မန်ယူနိုက်တက် ကြယ်ပွင့်ဟာ အာဆင်နယ် မှာသာဆို ခြေစွမ်း​ပြ ကစားနိုင်လိမ့်မယ်လို့ သုံးသပ် ခံနေရ

မန်ချက်စတာ ယူနိုက်တက် မှာ ရုန်းကန်နေရတဲ့တောင်ပံ တိုက်စစ် ကစားသမား ဂျေဒန် ဆန်ချို အနေနဲ့ အာဆင်နယ် မှာသာဆို ခြေစွမ်းပြ ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျေဆန်ကန်ဒီ က သုံးသပ် ပြောကြား လိုက်ပါတယ် ။

ဒေါ့မွန် အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်း နဲ့ ရောက်ရှိ လာခဲ့တဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဆန်ချို ဟာ ပရိသတ်တွေ မျှော်လင့် ထားတဲ့ စွမ်းဆောင်ရည်မျိုး ပြသဖို့ ခုထက်ထိ ရုန်းကန် နေရသူ ဖြစ်ပါတယ် ။

ဒါပေမယ့် ဘောလုံး ကျွမ်းကျင်သူ တစ်ဦး ဖြစ်တဲ့ဂျေဆန် ကန်ဒီ ကတော့ အာဆင်နယ် မှာဆို ဆန်ချို ရုန်းကန်ရမယ်လို့ မမြင်မိကြောင်း talkSPORT မှာ ပြောကြား သွားခဲ့ပါတယ် ။ ” ဆန်ချို က မန်ယူနိုက်တက် မှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် လုံးဝ မပြ နိုင်သေးပါဘူး ၊ သူတို့ မျှော်မှန်းထားကြသလို ဆန်ချို ဖြစ်မလာသေးတာ အမှန်ပါပဲ ။ ”

” ဒါပေမယ့် သူက အခုမှ အသက် ငယ်ငယ်လေးပဲ ရှိသေးတာပါ ၊ သူ့ရဲ့ ကစားသမားဘဝ ပြီးဆုံး သွားပြီလို့ ကျွန်တော်တို့ ပြောနေတာ မဟုတ်ပါဘူး ၊ သူက ခုထိ အထိုင်ကျဖို့ ရုန်းကန် နေရပါတယ် ၊ ထိပ်တန်း အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ကြေး ကြီးကြီးမားမား နဲ့ ရောက်လာတဲ့ သူ့အပေါ် မန်ယူနိုက်တက် စိတ်ရှည် သည်းခံရပါမယ် ။ ”

” မန်ယူနိုက်တက် မှာ က ဖြစ်ပျက်နေတာတွေ အများကြီးပါပဲ ၊အကယ်၍ သူ့ကို လက်ရှိ အာဆင်နယ် အသင်းမှာ ထည့်လိုက်မယ်ဆိုရင် သူ့ရဲ့ ခြားနားတဲ့ ပုံစံ ကို မြင်တွေ့ ရမှာပါ ၊ အာဆင်နယ် က လွန်ခဲ့တဲ့ ၁၂ လ ကနဲ့ လုံးဝ မတူ ကွဲပြားတဲ့ အသင်း တစ်သင်း ဖြစ်နေပါပြီ ။”

” ဆန်ချို က ယူနိုက်တက်မှာ နည်းပြ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ ခဲ့ရပါတယ် ၊ယူနိုက်တက် က ပျော်စရာ အသင်း တစ်သင်းလည်း မဟုတ်နေသလို ကစားပုံလည်း မကောင်း ဖြစ်နေပါတယ် ၊ ပုဂ္ဂိုလ်ရေး အရ ဖြေရှင်းရမယ့် အရာတွေလည်း အများကြီးပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆန်ချို ဟာ မနေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့ပေမယ့် ပထမပိုင်း အပြီးမှာပဲ ရက်ရှ်ဖိုဒ့် နဲ့ လူစားလဲ ခံလိုက်ရပါတယ် ။ နည်းပြ တန်ဟက် ကတော့ ဘယ်ခြမ်း တစ်လျှောက် စွမ်းဆောင်ရည် ကို အားရ ကျေနပ်ခြင်း မရှိတာကြောင့် ဆန်ချို နဲ့ မာလာစီယာ နှစ်ဦးစလုံးကို လူစားလဲလိုက်ရတာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ် ။

SM