” လုံးဝ မကျေနပ်ဘူး ” မန်ချက်စတာ ဒါဘီ ရှုံးပွဲအပြီး အသင်းသားတွေအပေါ် ပေါက်ကွဲလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အီတီဟတ် ကွင်းထဲမှာ မြို့ခံပြိုင်ဖက် မန်စီးတီး အသင်း နဲ့ မန်ချက်စတာ ဒါဘီပွဲစဥ် ကစားခဲ့ရပြီး 6 – 3 ဆိုတဲ့ အရှုံး ရလဒ်နဲ့ အတူ အဝေးကွင်းမှာ ဂိုးပြတ် ချေမှုန်းခံခဲ့လိုက်ရပါတယ် ။

ဒီပွဲစဥ်ရဲ့ ပွဲချိန် ပထမပိုင်းမှာ ယူနိုက်တက်တို့ ကစားပုံဟာ အထိမ်းအကွပ်မဲ့ခဲ့ပြီး ပွဲချိန် 7 မိနစ်မှာပဲ ဘာနာဒို နဲ့ ဖီးလ် ဖိုဒန် တို့ရဲ့ ပူးပေါင်းမှုမှတဆင့် အဖွင့်ဂိုး ပေးခဲ့လိုက််ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 34 မိနစ် နဲ့ 37 မိနစ်မှာ ဒီဘရိုင်းရဲ့ ဖန်တီးမှုတွေကို ဟာလန်းက အမှားအယွင်းမရှိ အဆုံးသတ် ပြသွားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ပထမပိုင်း ပြီးဆုံးခါနီးမှာ ဟာလန်းရဲ့ ဖန်တီးပေးမှုကို ဖိုဒန် က အဆုံးသတ်ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ ပထမပိုင်းမှာတင် လေးဂိုးပြတ် ရှုံးနိမ့် သွားခဲ့ကြပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြတဲ့ ကွင်းထဲက ပရိိသတ် အချို့လည်း 45 မိနစ် ကြည့်ပြီး အိမ်ပြန်ခဲ့ကြ ပါတယ် ။

ဒါပေမဲ့ ဒုတိယပိုင်း စတင်ပြီး 11 မိနစ် အကြာမှာပဲ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမားသစ် ဖြစ်သူ အန်တိုနီ က တစ်ဂိုး သွင်းယူခဲ့ ပါတယ် ။ ဒါပေမဲ့ မန်စီးတီးကတော့ တိုက်စစ် ကစားပုံ လျှော့ချ မသွားခဲ့ပဲ ဆက်လက် ဖိအားပေး ကစားခဲ့ပါတယ် ။

ဒါ့ကြောင့် ပွဲချိန် 64 မိနစ်မှာ ဂိုမက်ဇ် ရဲ့ ဖန်တီးပေးမှုကို ဟာလန်းက အသုံးချခဲ့ပြီး ဟတ်ထရစ် ရယူသွားနိုင်ခဲ့ပါတယ် ။ ဒါကို ပွဲချိန် 73 မိနစ်မှာ မန်စီးတီး ကွင်းလယ်လူ ဖီးလ် ဖိုဒန် ကလည်း အားကျမခံ တစ်ဂိုးထပ် သွင်းပြီး ဟတ်ထရစ် ရယူသွားခဲ့ပြန်ပါတယ် ။

အဲ့ဒီနောက် ရပ်ရှ်ဖို့ ရဲ့ နေရာမှာ လူစားဝင် ကစားခဲ့တဲ့ မာရှယ်က ပွဲချိန် 84 မိနစ် နဲ့ 90+ (pen) မိနစ် တွေမှာ ဂိုးတွေ သွင်းယူရင်း ပွဲရလဒ်ကို 6 – 3 ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဥ် အပြီးမှာတော့ ယူနိုက်တက် နည်းပြ အဲရစ်် တန်ဟတ် က အသင်းသားတွေဟာ ယုံကြည်မှု ပျောက််ဆုံးနေခဲ့ကြကြောင်း ပေါက်ကွဲ သွားခဲ့လိုက်ပါတယ် ။

” အရမ်းကို ရိုးရှင်းလွန်းပါတယ် ။ ဒါဟာ ယုံကြည်မှုတွေ ပျောက်ဆုံးနေခြင်းပါပဲ။ ကွင်းထဲမှာ ခင်ဗျားက ယုံကြည််မှုတွေ ရှိမနေရင် နိုင်ပွဲ ရယူနိုင်မှာ မဟုတ်ပါဘူး ။ ဒါမျိုးကို ကျွန်တော့်ဖက်က လက်သင့်ခံစရာ အကြောင်း လုံးဝ ရှိမနေပါဘူး ”

” အသင်းသားတွေဟာ စည်းမျဥ်းစည်းကမ်းတွေကို လိုက််နာနိုင်ခြင်း မရှိခဲ့ကြတဲ့အတွက် အထောင်းခံခဲ့ကြရတာပါ ။ ဒီနေ့မှာ ဖြစ်ပျက်ခဲ့တာ အဲ့တာတွေပါပဲ ။ ကျွန်တော့် အတွက်တော့ ဒါဟာ တကယ့်ကို အံ့အားသင့်စရာကြီး တစ််ခု ဖြစ်ခဲ့ရပါတယ် ”

” ကျွန်တော်တို့ တိုက်စစ်ဆင် မကစားနိုင်ခဲ့ကြပါဘူး ။ ဒါ့အပြင် ဘောလုံးကိုင်တဲ့ အခါမှာ ရဲရင့်မှုလည်း မရှိခဲ့ကြပါဘူး ။ ကျွန်တော်တို့ ကစားဖို့ နေရာလွတ်တွေ ပိုင်ဆိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ သူတို့တွေ ရဲရင့်စွာ မကစားပြနိုင်ခဲ့ကြပါဘူး ”

” ဒီပွဲအတွက် ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်တာ စီးတီးပါပဲ ။ စီးတီးကို မေ့လိုက်ပါ ၊ ကျွန်တော်တို့ ကိုယ်တိုင်က လုံလုံလောက််လောက် ကောင်းအောင် မကစားပြနိုင်ခဲ့တာပါပဲ ။ ကျွန်တော်တို့ ဒီလိုပွဲမျိုးကို ယုံကြည်ချက် ၊ တစ်ကိုယ်တော်် စွမ်းရည် ၊ အသင်းလိုက် ကစားပုံနဲ့ ဖြတ်သန်ခဲ့ရမှာပါ ”

” ပွဲပြီး ပထမဆုံး မိနစ်ထဲက ကျွန်တော် အဲ့တာကို ခံစားခဲ့ရပါတယ် ။ ဒါ့ကြောင့် အပြောင်းအလဲတွေ လုပ်ဆောင်ရင်း စိတ်ဓါတ်တွေ ပြောင်းလဲအောင် လုပ်ခဲ့ရပါတယ် ။ ပထမပိုင်းပြီးတဲ့နောက် ကျွန်တော်တို့ဟာ ခြားနားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို မြင်တွေ့ခဲ့ရပါတယ် ”

” ကျွန်တော်တို့ ဒုတိယပိုင်းမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ဖန်တီးမှုတွေလည်း ပိုလုပ်နိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ဘောလုံးကိုလည်း ရဲရဲရင့်ရင့် ကိုင်နိုင်ခဲ့ပြီး ပြိုင်ဖက် ဧရိယာဖက် မကြာခန ထိုးဖောက်ရင်း 3 ဂိုး သွင်းယူနိုင်ခဲ့ကြပါတယ် ”

” ဒီလို အခိုက်အတန့်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေအကြောင်း ကျွန်တော် စဥ်းစားလို့တောင် မရနိုင်ပါဘူး ။ ကျွန်တော်တို့ ပရိသတ်တွေနဲ့ ကျွန်တော်တို့ကို ကျွန်တော်တို့ စိတ်ဓါတ်ကျဆင်းစေခဲ့ကြပါတယ် ။ ဒီလို ရလဒ်အတွက် လုံးဝ မကျေနပ်ပါဘူး ” လို့ တန်ဟတ် က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar