယ်။ အကယ်လို့များ သူတို့ အနိုင်ရခဲ့မယ်ဆိုရင် သူတို့ဟာ အမှတ်ပေးဖလား အတွက် အမှန်တကယ် တိုက်ပွဲ၀င်နိုင်တယ် ဆိုတာ ယုံကြည်သွားမှာပါ။

ခန့်မှန်းချက် : အာဆင်နယ် ၃-၂ လီဗာပူး

၅~အဲဗာတန် vs မန်ယူနိုက်တက်
ဒါဟာ ပွဲကြီးပွဲကောင်းပါ။ ယူနိုက်တက် အနေနဲ့ ဒါဘီရှုံးပွဲကနေ ပြန်လည် ရုန်းထွက်နိုင်မလား? အဲဗာတန်နဲ့ ကစားရတာ အမြဲတမ်းကို ခက်ခဲပါတယ်။ ဂွတ်ဒီဆင်ပက်ဟာ ဒီအချိန်မှာ ယူနိုက်တက်တို့ သွားကစားချင်တဲ့ နေရာတော့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အိမ်ရှင်တို့ နိုင်သွားမယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ဟာ စီးတီးနဲ့ပွဲမှာ ကျွန်တော်တို့ တအား စိတ်ပျက်စေပါတယ်။

သူတို့ဟာ ဆိုးရွားတဲ့ memory တွေကနေ ပြန်လည် ရုန်းထွက်နိုင်ခဲ့ပါတယ်။ အမြန်ဆုံး ပြန်လည် recover လုပ်နိုင်မလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါဘီပွဲစဉ် အပြီးမှာ ကစားသမားတွေနဲ့ မန်နေဂျာကြား ယုံကြည်မှုက အနည်းငယ် လျော့နည်းသွားမှာပါ။ ပွဲအပြီးမှာ မန်နေဂျာရဲ့ အပြစ်တင်မှုကို ခံခဲ့ရတဲ့ အတွက် ကစားသမားတွေဘက်က သိပ်ပြီးတော့ ကျေနပ်မှာ မဟုတ်ပါဘူး။

ခန့်မှန်းချက် : ၁-၀

အခြားပွဲစဉ်တွေ အတွက် ခန့်မှန်းချက်
နယူးကာဆယ် ၂-၀ ဘရန့်ဖို့ဒ်
ဘုန်းမောက် ၁-၂ လက်စတာ
ပဲလေ့စ် ၃-၁ လိဒ်
၀က်ဟမ်း ၂-၁ ဖူဟမ်
နော့တင်ဟမ် ၀-၂ ဗီလာ

SM