ကွင်းလယ်လူ တစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ထုတ်ဖော်လိုက်ပြီး ဒဏ်ရာရ ကစားသမားတွေထဲက ပြန်ကစားနိုင်ရန် နီးစပ်နေသူတွေကို ပြောပြလိုက်တဲ့ ကလော့

ယာဂန်ကလော့က ကြာသပတေးနေ့က လေ့ကျင့်ရေးအစီအစဉ်မှာ ပါ၀င်ခဲ့တဲ့ ကာတစ်ဂျုံးဟာ လီဗာပူး အတွက် ပြန်ကစားပေးနိုင်ရန် နီးစပ်နေပြီ ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ လီဗာပူး ကွင်းလယ်လူဟာ ပြီးခဲ့တဲ့လက ဒဏ်ရာပြသနာ ထပ်မံ ကြုံတွေ့ခဲ့ရတာကြောင့် ဒီရာသီမှာ ကလပ်အတွက် ၁ ပွဲသာ ကစားနိုင်ပါသေးတယ်။

 

ရောဘတ်ဆန်ရဲ့ recovery ကလည်း တိုးတက်မှု ကောင်းမွန်လျက် ရှိနေပေမယ့် ကစားသမားသစ် အာသာမယ်လို ကတော့ ဒဏ်ရာပြသနာကြောင့် အချိန်အတိုင်းအတာ တစ်ခုထိ ပါ၀င်နိုင်မှာ မဟုတ်ပါဘူး။

 

အာဆင်နယ်နဲ့ ပွဲစဉ် မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ လီဗာပူး ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပက်က်ပြီး ကလော့က “ကာတစ်ဂျုံးဟာ မနေ့ညက လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အခြေအနေ အိုကေပါတယ်။ ဒါပေမယ့် ဒါဟာ သူ့ရဲ့ ပထမဦးဆုံး session ပဲ ရှိပါသေးတယ်။ သူကတော့ ဒဏ်ရာ ရခဲ့တဲ့ သူတွေထဲမှာ ပြန်ကစားနိုင်ဖို့ အနီးစပ်ဆုံးပါ။

ကျန်တဲ့သူတွေကတော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်။ ဒါပေမယ့် နာဘီ နဲ့ အောက်စ် တို့ကတော့ ပြန်ကစားနိုင်ဖို့ အတော် လိုပါသေးတယ်။ ကျွန်တော်တို့ ဒဏ်ရာ ပြသနာ အသစ်တစ်ခု ကြုံခဲ့ရပါတယ်။ သူကတော့ အာသာမယ်လို ဖြစ်ပါတယ်။ ရိန်းဂျားနဲ့ ကစားမယ့် ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး session မှာ သူဟာ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် ဘယ်လောက်ကြာ အနားယူသွားရမလဲဆိုတာကို အတိအကျ သိနိုင်ရန် ကျွန်တော်တို့ နောက်ထပ် စစ်ဆေးမှုတွေ လုပ်သွားမှာပါ။ ဒါပေမယ့် အာဆင်နယ်နဲ့ ပွဲစဉ်မှာတော့ သူ သေချာပေါက် ပါနိုင်မှာ မဟုတ်ပါဘူး။

ရော်ဘိုကတော့ အများကြီး ပြန်လည် ပြေးလွှားနိုင်နေပါပြီ။ သူကလည်း ပြန်ကစားနိုင်ဖို့ နီးစပ်နေပါတယ်။ ဒါပေမယ့် ကာတစ် ကတော့ အနီးစပ်ဆုံး ဖြစ်ပါတယ်။ အဲဒီနောက် ရော်ဘိုပါ။ နာဘီ နဲ့ အောက်စ် တို့ကတော့ တစ်ဆင့်ချင်းဆီ သွားရမှာ ဖြစ်ပါတယ်။” လို့ ရှင်းပြလိုက်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရိန်းဂျားနဲ့ ပွဲစဉ်မှာ ပုံမှန် ကစားနေကြမဟုတ်တဲ့ ကစားကွက်ကို အသုံးပြုကာ လီဗာပူးရဲ့ ကစားဟန် ကလည်း အတော်လေး ကျစ်လစ်သွားခဲ့သလို intensity ကလည်း ကောင်းမွန်ခဲ့ပါတယ်။ လူအများစု ကလည်း ပုံမှန် အသုံးပြုနေကြ ၄-၃-၃ ကစားကွက်ကို စွန့်ပယ်ကာ ခံစစ်ပိုင်းကို ပိုမို ကျစ်လစ်စေတဲ့ ၄-၂-၃-၁ or ၄-၄-၂ ကို အသုံးပြုရန် တိုက်တွန်းနေကြပါတယ်။

ဒါနဲ့ပက်သက်ပြီး ကလော့က “ကျွန်တော်တို့နဲ့ ပက်သက်ပြီး ခန့်မှန်းရ ခက်ခဲအောင် လုပ်နိုင်တာက အရေးကြီးပါတယ်။ ကျွန်တော်တို့ ဒီအတွက် ခြားနားတဲ့ system ကို လိုအပ်ပါတယ်။ ဒီကစားကွက်ဟာ ကျွန်တော်တို့ ကစားနိုင်တဲ့ တစ်ခုတည်းသော system မဟုတ်ပါဘူး။ ရိန်းဂျားနဲ့ ပွဲစဉ်က ၄-၄-၂ နဲ့ ကစားခဲ့တာပါ။ ကစားကွက်တွေ အမျိုးမျိုး ရှိနေပေမယ့်လည်း ကျွန်တော်တို့ အနေနဲ့ အများကြီး အသုံးပြုကာ ရှုပ်ထွေးအောင် မလုပ်ချင်ပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ အတွက် available ဖြစ်နေတဲ့ system တွေတော့ ရှိနေပါတယ်။ ကျွန်တော်တို့ လာမည့် ပြိုင်ဘက်နဲ့ ပွဲစဉ်မှာ ဘယ် system ကို သုံးသွားမလဲဆိုတာ ရွေးချယ်ရမှာပါ။ ဒါမှမဟုတ် ဒီအချိန်မှာ ကျွန်တော်တို့ အတွက် အကောင်းဆုံး ဖြစ်နိ်ုင်မယ့် sytem ကိုပေါ့။ ကျွန်တော်တို့ ပြိုင်ဘက်တွေ ပိုပြီး ခန့်မှန်းရ မလွယ်ကူအောင် လုပ်သွားမှာပါ။” လို့ ဆိုခဲ့ပါတယ်။

SM