ဒါဘီပွဲမတိုင်မီ မာတီနက်ဇ်ရဲ့ အရပ်အမောင်းအကြောင်း ပြောဆိုနေသူတွေကို လှောင်ရယ်လိုက်တဲ့ဂွာဒီယိုလာ

ဒီတစ်ပါတ် တနင်္ဂနွေည 7:30 အချိန်မှာတော့ အီတီဟတ် ကွင်းထဲမှာ မန်စီးတီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင််း တို့ဟာ မန်ချက်စတာ ဒါဘီပွဲ နွှဲကြရတော့မှာပဲ ဖြစ်ပါတယ် ။ ဒါဟာ ယူနိုက်တက် နည်းပြသစ် တန်ဟတ် အတွက်် နည်းပြ ဘဝ ပထမဆုံး ဒါဘီပွဲပဲ ဖြစ်ပါတယ် ။

ယူနိုက်တက်တို့ဟာ နွေတုန်းက အေဂျက်ဇ် အသင်းရဲ့ ဗဟို နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကို ပေါင် 46.8 သန်း နဲ့ ခေါ်ယူ ဖြစ်ခဲ့ပါတယ် ။ အဆိုပါ အချိန်တုန်းက အရပ်အမောင်း မကောင်းတဲ့ ခံစစ်မှူးဟာ ပရီးမီးယားလိဂ် မှာ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

လူတွေ ထင်ကြေးပေးခဲ့တဲ့ အတိုင်းပဲ မာတီနက်ဇ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးခဲ့တဲ့ အဖွင့် ပွဲစဥ် နှစ်ပွဲမှာ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား နဲ့ တွဲဖက် ကစားရင်း ခြေစွမ်းကောင်းတွေ ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ဒါပေမဲ့ ရာဖေးလ် ဗာရန်း ဒဏ်ရာပြသနာမှ သက်သာပြီး အသင်းအတွက် ပြန်လည် ကစားနိုင်ချိန်မှာတော့ မာတီနက်ဇ် ဟာ ပြစ်သစ် လက်ရွေးစင် နဲ့ အတူ အကောင်းဆုံး တွဲဖက် ကစားရင်း လေးပွဲဆက် နိုင်ပွဲနဲ့ အတူ ပရိသတ် အချစ်တော် ကစားသမား တစ်ဦး ဖြစ်လာနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ ရှိနေသေးဆဲပါပဲ ။ အဲ့ဒီထဲမှာတော့ လီဗာပူး ဂန္တဝင် ဂျေမီ ကာရေဂါ က သူ့ထက် အများကြီး အရပ်ရှည်ပြီး အမြင့်ဘော ကစားတာ အားသန််တဲ့ ဟားလန်းကို မာတီနက်ဇ် အနေနဲ့ ရှောင်ပြီး ဆော့သင့်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။

အခုတော့ ဒါဘီပွဲ မကစားရသေးခင် ပြိုင်ဖက် မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က ဟာလန်းက အရပ်ရှည်တယ်ဆိုတာကို ပြောလိုက်ပေမဲ့ မာတီနက်ဇ် ဟာလည်း အရည််အသွေးကောင်းသူ ဖြစ်လို့ ယူနိုက်တက်တို့ ခေါ်ယူခဲ့ကြတာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အားလင်း (ဟာလန်း) က အရပ်ရှည်ပါတယ် ။ ဒါဟာ သေချာပါတယ် ။ လူတွေက ကစားသမားတွေကို အရွယ််အစား ကြည့်ပြီး အထင်သေးတာမျိုးကို ကျွန်တော် နှစ််သက််လှပါတယ် ။ သူ (မာတီနက်ဇ်) က ကျွန်တော် ဒီမှာ ရှိနေတယ် ၊ ကစားသမားကောင်း တစ်ဦးပါလို့ သူတို့ကို ​သက််သေပြနိုင်တယ်လေ ”

” သူဟာ အံ့ဖွယ် ကစားသမားကောင်း တစ်ယောက်ပါ ။ သူဟာ ရန်လိုသလို ကစားကွက် တည်ဆောက်ပုံကလည်း ကောင်းလှပါတယ် ။ ယူနိုက်တက်တို့ သူ့အတွက် ငွေပေးခဲ့ကြတယ် ၊ တန်ဟတ် ဆိုတာကလည်း သူ့ကြောင်းကို ကောင်းကောင်းကြီး သိတယ်လေ ”

” ဒါက သူ့အတွက် အရပ်ရှည်တဲ့ ကစားသမားတွေနဲ့ ရင်ဆိုင််တာ ပထမဆုံးအကြိမ် မဟုတ်ဘူးလေ ။ သူအဲ့တာကို ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ် ။ ကစားသမား တစ်ဦး အတွက်် ဥာဏ်ကောင်းတာ ၊ ရဲရင့်တာက ကောင်းလှပါတယ် ။ အားလင်းက အရပ်ရှည်ပါတယ် ၊ ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့ ” လို့ ဂွာဒီယိုလာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar