ရောမမှာကျတဲ့ မျက်ရည် ၊ ကံခေတဲ့ ဆိတ်ကြီး ၊ ဟာလန်း ရဲ့ ဝင်ငွေ ၊ မက်ဆီ ရဲ့ ထုတ်ပြန်မှုတို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေ မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ အဝေးကွင်းမှာ ဆိုက်ပရပ်စ် ကလပ် အိုမိုနီယား ကို နောက်က လိုက် ကစားပြီး ၃-၂ နဲ့ အနိုင် ရယူနိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ရက်ဖိုဒ့် ၊ မာစီရယ် တို့ရဲ့ ဂိုးတွေနဲ့ အိမ်ရှင် ကို အနိုင် ကစားခဲ့တာ ဖြစ်ပြီး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ မနေ့ညက တပွဲလုံးမှာ ကံခေခဲ့ ပါတယ် ။

အာဆင်နယ် ကတော့ ဘိုဒို ဂလင့် ကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင် ကစားသွားခဲ့တာပါ ။

ဝက်စ်ဟမ်းလည်း အဝေးကွင်းမှာ အန်ဒါလက်ချ် ကို တိုက်စစ်မှူး စကာမာကာ ရဲ့ တလုံးတည်းသော ဂိုးနဲ့ နိုင်ခဲ့ ပါတယ် ။

ရိုးမား ကတော့ အိမ်ကွင်းမှာ ရီးရဲ ဘက်တစ် ကို ၂-၁ နဲ့ ရှုံးပြီး ၄ နှစ် အတွင်း ပထမဆုံး အိမ်ကွင်း ရှုံးပွဲ နဲ့ ရင်ဆိုင် သွားခဲ့ရ ပါတယ် ။ ဒီရှုံးပွဲဟာ ရိုးမား ကို ၃ မှတ်ထက် ပိုတဲ့ ဆုံးရှုံးမှုတွေ ရှိစေခဲ့ပါတယ် ။

မန်စီးတီး နဲ့ အင်္ဂလန် ညာနောက်ခံလူ ကိုင်လ်ဝေါ်ကာ ဟာ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမယ်လို့ သတင်း ထွက်လာခဲ့ပြီး ကမ္ဘာ့ဖလား ကို လွဲချော်မယ့် အနေအထား ရှိနေတယ်လို့ ယမန်နေ့ က ကြားသိရ ပါတယ် ။

နည်းပြ လာဂေး ကို ထုတ်ပယ် ထားတဲ့ ဝုဗ် အသင်းဟာ ဆီဗီးလား နဲ့ လမ်းခွဲ လိုက်တဲ့ နည်းပြ လိုပီတီဂွီ ကို ချိတ်ဆက် နေပြီး မကြာခင်မှာ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ှရှိနေတယ်လို့ သိရပါတယ် ။

နော်တင်ဟမ် ဖောရက်စ် အသင်းဟာလည်း နည်းပြ စတိဗ် ကူပါ ကို အခွင့်အရေး ဆက်ပေးထား ပေမယ့် ထုတ်ပယ်ဖြစ်ပါက အစားထိုးဖို့ နည်းပြကြိုတင် ရှာဖွေ နေပြီး ရာဖေး ဘင်နီတက် ဟာ ဖောရက်စ် နည်းပြ ဖြစ်လာနိုင်တယ်လို့ သတင်းထွက်ပေါ် နေပါတယ် ။

နည်းပြသစ် ဂရေဟမ် ပေါ်တာ ရဲ့ ချဲလ်ဆီး အသင်းမှာ ချန်လှပ် ခံရအပြီးမှာတော့ အမေရိကန် ပရိသတ်တွေဟာ ခရစ်ရှန် ပူလီဆစ် ကို လန်ဒန် ကနေ ထွက်ခွာဖို့ တောင်းဆို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ် ။

မန်စီးတီး ကို ယူရို သန်း ၅၀ ကျော် နဲ့ ပြောင်းရွှေ့ လာပြီး တပတ်ကို ပေါင် ၃ သိန်းခွဲကျော် လုပ်ခ ရရှိ နေတဲ့ တိုက်စစ်မှူးလေး အာလင်း ဟာလန်း ဟာ အပိုဆုကြေးတွေ ထည့်ပေါင်း ပါက တပတ်ကို ပေါင် ၉ သိန်း အထိ ဝင်ငွေ ရှိတယ်ဆိုတဲ့ သတင်း တခု မနေ့ညက ပေါ်ထွက်လာခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် အသင်းတွေဟာ ဒီတပတ် မှာတော့ Black Lives Matter လှုပ်ရှားမှု ကို အားပေး ထောက်ခံတဲ့ လုပ်ရပ် ဖြစ်တဲ့ ပွဲမစတင်ခင် ဒူးထောက်မှု ကို ပြန်လည် ပြုလုပ် သွားမယ်လို့ သိရှိရ ပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်းကတော့ ကမ္ဘာ့ဖလားမှာ ဒီလို ဒူးထောက်လှုပ်ရှားမှု ကို ပြုလုပ် သွားမလား ဆိုတာ မဆုံးဖြတ်ရ သေးပါဘူး ။

PSG မှာ ကစားနေတဲ့ ရွှေဘောလုံး ၇ ဆုရှင် လီယွန်နယ် မက်ဆီ က လာမယ့် ကာတာ ကမ္ဘာ့ဖလား ဟာ သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်တယ်လို့ မနေ့က ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ လက်ရှိမှာ ၃၆ နှစ် ရှိနေပြီး ဖြစ်တာကြောင့် မြောက်အမေရိကမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မှာ ၃၉ နှစ် ရှိနေတော့မှာပါ ။ အဲ့ဒိ အချိန်မှာ ၄၁ နှစ် ရှိနေမယ့် ရိုနယ်ဒို ကလည်း အခု ကမ္ဘာ့ဖလား ဟာ သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာဖို့ သေချာသလောက် ရှိနေပါပြီ ။

 

SPORTS MYANMAR