သူတို့ရဲ့ တွဲဖက် ကစားမှုအပေါ် မှတ်ချက်ပေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် အပေါ် တုန့်ပြန်လိုက်တဲ့ အဲရစ်ဆင်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမား ဖြစ်သူ ခရစ္စတီယံ အဲရစ်ဆင် က သူတို့ နှစ်ဦး တွဲဖက် ကစားနိုင်မလားဆိုပြီး မေးခွန်းထုတ်ခဲ့ကြသူတွေအပေါ် မှတ်ချက်ပေးခဲ့တဲ့ အသင်းဖော် ဘရူနို ဖာနန်ဒက်စ် ရဲ့ စကားကို တုန့်ပြန် ဖြေကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အဲရစ်ဆင် ရောက်လာခဲ့စဥ်တုန်းက သတင်း သုံးသပ်သူတွေ နဲ့ ပရိိသတ်တွေဟာ သူတို့ တွဲဖက် ကစားနိုင်ပါ့မလား ၊ နံပါတ် 10 နေရာမှာ ဘယ်သူ ကစားမလဲ ၊ အဲရစ်ဆင် ဟာ အရန်လူပဲ ဖြစ်လိမ့်မယ် စသဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ် ။

မကြာသေးခင်က MUTV နဲ့ အင်တာဗျူးမှာတော့ ဘရူနို ဖာနန်ဒက်စ် က ” လူတိုင်းဟာ အသင်းမှာ ကောင်းကောင်း အထိုင်ကျနေကြပြီလို့ ထင်မိပါတယ် ။ ခေါ်ယူထားခဲ့ကြတဲ့ ကစားသမားသစ်တွေ ကောင်းကောင်း ကစားပြနေကြတာ မြင်တွေ့နေရပြီလေ ”

” ခင်ဗျားတို့ ကစားခွင့်တွေ ရရှိမယ်ဆိုရင် အထိုင်ကျဖို့ ပိုပြီး လွယ်ကူမယ် ၊ အသင်းဖော်တွေ အကြောင်း ၊ ပတ်ဝန်းကျင်် ၊ အရာရာ အကြောင်း ပိုပြီး သိရှိခွင့် ရနိုင်မယ်လေ ။ ဒါဟာ တကယ့်ကို အရေးကြီးပါတယ် ။ အဲ့တာထက်် ပိုပြီး အရေးကြီးတာက သူတို့ အထိုင်ကျနေတာပါပဲ ”

” ခရစ္စတီယံ နဲ့ ကစားရတာ တကယ့်ကို ကောင်းမွန်လှပါတယ် ။ သူဟာ ပေးပို့မှုတွေ ကောင်းကောင်း လုပ်ပြနိုင်သူ ၊ နေရာလွတ်တွေ ဖန်တီးပေးနိုင်သူ ၊ ကစားရ ပိုပြီး လွယ််ကူအောင် လုပ်ပေးနိုင်သူ ပါပဲ ။ သူဟာ ကွင်းထဲမှာ ကျွန်တော့်ကို ရှာဖွေပြီး ဘောလုံး အရောက် ပေးပို့နိုင်ပါတယ် ”

” သူ့ကြောင့် ကျွန်တော်လည်း အလယ်တကြောမှာ ထိုးဖောက်ခွင့် ရပါတယ် ။ တကယ်တော့ အဲ့လို လုပ်နိုင်ဖို့က သိပ်ပြီး မလွယ်ကူပါဘူး ။ သူဟာ အရည်အသွေးရှိလှတဲ့ ကစားသမား တစ်ဦးပါ ။ ဒါကို ပရီးမီးယားလိဂ် ၊ စီးရီး A နဲ့ နိုင်ငံ့ အသင်းတွေမှာ ပြသခဲ့ပြီးပါပြီ ”

” သူ့လို ကစားသမားမျိုးနဲ့ အတူ တွဲဖက် ကစားရတာက တကယ့်ကို ပျော်ရွှင်စရာပါပဲ ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်် ။ အခုတော့ မန်ချက်စတာ ဒါဘီပွဲ မတိုင်မီ သူတို့ နှစ်ဦးကြား ဘယ်လို နည်းနဲ့မှ ထိပ်တိုက်တွေ့စရာ အကြောင်း မရှိကြောင်း အဲရစ်ဆင် က ပြန်လည် တုန့်ပြန် သွားခဲ့လိုက််ပါတယ် ။

” သေချာတာပေါ့ ၊ ကျွန်တော်တို့ အကြားမှာ နားလည်မှုတွေ တိုးတက်ကောင်းမွန်လာခဲ့ပါပြီ ။ ဒါက ကျွန်တော့်ကို အံ့သြမှု မဖြစ်စေပါဘူး ။ လူတွေက ကျွန်တော်တို့ကို ပုံစံတူတဲ့ ကစားသမားတွေလို့ ထင်မှတ်ကြပါတယ် ။ အဲ့တာလည်း အချက်အလက်တွေ ကြည့်ပြီး ပြောကြတာပါ ”

” သူတို့ဟာ ကစားသမား ၊ အရည်အသွေးတွေကို ကြည့်ပြီး ပြောကြတာ မဟုတ်ပါဘူး ။ ကျွန်တော်တို့မှာ ခြားနားတဲ့ အရည်အသွေး ၊ ခြားနားတဲ့ ကစားဟန်တွေ ရှိနေပါတယ်် ။ ယေဘုယျအားဖြင့်တော့ ဘရူနို ပြောသလိုပဲ ကျွန််တော်ဟာ အသင်းဖော်တွေကို သိရှိနိုင်ဖို့ ကြိုးစားနေဆဲပါ ”

” သူတို့ ဘယ်လို ပြေးချင်ကြသလဲ ၊ ဘယ်လို နေရာယူ ကစားလိုကြသလဲ ၊ ဘယ်လို လှုပ်ရှားတတ်ကြသလဲဆိုတာကို ကျွန်တော် လေ့လာနေဆဲပါ ။ ကျွန်တော်တို့ အချိတ််အဆက်မိဖို့ ကြိုးစားနေကြပါတယ် ။ ဘရူနို နဲ့တော့ ကစားရတာ ကောင်းလှပါတယ် ။ ကျွန်တော့် အရှေ့မှာ ဒီလို ကစားသမား ရှိတာ ကောင်းလွန်းတယ်လေ ” လို့ အဲရစ်ဆင် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar