အသင်း ရဲ့ ဒဏ်ရာ အခြေနေတွေ ကို ရှင်းပြသွားတဲ့ ကလော့ပ်

လီဗာပူး ဟာ ဒီညမှာတော့ ဒီနှစ် ဘောလုံးရာသီ ခြေစွာနေတဲ့ ဘရိုတ်တန် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ၊ ဘရိုတ်တန် က မကြာခင်က နည်းပြ အပြောင်းအလဲတွေ ဖြစ်ထားပါတယ်။

ရာသီ အဖွင့်မှာ ဒဏ်ရာပြသနာတွေ ဆက်တိုက် ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူး ဟာ နိုင်ငံတကာ ပွဲစဉ်ကာလကြောင့် တော်တော်လေး အသက်ရှူချောင်သွားတယ်လို့ ပြောရမယ် ထင်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းက ပုံမှန်အောက် ကျဆင်းနေချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ချို့ကို ရွှေ့ဆိုင်းလိုက်ရသလို ၊ ဒဏ်ရာရ ကစားသမား တစ်ချို့ အတွက်လဲ ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ အချိန်ရသွားခဲ့ပါတယ်။

လက်ရှိ အနေအထားအရ ခံစစ်မှုး ကိုနာတေး ဟာ အသင်းနဲ့ အတူလေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သည့်တိုင်အောင် ၊ ဘရိုတ်တန် နဲ့ ပွဲ ပါဝင် ကစားပေးနိုင်ချေ ရှိ/မရှိတော့ ဒီညမှာ ပြုလုပ်မယ့် လေ့ကျင့်ခန်း အစီအစဉ်တွေမှာ စောင့်ကြည့်ရဦးမယ် လို့ ဆိုပါတယ်။

လူးဝစ် ဒီယက် ၊ ဒီယိုဂို ဂျော်တာ ၊ ဒါဝင် နူနက် တို့ကတော့ နိုင်ငံတကာ ပွဲစဉ် ကာလမှ ခရီးရှည် သွားလိုက်ရလို့ ၊ ကြံ့ခိုင်မှုပိုင်း အရ စစ်ဆေးဖို့ လိုနေပြီး ၊ လူငယ် ကစားသမားတွေ ဖြစ်တဲ့ ကယ်ဗင် ရမ်ဆေး ၊ ကယ်လာဟာ တို့ကလဲ လေ့ကျင့်ခန်း အစီစဉ်တွေ ကျေညက်အောင် လုပ်ဖို့ လိုသေးတယ်လို့ ကလော့ပ် က ဆိုပါတယ်။

ကာတစ်ဂျုံး ၊ နာဘီ ကီတာ ၊ ချန်ဘာလိန် ၊ ရော်ဘတ်ဆန် တို့ဟာ ဒဏ်ရာပြသနာကြောင့် အနားယူနေရဆဲ ဖြစ်ကြောင်းကို အခုလို ပြောပြသွားခဲ့ ပါတယ်။

“ တချို့ က ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ရင်း အနားယူနေရဆဲပါ။ ကျနော် အမှတ် မမှားဘူး ဆိုရင် ကာတစ် ၊ ချန်ဘို ၊ နာဘီ နဲ့ ရိုဘို တို့ ဖြစ်ပါတယ်။ ဒီ 4 ယောက်ကတော့ သေချာပေါက် ပါဝင် ကစားပေးနိုင်မှာ မဟုတ်ပါဘူး”

“ နူနက် ၊ ဒီယက်ဇ် ၊ ဂျော်တာ တို့က နိုင်ငံတကာပွဲစဉ်တွေ ကနေ ပြန်ရောက်ခါစ ရှိပါသေးတယ် ၊ ခရီးက ရှည်လွန်းတော့ ဒီယက်ဇ် ဆိုရင် မနေ့ကမှ လေယာဉ် ဆိုက်တာပါ။ ကျနော်တောင် သူနဲ့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကြားရတဲ့ သတင်းက သူလဲ အခြေနေကာင်းပါတယ်။ ဒါပေမယ့် ခရီးပန်းထားတာမို့ စစ်ဆေးမှုတွေတော့ လုပ်ရဦးမှာပါ။

ကယ်ဗင် ရမ်ဆေး က ကစားပေးဖို့ အထိတော့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒါပေမယ့် ဝမ်းသာစရာ သတင်းက သူဟာ လက်ရှိမှာ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပါပြီ။ လောလောဆယ်တော့ အသင်းနဲ့ အတူ လေ့ကျင့်ခန်းတွေ ဆက်တိုက်ဆင်းရင်း ၊ အသင့်ဖြစ်တဲ့ အခိုက်တန့်ရောက်ရင် ယူ 21 အသင်း အတွက် ကစားခွင့်ခိုင်းရမှပါ။

ကယ်လာဟာ ကတော့ ဒီတစ်ပတ်မှာ ယူ 21 အသင်းအတွက် ပါဝင် ကစားပေးပါလိမ့်မယ်။ ဒါမှ သူ့လဲ ပွဲကစားချိန်ရမှာပါ။ ဒီရာသီမှာ ဒဏ်ရာကြောင့် အချိန်တွေ အကြာကြီး နားလိုက်ရတော့ သူ့အတွက် အကောင်းဆုံး ရာသီတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် လေ့ကျင့်ခန်းတွေ ပြန်လုပ်နေပါပြီ။

ကိုနာတေး အတွက်လဲ အတူတူပါပဲ ၊ သူကလဲ လေ့ကျင့်ချိန်တွေ ထပ်လုပ်ဖို့ လိုပါသေးတယ်။ ဒီတစ်ပတ် ကစားမယ့်ပွဲမှာ ပါဝင် ကစားဖို့ အတွက်တော့ ဒီနေ့ လုပ်မယ့် လေ့ကျင့်ခန်း အစီစဉ်တွေမှာ စောင့်ကြည့်ရဦးမှာပါ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

SM