အဲရစ် တန်တဟ် လက်အောက်မှာ ယူနိုက်တက်တို့ ယူရို ပါလိဂ် မှာ ဘယ်လောက် အောင်မြင်မလဲဆိုတာ ခန်မှန်းပေးလိုက်တဲ့ စူပါ ကွန်ပျူတာ

ဘောလုံး အားကစား အကြောင်းကို မကြာခန ခန့်မှန်း သုံးသပ်ပေးနေခဲ့တဲ့ စူပါ ကွန်ပျူတာ ကတော့ ဒီတစ်ကြိမ်မှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရို ပါလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲ နိုင်ခြေ မြင့်မားတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်း သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ယူရို ပါလိဂ် ပြိုင်ပွဲမှာ ပွဲစဥ် 2 ပွဲ ကစားထားခဲ့ရပြီး တစ်ပွဲနိုင် ၊ တစ််ပွဲ ရှုံးနိမ့်ထားခဲ့ ပါတယ် ။ အခုတော့ ဒီနေ့ညမှာ ယူနိုက်တက် တို့ဟာ ဆိုက်ပ်ရပ် အခြေစိုက် အိုမိုနီးယား နီကိုဆီးယား အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ် ။

ဒါဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အီတီဟတ်မှာ မန်စီးတီး အသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြန်လည် နိုးထလာဖို့ အကောင်းဆုံး အခွင့်အရေးပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာ ယူနိုက်တက်တို့ ဘယ်လို ရလဒ် ယူပြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ABC သတင်းမှ 538 စူပါ ကွန််ပျူတာ ကတော့ ဒီရာသီ ယူရို ပါလိဂ် ဖလား ဆွတ်ခူးနိုင်ခြေ အမြင့်ဆုံး အသင်းတွေကို ခန့်မှန်းခဲ့ရာမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဖြစ်နိုင်ခြေ 5 % သာ ရှိနေတဲ့ အသင်း အဖြစ် ခန့်မှန်း သွားခဲ့လိုက်ပါတယ် ။

အခြားတဖက်မှာတော့ ဒီရာသီ ပရီးမီးယားလိဂ် အမှတ််ပေး ဇယားကို ဦးဆောင်နေခဲ့တဲ့ အာဆင်နယ် အသင်းကိုတော့ ယူရို ပါလိဂ် ဖလား ဆွတ်ခူးနိုင်ခြေ 13 % ရှိနေတဲ့ အသင်း အဖြစ် သတ်မှတ်ခဲ့လိုက်ပြီး အဆင့် တစ် နေရာမှာ ထားခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရို ပါလိဂ် ဖလားကိုတော့ 2017 ခုနှစ်တုန်းက ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေစဥ် ပထမဆုံး အကြိမ် ဆွတ်ခူးထားနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါ အချိန်တုန်းကတော့ အေဂျက်ဇ် အသင််းကို ဖိုင်နယ်မှာ အနိုင် ကစားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည်တွေဟာ အားရကျေနပ်စရာ မရှိခဲ့သေးပါဘူး ။ ယူနိုက်တက် တို့ဟာ ဒီရာသီ ပြိုင်ပွဲစုံ 9 ပွဲ ကစားခဲ့ရာမှာ 5 ပွဲသာ အနိုင် ရလဒ် ရယူနိုင်ခဲ့ပြီး 4 ပွဲ အထိ ရှုံးနိမ့်ထားခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဒီရာသီမှာ ယူနိုက်တက်တို့ အမှတ်ပေး ဇယား ထိပ်ဆုံး လေးသင်း စာရင်းမှာ ရပ်တည်နိုင်မယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ အောင်မြင်မှု ရရှိခြင်းပဲ ဖြစ်သွားလိမ့်မယ်လို့ သတင်း သုံးသပ်သူတွေက ခန့်မှန်းနေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar