ရိန်းဂျားနဲ့ ပွဲစဉ်မတိုင်မီ လီဗာပူး ကစားသမားတစ်ဦးနဲ့ အချိန်အကြာကြီး စကားပြောဆိုမှု လုပ်ခဲ့တယ်လို့ ဖွင့်ဟလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က ယနေ့ည ရိန်းဂျားအသင်းနဲ့ ကစားရမယ့် ပွဲမစဉ် မတိုင်မီ သူနဲ့ ဒါ၀င်နူးနက် တို့ အချိန်အကြာကြီး စကားပြောဆိုမှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ဖော်လိုက်ပြီး လီဗာပူး မန်နေဂျာက ဥရုဂွေးစတား နဲ့ ပက်သက်ပြီး သူတို့ဘက်က လုံး၀ တည်တည်ငြိမ်ငြိမ် ပါပဲလို့ ဆိုလိုက်ပါတယ်။ ရိန်းဂျားနဲ့ ပွဲစဉ် မတိုင်မီ လူတော်တော်များများရဲ့ အာရုံဟာ ၃ ပွဲဆက်တိုက် အရန်ခုံကနေသာ ပွဲကစားခွင့် ရနေတဲ့ နူးနက် အပေါ် ကျရောက်နေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက လီဗာပူးကို ပေါင် ၈၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ နူးနက်ဟာ ဒီရာသီမှာ မန်စီးတီး အတွက် ၁၁ ပွဲကစားထားရာမှာ ၁၇ ဂိုးထိ သွင်းယူထားခဲ့တဲ့ အာလင်းဟာလန်း လိုမျိုး စွမ်းဆောင်နိုင်ခြင်း မရှိဘဲ အသင်းသစ်မှာ ရုန်းကန်နေရပါတယ်။ လီဗာပူး ပရိတ်သတ်တွေဟာ အန်ဖီးမှာ နူးနက် အောင်မြင်မှု ရနိုင်ပမလား ဆိုပြီး စိုးရိမ်မှုတွေ ရှိလာခဲ့ကြပေမယ့် ကလော့က အသက် ၂၃ နှစ်အရွယ် ကစားသမားရဲ့ လက်ရှိ အခြေအနေနဲ့ ပက်သက်ပြီး သူ့အနေနဲ့ လုံး၀ တည်တည်ငြိမ်ငြိမ်ပဲလို့ ဆိုလိုက်ပြီး နူးနက်နဲ့ ပက်သက်ပြီး စိုးရိမ်မှု မရှိဘူးလို့ ပြောလိုက်ပါတယ်။

ကလော့က “အမှန်ပါပဲ။ သူဟာ အသင်းမှာ အထိုင်ကျအောင် လုပ်နေရဆဲ ဖြစ်ပါတယ်။ ကစားသမားသစ်တွေ ရောက်လာခဲ့တဲ့ အချိန်တိုင်း အားလုံးဟာ သူတို့ကို အသင်းမှာ ချက်ချင်း တောက်ပစေချင်ကြပါတယ်။ ဒါဟာ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပေမယ့် တစ်ခါတစ်ရံတော့ ဒီလို မဖြစ်တက်ပါဘူး။ မနေ့က ကျွန်တော်တို့ အချိန်အကြာကြီး စကားပြောဆိုမှု လုပ်ခဲ့ပါတယ်။ ပက်လင်ဒါလည်း ပါပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ စပိန် or ပေါ်တူဂီ စကားက မကောင်းသေးလို့ပါ။ ‘ကျွန်တော်တို့ ဘက်က လုံး၀ စိတ်အေးလက်အေးပဲ’ ဆိုပြီး ကျွန်တော်တို့ သူ့ကို ပြောခဲ့ပါတယ်။

သူ့ဘက်က စတင် စိတ်ပူပန်မှု ရှိမလာဖို့ဟာ ကျွန်တော်တို့ အတွက် တကယ် အရေးကြီးပါတယ်။ သူ့ကြည့်ရတာ စိတ်ပူပန်နေတာမျိုးလည်း မရှိပါဘူး။ ဘရိုက်တန်နဲ့ ပွဲမှာ သူဘာကြောင့် ပွဲထွက်ခွင့် မရခဲ့တာလဲ? သူဟာ နိုင်ငံအသင်းကနေ ပြန်လာခဲ့တာ ဖြစ်ပြီး ဒူးကောက်ကြောမှာ ပြသနာ ရှိနေခဲ့ပါတယ်။ ဆေးအဖွဲ့က သူ့ကို ဘယ်လောက်ပဲ ကစားခွင့် ပေးသင့်တယ်ဆိုပြီး information ပေးလာခဲ့ပါတယ်။ ၁၅ မိနစ် မိနစ် ၂၀ လောက်သာ ကစားဖို့ ခွင့်ပြုထားတဲ့ ကစားသမားကို ပွဲထွက်စေလို့ မရပါဘူး။ ဒါဟာ အကြောင်းပြချက် ဖြစ်ပါတယ်။

အပြင်ဘက်မှာ သူနဲ့ ပက်သက်ပြီး ဘာတွေ ပြောနေကြသလဲ ဆိုတာ ကျွန်တော်သိပါတယ်။ အခုကတော့ အပြင်လောကကို ကျွန်တော်တို့ တံခါးအနည်းငယ်ဖွင့်ပေးပြီး information ပေးလိုက်တာ ဖြစ်ပါတယ်။ အမှန်ပါပဲ။ ၃ ပွဲပယ်ခံခဲ့ရတာဟာ သူ့ကို အထိုင်ဖို့ အတွက် အကူအညီ မဖြစ်စေပါဘူး။ ဒါကတော့ ရှင်းပါတယ်။ ဒါပေမယ့် ဘရိုက်တန်နဲ့ ပွဲကတော့ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့်ပါ။

အသင်းဟာ ဒီအချိန်မှာ တောက်ပမနေပါဘူး။ ဒါဟာ တိုက်စစ်မှုး တစ်ဦး အတွက် ကစားရတာ မလွယ်ကူလှပါဘူး။ ကျွန်တော်တို့ဟာ အခွင့်အရေးတွေ ဖန်တီးနိ်ုင်ပေမယ့် အရာအားလုံးဟာ အချိတ်မဆက် မိမနေပါဘူး။ ကစားသမား တစ်ဦးကို ပွဲထွက်ခွင့် ပေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေက ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ကစားသမားတစ်ဦးက အသင်းကို လုံး၀ ပြောင်းလဲစေတာမျိုး ဖြစ်ချင်နေပေမယ့် လက်ရှိမှာ ဒါဟာ ကျွန်တော်တို့ရဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါပါပဲ။” လို့ ဆိုလိုက်ပါတယ်။

နူးနက် အနေနဲ့ ယနေ့ည ရိန်းဂျားအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ စက်တင်ဘာ ၃ ရက် နောက်ပိုင်း အသင်းအတွက် ပထမဦးဆုံး ပွဲထွက် ကစားခွင့် ရဖို့ ရှိနေပြီး ကလော့ အနေနဲ့ အထောင်တိုက်စစ် နေရာအတွက် ဖာမီနို ဂျိုတာ တို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။

SM