အသင်းရဲ့ အပြောင်းအရွှေ့ plan အကြောင်း ထုတ်ပြောလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမား စာရင်းကို တောင့်တင်းစေဖို့ ဒုတိယမြောက် ကြိုတင်ပြင်ဆင််မှု လုပ်ဆောင်နေခဲ့ပြီလို့ နည်းပြ အဲရစ် တန်ဟတ်က မန်ချက်စတာ ဒါဘီ ပွဲစဥ် မတိုင်မီ ထုတ်ပြော သွားခဲ့လိုက််ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နွေတုန််းက ကစားသမားသစ် 5 ဦး အင်အားဖြည့်တင်း ခေါ်ယူရေးမှာ ပေါင် 225.4 သန်း အထိ စံချိန်တင် သုံးစွဲသွားခဲ့ပါတယ်် ။ ဒါပေမဲ့ တန်ဟတ် ကတော့ အသင်းကို ဆက်လက် အင်အား ဖြည့်တင်းဖို့ ရှိနေကြောင်း ပြောခဲ့ပါသေးတယ် ။

ယူနိုက်တက် အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ဂျွန်မားတော့ ကတော့ ပြီးခဲ့တဲ့ တစ်ပါတ်က ဘဏ္ဍာရေး အခြေအနေ ထုတ်ပြန် ကြေငြာချက်မှာ အသင်းဟာ ငွေတွေ အများကြီး သုံးထားခဲ့ပြီ ဖြစ်ကြောင်း ၊ နွေတုန်းကလောက်တော့ ငွေထပ် သုံးသွားဖို့ မရှိကြောင်း ပြောခဲ့ပါသေးတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ လိုအပ်နေသေးသလို မကြာမီမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂိုးသမား ဒေးဗစ် ဒီဂီယာ ရဲ့ နေရာကို အစားထိုးဖို့ အတွက် ဂိုးသမား တစ်ဦးလည်း ခေါ်ယူရပါဦးမယ် ။

အခုတော့ ကစားသမား အင်အား ဖြည့်တင်းရာမှာ နွေ စျေးကွက်က အရေးကြီးဆုံး ဖြစ်ခဲ့တာလားလို့ အမေးခံလိုက်ရတဲ့အခါမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အသင်းရဲ့ ဘဏ္ဍာရေး အနေအထားကို သိထားကြောင်း ၊ လူထပ်ခေါ်ဖို့ ရှိကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဘဏ္ဍာရေး ရလဒ်တွေကို ကျွန်တော် ကောင်းကောင်း သိပါတယ် ။ ဒါပေမဲ့ နိဂုံးချုပ် ပြောရရင် ကျွန်တော့်ဖက််ကတော့ ဝယ်ဖို့ပဲ ရှေးရှုနေမိပါတယ် ။ ဒါပေမဲ့ ကျွန်တော့် ဖက်က ဖြစ်နိုင်ခြေ ရှိတဲ့ အရာတွေ အတွက်ပဲ ကြိုတင် ပြင်ဆင်မှု ပြုလုပ်ရမှာပါ ”

” ခင်ဗျား အနေနဲ့ ကိုယ့်ရဲ့ ကစားသမား စာရင်းကို ကြည့်နေဖို့လိုပါတယ် ။ ပြီးရင် အသင်းရဲ့အနေအထား ဘယ်လိို ရှိနေလဲဆိုတာပါ ကြည့်ရပါ့မယ် ။ ကျွန်တော်တို့ လူဝယ်မယ််ဆိုတာချည်း လှိမ့်ပြောနေလို့မရပါဘူး ။ ကိုယ့်ရဲ့ အသင််းသားတွေကို ဘယ်လိုမြင်သလဲ ၊ အလုပ် ဖြစ်မလားဆိုတာပါ ကြည့်ရပါ့မယ် ”

” ခင်ဗျား ဘယ်လို ကစားစေချင်သလဲ ? ဘယ်လိုမျိုး ကစားသမားတွေ အံဝင်နိုင်မှာလဲ ? ဒါက တကယ့်ကို အလေးထား စဥ်းစားရမယ့် အချက်တွေပါ ။ ကျွန်တော် အဲ့တာတွေကို အခြေခံ တွက်ချက်ပြီးမှ အသင်းကို တိုးတက််အောင် လုပ်ဆောင်ကြရမှာပါ ”

” နိုင်ငံတကာ အားလပ်ရက်တွေ ရရှိခဲ့တဲ့ အချိန်လေးက ကျွန်တော်တို့ကို ကြိုတင် ပြင်ဆင်ချိန် ရရှိစေခဲ့ပါတယ် ။ ကျွန်တော်တို့ရဲ့ အပိုင်းတစ်က နွေတုန်းက ကုန်ဆုံးခဲ့ပါပြီ ။ အခု ကျွန်တော်တို့ အပိုင်း နှစ် အတွက် ပြင်ဆင်နေကြပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar