အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်မီ လီဗာပူးကို အထူးသတိပေးသွားခဲ့တဲ့ ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆွန်

ပေါလ်မာဆွန်က လီဗာပူးဟာ ပရီးမီးယားလိဂ် title race ကနေ ထွက်ခွာသွားပြီလို့ ယုံကြည်နေပြီး ဒီတစ်ပတ်မှာသာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့မယ် ဆိုရင် ဒီရာသီ ဂန်းနားတို့ရဲ့ အောက်မှာ ရပ်တည်ဖို့ များသွားပြီလို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ လန်ဒန်ကို သွားရောက် ကစားရမှာ ဖြစ်ပြီး ဒီရာသီမှာ တာထွက်ဆိုးနေခဲ့တာကြောင့် ဒီပွဲကို အနိုင်ယူကာ ပြိုင်ဘက်တွေနဲ့ အမှတ်ကွာဟမှုကို လျော့ချနိုင်ဖို့ မျှော်လင့်နေပါတယ်။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၇ ပွဲကစား နိုင်ပွဲ ၂ ပွဲသာ ရထားခဲ့ပြီး အဆင့် ၉ နေရာမှာ ရပ်တည်နေကာ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ၁၁ မှတ်ထိ ကွာဟနေပါတယ်။ အာဆင်နယ် ကတော့ အကောင်းဆုံး ရာသီ တာထွက်ကို ပိုင်ဆိုင်နေပြီး လိဂ်ပွဲစဉ် ၈ ပွဲမှာ ၇ ပွဲထိ အနိုင်ကစားထားခဲ့ပြီး title race မှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို ဖိအားပေးနေပါတယ်။

မာဆွန်က လာမည့် တနင်္ဂနွေနေ့ အမ်းမရိတ်မှာ ကစားရမယ့် ပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် အရေးကြီးတယ်လို့ ယုံကြည်နေပြီး အာဆင်နယ်ဟာ အမှတ်ပေးဖလားနဲ့ ပက်သက်ပြီး ပြိုင်ဘက်တွေကို အကောင်းဆုံး မက်ဆေ့ခ်ျ ပေးနိုင်သလို လီဗာပူးကလည်း ဇယားထိပ်က အသင်းနဲ့ ၁၄ မှတ်ထိ ကွာဟသွားနိုင်တဲ့ အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုခဲ့ပါတယ်။

မာဆွန်က “အာဆင်နယ် အတွက် ဒီတစ်ပတ် လီဗာပူးနဲ့ ကစားရမယ့် ပွဲစဉ်ဟာ ပြီးခဲ့တဲ့ တော့တင်ဟမ်နဲ့ ပွဲစဉ်ကထက် ပိုမို ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လက်ရှိ လီဗာပူးတို့ ကြုံတွေ့နေရတဲ့ အခြေအနေကြောင့် ဒီအချိန်မှာ ပိုပြီးတော့တောင် ခက်ခဲသွားမှာပါ။ အာဆင်နယ်ရဲ့ လက်ရှိ ကစားဟန် အရ ပရိတ်သတ်တွေဟာ ဒီတစ်ပတ်မှာ သူတို့ အနိုင်ရမယ်လို့ အတော်လေး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဒုတိယပိုင်း အစောပိုင်းမှာ အာဆင်နယ်တို့ သွင်းယူလိုက်တဲ့ ဂိုးဟာ စပါးကို ဒုက္ခရောက်သွားစေခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ 10-vs-11 မှာ တအားကို လွှမ်းမိုး ကစားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းရဲ့ ပွဲချိန် ၁၀ မိနစ် ၁၅ မိနစ်လောက် တော့တင်ဟမ်ရဲ့ pass တွေ မှန်လာချိန်မှာ အာဆင်နယ်တို့ အတော်လေး ပြသနာ ရှိခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ အာဆင်နယ် အနေနဲ့ ဘောလုံးကို ကိုင်ကာ ကစားအားကို ချပြီး ၁၀ မိနစ်လောက် တည်ငြိမ်သွားအောင် လုပ်သွားသင့်ပါတယ်။

သူတို့ဟာ ဒီလို လုပ်ဖို့ အနည်းငယ် တွေးခဲ့ပေမယ့် ပွဲဟာ ၁-၁ ဖြစ်သွားခဲ့တာကြောင့် သူတို့ဟာ ပြန်ဖွင့်ကစားခဲ့ရပြီး ဂိုးလည်း ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဒါမျိုး အမြဲတမ်းတော့ အလုပ် မဖြစ်နိုင်ပါဘူး။ game management တော့ လိုအပ်ပါတယ်။ ဝီလီယံဆလီဘာ ကလည်း အသက်အရွယ်နဲ့ မလိုက်အောင် အကောင်းဆုံး ကစားပြနေပါတယ်။ အကယ်လို့များ အာဆင်နယ်ဟာ တနင်္ဂနွေနေ့မှာ လီဗာပူးကို အနိုင်ယူခဲ့မယ် ဆိုရင် ၁၄ မှတ်ထိ ကွာဟသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် title race မှာ အာဆင်နယ် အတွက် ပြိုင်ဘက် တစ်ယောက် လျော့သွားခဲ့ပါပြီ။

ဒီရာသီ အာဆင်နယ်ရဲ့ အဓိက ရည်မှန်းချက်က top 4 ဖြစ်ပါတယ်။ မန်စီးတီးတို့ ဘာလုပ်နိုင်သလဲဆိုတာ ကျွန်တော်တို့ တွေ့ထားခဲ့ပြီးပါပြီ။ အကယ်လို့များ အာဆင်နယ်သာ လီဗာပူးကို အနိုင်ရခဲ့မယ်ဆိုရင် ရာသီကုန်မှာ လီဗာပူးရဲ့ အထက်မှာ ရပ်တည်နိုင်မှာပါ။ အကယ်၍ လီဗာပူးတို့ နောက်ထပ် ရှုံးပွဲ ၃ ပွဲ ကြုံတွေ့ရမယ်ဆိုရင် အာဆင်နယ် အနေနဲ့ လက်ကျန် ပွဲစဉ်တွေရဲ့ ၃ ပုံ ၁ ပုံ ရှုံးနိမ့်မှသာ လီဗာပူးအောက်ကို ရောက်မှာပါ။

အာဆင်နယ်တို့ အဆင့် ၄ နေရာ ရမယ်ဆိုရင်လည်း top 4 နဲ့ ကာလရှည် ဝေးနေခဲ့တာကြောင့် ဒါဟာ amazing ပါပဲ။ ဒါပေမယ့် လီဗာပူးဟာ အမှတ်တွေ အများကြီးလျော့ထားတာကြောင့် ပြိုင်ဆိုင်မှုက တအား ပြင်းထန်နေမှာပါ။ တနင်္ဂနွေနေ့ကတော့ ပွဲကြီးပွဲကောင်းပါပဲ။” လို့ ဆိုလိုက်ပါတယ်။။

SM