ရှေ့ဆက် အခက်အခဲတွေ ကြံရဖို့ ရှိနေတဲ့ ယူနိုက်တက် ကြယ်ပွင့် တစ်ဦး အမည်ကို ထုတ်ပြောလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ ဖြစ်သူ ဂယ်ရီ နဗီးလ်က လာမယ့် ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲဲမှာ အင်္ဂလန် နည်းပြ ဂါးရတ် ဆောက်ဂိတ် ရဲ့ ပွဲထွက် ကစားသမား စာရင်းထဲ ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွားယား ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့လိုက်ပါတယ် ။

ဟယ်ရီ မက်ဂွားယားဆိုတာ 2018 ကမ္ဘာ့ ဖလား ပြိုင်ပွဲ တုန်းက အင်္ဂလန် လက်ရွေးစင် အသင်းကို ဆီမီး ဖိုင်နယ် အထိ တက်ရောက်အောင် ကူညီနိုင်ရေးမှာ အရေးပါသူ ဖြစ်ခဲ့ဖူးပါတယ် ။ သူဟာ အခုလည်း အင်္ဂလန် နည်းပြ ဂါးရတ် ဆောက်ဂိတ်ရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦးလည်း ဖြစ်နေခဲ့ပါတယ် ။

ဒါပေမဲ့ အခြားတဖက်မှာတော့ သူက တစ်နှစ်တာ အချိန်် ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်် ပုံစံကောင်း ပြသဖို့ ရုန်းကန်နေခဲ့ရသလို အမှားတွေ အများကြီး ကျူးလွန်ခဲ့တဲ့ အတွက်လည်း ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် ကြုံတွေ့နေခဲ့ရပါတယ် ။

အခု ဘောလုံး ရာသီမှာတော့ ယူနိုက်တက် နည်းပြသစ် ဖြစ်လာခဲ့တဲ့ အဲရစ် တန်ဟတ် က တပည့်ဟောင်း ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူလိုက်တဲ့နောက်မှာတော့ မက်ဂွားယားရဲ့ ပွဲထွက်ကစားခွင့်တွေဟာ အကန့်အသတ် ဖြစ်သွားခဲ့ရပါတယ် ။

သူဟာ ရာသီအစတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် နှစ်ကြိမ် ပွဲထွက် ကစားခွင့် ရရှိခဲ့ပေမဲ့ နှစ်ပွဲလုံး ရှုံးနိမ့်ခဲ့ရပြီး ရာဖေးလ် ဗာရန်း ဒဏ်ရာ ပြသနာမှ သက်သာ ကောင်းမွန်ပြီး ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့နောက် မက်ဂွားယားဟာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က ဒဏ်ရာ ပြသနာရရှိနေတဲ့ ဟယ်ရီ မက်ဂွားယားကို နည်းပြ ဂါးရတ် ဆောက််ဂိတ်က အင်္ဂလန် လက််ရွေးစင် အသင်းမှာ မရွေးချယ််ဖို့ အကြီးအကျယ် စဥ်းစားနေလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ဒဏ်ရာ ရရှိနေမှု ၊ သူ့ရဲ့ form ကို ကြည့်လိုက်မယ်ဆိုရင် ဂါးရတ် ဆောက်ဂိတ်ဟာ သူ့ကို အကာအကွယ် ပေးဖို့အတွက် လက်ရွေးစင် ကစားသမား စာရင်းမှ ချန်လှပ်ဖို့ တကယ့်ကို အလေးအနက်ထား တွေးတောနေလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ် ”

” သူဟာ အမှားတွေ ကျူးလွန်နေခဲ့သလို ဘယ်အရာကမှလည်း သူလိုချင်တဲ့ ပုံစံအတိုင်း ဖြစ်မလာခဲ့ပါဘူး ။ ဒီလို အနေအထားမျိုး ကြုံတွေ့ရတဲ့ အခိုက်အတန့်မှာ ခင်ဗျားဟာ ကမ္ဘာ့ ဖလားလို ပြိုင်ပွဲကြီးမှာ ကစားခွင့် ရရှိဖို့ နည််းလမ်း ရှာဖွေနိုင်မှာ မဟုတ်ပါဘူး ”

” ဒီတစ်ခါ ပြိုင်ပွဲမှာ ကြိုတင် ပြင်ဆင်မှု လုပ်ရတာတွေ ၊ လေ့ကျင့်ရေး ကြိုလုပ်ရတာတွေ ရှိနေမှာ မဟုတ်ဘူးလေ ။ တနင်္ဂနွေနေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဖူလ်ဟမ် နဲ့ ကစားရဖို့ ရှိနေပြီး တစ်ပါတ် အကြာမှာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ပုံစံကောင်းပြနိုင်မယ်လို့ တွေးလို့ မရနိုင်ပါဘူး ”

” သူဟာ သုံး လေးပါတ်လောက် ကစားနိုင်မှာ မဟုတ်ပါဘူး ။ သူဟာ ယူနိုက်တက် အတွက်လည်း ကစားပေးခွင့်တွေ မရခဲ့ပါဘူး ။ ဒီအချက်တွေကပဲ ဂါးရတ် ဆောက်ဂိတ််ကို ဗဟို ခံစစ်မှူး အမြန်ရှာဖို့ တွန်းအားတွေ ဖြစ်သွားစေမှာပါ ” လို့ နဗီးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar