အာဆင်နယ် အသင်းကို ချီးကျူးပြီး နောက်တစ်ပတ် ပွဲ အတွက် mind game စလုပ်လိုက်တဲ့ ကလောပ့်

ဒီရာသီမှာ ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန် နေရတဲ့လီဗာပူး အသင်းဟာ လာမယ့် အပတ် အောက်တိုဘာလ ၉ ရက်နေ့မှာတော့ အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်း နဲ့ ထိပ်တိုက် ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မန်စီးတီး အသင်း နဲ့ အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယှဉ်ပြိုင် နေကြ လီဗာပူး အသင်းဟာ ပွဲစဉ်(၉) အပြီးမှာ အမှတ်ပေး ဇယား အဆင့် (၉) အထိ ရောက်ရှိ နေခဲ့ပါတယ် ။

လီဗာပူး အသင်းဟာ ပွဲစဉ် (၉) အပြီး ၇ ပွဲ ကစားထားရာမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားတဲ့ အထိ အခြေအနေ ဆိုးနေခဲ့ကာ ဦးဆောင်သူ အာဆင်နယ် နဲ့ ၁၁ မှတ် အထိ ပြတ်နေခဲ့ပါပြီ ။ မနေ့က ကစားခဲ့တဲ့ ပွဲမှာလည်း လီဗာပူး ဟာ အိမ်ကွင်းမှာ ဘရိုက်တန် အသင်းနဲ့ သုံးဂိုးစီ သရေကျ သွားခဲ့ပါတယ် ။

ဘရိုက်တန် နဲ့ ပွဲအပြီးမှာတော့ ကလောပ့် ဟာ နောက်အပတ် ကစားရမယ့် အာဆင်နယ် နဲ့ ပွဲအတွက် mind game ကစားသွားခဲ့ပြီး ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ် ။ ” အာဆင်နယ် နဲ့ ပွဲလာတော့မယ် ဆိုတာ ကျွန်တော် သိပါတယ် ၊ တော့တင်ဟမ် နဲ့ ပွဲက အာဆင်နယ် ရဲ့ခြေစွမ်းကို ကျွန်တော်တို့ ဖျတ်ခနဲ မြင်ခဲ့ရပါတယ် ။ ”

” အာဆင်နယ် က လက်တစ်လောမှာ အတော်လေး ကောင်းမွန်တဲ့ အသင်း ဖြစ်နေတာကြောင့် လွယ်ကူတဲ့ ပွဲတော့ ဖြစ်မှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အတက်နိုင်ဆုံး ကြိုးစား ကစားသွားပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆက်လက်ပြီး လီဗာပူးရဲ့ ယုံကြည်မှုပိုင်းဟာ စိုးရိမ်စရာ ဖြစ်နေပြီလား ဆိုတဲ့ မေးခွန်းကို ကလောပ့်က “စိတ်ပူစရာဆိုတာကတော့ မှန်ကန်တဲ့ စကားလုံးလားဆိုတာ ကျွန်တော် မသိပေမယ့် တကယ့် အ‌ခြေအနေကိုတော့ လျစ်လျူရှုလို့ မရပါဘူး။ ဒါပေမယ့် အိုင်ယက်စ်နဲ့ပွဲဟာ ကျနော်တို့ကို ဘာရစ်သမ်မှ မရစေခဲ့ပါဘူး။ ”

” နောက်ကျချေပဂိုးသာ မပေးခဲ့ရဘူးဆိုရင် ကျွန်တော်တို့ဟာ လာမည့်ပွဲကို ရစ်သမ်ကောင်း သယ်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ဦးဆောင်ဂိုးရပြီးနောက် ကစားဖို့ ရပ်လိုက်ကာ အဲဒီနောက်ပိုင်း feeling တွေက လုံးဝ ပျောက်ဆုံးသွားပါတယ်။ ”

” ကျနော်တို့ ယုံကြည်မှုတွေ ရှိခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဘော်ဘီ (ဖာမီနို) ရဲ့ ဒုတိယဂိုးမှာ ဒါတွေကို တွေ့နိုင်ပါတယ်။

ဒါပေမယ့် passing game ကတော့ ကောင်းမွန်မှု ရှိမနေပါဘူး။ ကျနော်တို့ရဲ့ passing တွေဟာ ကသမ်းကယန်းတွေ ဖြစ်နေပါတယ်။ ပွဲရဲ့စတင်ပုံကြောင့် ယုံကြည်မှုက ကျဆင်းသွားတာလို့ ပြောလို့ရပါတယ်။ ကျနော်တို့ဟာ ဖိအားတွေအောက်မှာ ကျရောက်နေပါပြီ။ ဒါကို လျစ်လျုရှုလို့ မရပါဘူး။ နေ့တိုင်းတိုးပွားနေတာတော့ မဟုတ်ပေမယ့် ဖိအားတွေက ရှိနေပါတယ် ” လို့ ဆိုလိုက်ပါတယ်။

SM