ဟာလန်း နဲ့ ခွဲလို့မရတဲ့သွင်းဂိုး ၊ အသင်းကြီးတွေရဲ့ နိုင်ပွဲည ၊ စံချိန်ထပ်ယူတဲ့ မက်ဆီ ၊ ဟာလန်းကိစ္စ ငြင်းတဲ့ ဂွာဒီ တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေမှာ ရီးရဲမက်ဒရစ် ၊ ချဲလ်ဆီး ၊ ယူဗင်တပ် ၊ မန်စီးတီး တို့ နိုင်ပွဲကိုယ်စီ ရခဲ့ကြပါတယ် ။ ဒေါ့မွန် ကလည်း အသင်းခေါင်းဆောင် ဘယ်လင်ဂမ် ရဲ့ ခြေစွမ်းပြ ကစားမှု နဲ့ အတူ နိုင်ပွဲ ရရှိခဲ့ ပါတယ် ။

ယူဗင်တပ် ဟ မက္ကာဘီ ဟိုင်ဖာ ကို အနိုင်ကစားပြီး အခုနှစ် အတွက် ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲ ကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဂိုးတွေ ဆက်တိုက် သွင်းနေတဲ့ မန်စီးတီး တိုက်စစ်မှူးလေး အာလင်း ဟာလန်း ဟာ အခုပွဲမှာလည်း စီးတီး အတွက် ပထမပိုင်းသာ ပါဝင် ကစားပြီး ၂ ဂိုး သွင်းပေး သွားခဲ့ ပါတယ် ။ ဟာလန်း ဟာ ပထမပိုင်း တပိုင်းလုံးမှာ ဘောလုံး ပေးမှု ၃ ကြိမ်သာ ရှိခဲ့ပြီး ဂိုးပေါက်တည့်တဲ့ အကြိမ် ( ၄ ကြိမ် ) က ပိုများခဲ့တယ်လို့ သိရပါတယ် ။

PSG ကတော့ ပေါ်တူဂီ ကလပ် ဘင်ဖီကာ နဲ့ ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။ ဒီပွဲမှာ PSG အတွက် ဂိုးကို မက်ဆီ က သွင်းပေးခဲ့ပြီး ဘင်ဖီကာ အာဂျင်တီးနား တိုက်စစ်မှူး အတွက် ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ အသင်း ၄၀ မြောက် အသင်း ဖြစ်လာခဲ့ ပါတယ် ။

ကမ္ဘာ့ဖလား မတိုင်ခင်မှာ လက်ရှိ ကစားနေတဲ့ နစီယွန်နယ် အသင်းကနေ ထွက်ခွာမယ့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် ဟာ ကမ္ဘာ့ဖလား အပြီးမှာ မေဂျာလိဂ် ထိပ်သီး LA Galaxy ထံ ပြောင်းရွှေ့မယ်လို့ စပိန် သတင်းစာ AS က ဖော်ပြလာခဲ့ ပါတယ် ။

မန်စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ က အာလင်းဟာလန်း ဟာ စီးတီး မှာ ၂ နှစ်ပြည့်ပါက ရီးရဲမက်ဒရစ် ကို ပြောင်းရွှေ့ဖို့ စာချုပ်ဖျက်သိမ်းနိုင်တဲ့ အချက်အလက် ထည့်သွင်းထားတဲ့လို့ သတင်း ထွက်နေမှုကို ငြင်းဆန် ခဲ့ပြီး ဟာလန်း ရဲ့ စာချုပ်မှာ ဘယ်လို ဖျက်သိမ်းကြေးမှ မပါရှိပါဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

ဆီဗီးလား အသင်းကတော့ ဒေါ့မွန် ကို ရှုံးနိမ့်တဲ့ ပွဲ အပြီးမှာ နည်းပြ လိုပီတီဂွီ ကို ထုတ်ပယ်ဖို့ ဆုံးဖြတ် လိုက်ပြီလို့ ဖာဘရီဇီယို ရိုမာနို က ထုတ်ဖော် ပြောဆို လာခဲ့ ပါတယ် ။

ဆီဗီးလား ဟာ မကြာတော့တဲ့ နာရီ အနည်းငယ် အတွင်းမှာ နည်းပြနဲ့ လမ်းခွဲကြောင်း ထုတ်ပြန် အသိပေးမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ဆမ်ပါအိုလီ က နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစား နေတယ်လို့ သိရ ပါတယ် ။

လေဗာကူဆင် အသင်းကတော့ ဇာဘီ အလွန်ဆို ကို နည်းပြသစ် အဖြစ် ၂၀၂၄ အထိ စာချုပ် ချုပ်ဆိုကာ ခန့်အပ် လိုက်ပြီ ဖြစ်ပါတယ် ။

အားကစား ဒါရိုက်တာ တဖွဲ့လုံးကို ထုတ်ပယ်လိုက်တဲ့ နော်တင်ဟမ် ဖောရက်စ် ဟာ ဝက်ဖိုဒ့် အားကစား ဒါရိုက်တာဟောင်း ဖိလစ်ပို ဂီရယ်ဒီ ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ သိရှိရပါတယ် ။

ဖောရက်စ် နည်းပြ စတိဗ် ကူပါ ကို တော့ မထုတ်ပယ် သေးဘဲ အခွင့်အရေး ဆက်ပေးထားတယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ နဲ့ အက်သလက်တီကို မက်ဒရစ် တို့ကတော့ အန်တွိုင် ဂရစ်ဇ်မန်း ကို အပြီးသတ် ရောင်းချမှု ပြုလုပ်ဖို့ အတွက် သဘောတူညီမှု ရရှိ ခဲ့ကြပြီး အေတီကို က ယူရို သန်း ၂၀ + အပိုဆုကြေး ၂ သန်း တို့ နဲ့ ပေးချေ ခေါ်ယူမှာ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

အေစီမီလန် ဒါရိုက်တာ မာဒီနီ က သူတို့ဟာ တိုက်စစ်မှူး ရာဖေးလီယို ကို စာချုပ် သက်တမ်းတိုးဖို့ ဆန္ဒ ရှိကြောင်း ထပ်မံ ထုတ်ဖော် ပြောဆို လာခဲ့ပါတယ် ။

ယူကရိန်း နိုင်ငံဟာ စပိန် ၊ ပေါ်တူဂီ တို့နဲ့ အတူ ပူးပေါင်းကာ ၂၀၃၀ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပဖို့ အတွက် လျောက်ထားခဲ့တယ်လို့လည်း သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR