ဂျေးဇု ကို ခေါ်ယူရာမှာ မြို့ခံပြိုင်ဘက် စပါး အသင်း အပေါ် ဘယ်လို အသာစီး ရယူခဲ့သလဲဆိုတာ ဖွင့်ဟလာတဲ့ အာတေတာ

အာဆင်နယ် အသင်း နည်းပြ အာတေတာ ဟာ မြောက်လန်ဒန် ဒါဘီ ပွဲ မတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂျေးဇု ကို ခေါ်ယူရာမှာ ခါးသီး မြို့ခံ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါး ကို အသာစီး ရယူ ခဲ့ပုံကို ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

ဘရာဇီး လက်ရွေးစင် ကစားသမား ဂျေးဇု ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ မန်ချက်စတာ စီးတီး အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ် ။

ဂျေးဇု ရောက်ရှိလာမှုဟာ အာဆင်နယ် အသင်းရဲ့တိုက်စစ် ကို အများကြီး ပိုမို ကောင်းမွန်သွားစေခဲ့ပြီး သူ့ရဲ့ အရည်အသွေးကောင်းတွေ ပြသကာ ဂန်းနားတို့ အတွက် သွင်းဂိုး ၄ ဂိုး ၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ထားနိုင်ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီမှာ ဂျေးဇု ကို ခေါ်ယူဖို့ အာဆင်နယ် နဲ့ အပြိုင် စပါး ၊ ချဲလ်ဆီး တို့ကလည်း ကြိုးပမ်း ခဲ့ကြပေမယ့် ဘရာဇီးသားဟာ သူနဲ့ မန်စီးတီး မှာ လက်တွဲ ခဲ့ဖူးတဲ့ နည်းပြ အာတေတာ ရှိရာ အာဆင်နယ် အသင်းကိုပဲ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ် ။

အာတေတာ က စပါး နဲ့ ပွဲမတိုင်မှီမှာ ဂျေးဇု ကို ဆွဲဆောင် စည်းရုံး ခဲ့ပုံကို ခုလို ပြန်ပြောင်း ပြောကြား သွားခဲ့ပါတယ် ။ ” အီဒူး က အသင်းရဲ့ ပရောဂျက်တွေအကြောင်း ၊ ကလပ် အသင်းအကြောင်း ၊ ရည်မှန်းချက်တွေ အကြောင်း ဂျေးဇု ကို ပြောပြ ပေးခဲ့တာပါ ။ ”

” အသင်းမှာ သူ့ရဲ့ အခန်းကဏ္ဍ က ဘယ်လို ရှိမလဲ ဆိုတာ သေချာ ပြောပြ ခဲ့ပါတယ် ။ ပြီးတော့ ကျွန်တော် ကိုယ်တိုင် ဂျေးဇု နဲ့ စကားပြောခဲ့ပါတယ် ၊ ဒါကြောင့် ဂျေးဇု ကို ခေါ်ယူနိုင်ခဲ့တာက အသင်းလိုက် ကြိုးစား အားထုတ်မှုကြောင့်လို့ ဆိုနိုင်ပါတယ် ၊ ဂျေးဇု ဘက်ကလည်း ကျွန်တော်တို့ ဘာလုပ်ချင်သလဲဆိုတာ ကောင်းကောင်း နားလည် သဘောပေါက်ပါတယ် ။ ”

” အီဒူး က ဂျေးဇု နဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားခဲ့ဖူးတာကလည်း အပြောင်းအရွှေ့ဖြစ်မြောက်ရာမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ် ။ ကျွန်တော်တို့မှာ သူ့ကို ခေါ်နိုင်မယ်လို့ ယုံကြည်မှုလည်း ရှိခဲ့ပါတယ် ၊ အာဆင်နယ် ကို လာဖို့ကတော့ သူကိုယ်တိုင် ဆုံးဖြတ်ချက် ချခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM