ဂျာရတ်မဟုတ်တဲ့ က‌လော့ရဲ့ လီဗာပူး မန်နေဂျာ ရာထူးကို ဆက်ခံသွားမယ့် နည်းပြကို ပြောပြလိုက်တဲ့ ဆဲတစ်ကစားသမားဟောင်း

ဆဲတစ်ကစားသမားဟောင်း ဖြစ်သူ ပေါလ်စလိန်းက ယာဂန်ကလော့ရဲ့ လီဗာပူး မန်နေဂျာ ရာထူးကို ဘယ်သူ ဆက်ခံသွားမလဲဆိုတာ ပြောပြသွားခဲ့ပါတယ်။ ကလော့ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလက လီဗာပူးကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အန်ဖီးမှာ ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်ဖလား အပါအဝင် ဆုဖလား ၆ လုံးကို ဆွတ်ခူးထားခဲ့ပါတယ်။

ကလော့ဟာ ပြီးခဲ့တဲ့ ဧပြီလက လီ‌ဗာပူးနဲ့ နောက်တစ်ကြိမ် စာချုပ်သက်တမ်း တိုးခဲ့တာကြောင့် အန်ဖီးမှာ လာမည့် ၂၀၂၅-၂၆ ရာသီအထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးရန် နောက်ထပ် ၄ နှစ် ကျန်နေသေးပေမယ့်လည်း ဆဲတစ် ကစားသမားဟောင်း ဖြစ်တဲ့ ပေါလ်စတိန်းက ဂျာမန်နည်းပြ အန်ဖီးကနေ ထွက်ခွာသွားခဲ့တဲ့ အခါ ၎င်းရဲ့ နေရာကို လက်ရှိ ဆဲတစ်နည်းပြ ပိုစတီကိုဂလူးက ဆက်ခံသွားနိုင်တယ် သူမြင်မိကြောင်း ဆိုလိုက်ပါတယ်။

ပိုစတီကိုဂလူးဟာ ၂၀၂၁ ‌နွေရာသီက ဆဲတစ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပထမဦးဆုံး ကိုင်တွယ်တဲ့နှစ်မှာပဲ စကော့တလန် ကလပ်ကို အမှတ်ပေးချန်ပီယံဆု ရယူပေးခဲ့ပါတယ်။ စတိန်းက ဆဲတစ်ကို အကောင်းဆုံး ကိုင်တွယ်ထားခဲ့တဲ့ ပိုစတီကိုဂလူးဟာ ယာဂန်ကလော့ အန်ဖီးကနေ ထွက်ခွာသွားခဲ့တဲ့ အချိန်မဇာ ဒီရာထူးကို ဆက်ခံနိုင်ရန် လုံလောက်တဲ့ အရည်အသွေး ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

စတိန်းက “ကျွန်တော်ကတော့ ပိုစတီကိုဂလူးဟာ လာမည့် လီဗာပူး မန်နေဂျာ ဖြစ်လာနိုင်တယ်လို့ အမှန်တကယ် ယုံကြည်မိပါတယ်။ ယာဂန်ကလော့ လီဗာပူး ကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန် ဒါမှမဟုတ် လီဗာပူးဟာ ယာဂန်ကလော့နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာ ပိုစတီကိုဂလူးဟာ လာမည့် လီဗာပူး မန်နေဂျာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကလော့ လီဗာပူး ကနေ ထွက်ခွာသွားတဲ့အခါ ဒီရာထူး အတွက် သူကလွဲပြီး အခြား သင့်တော်တဲ့သူ ဘယ်သူ ရှိနေလို့လဲ?

ဒီရာသီ ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဆဲတစ်ဟာ ဥရောပရဲ့ လက်ရှိ ချန်ပီယံ အသင်းကို အကောင်း‌ဆုံး တုန့်ပြန် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ဆဲတစ်ရဲ့ ကစားပုံတွေ ကလည်း မယုံနိုင်စရာပါ။ ဒါ့ကြောင့် ကျွန်တော်ကတော့ ပိုစတီကိုဂလူးဟာ လာမည့် လီဗာပူး မန်နေဂျာ ဖြစ်လာရန် လုံလောက်တဲ့ အရည်အသွေးတွေ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ချဲလ်ဆီးရဲ့ မန်နေဂျာ ရာထူးနဲ့လည်း ထိုက်တန်သူ ဖြစ်ပြီး သူတို့ဟာ ဂရေဟမ်ပေါ်တာကို ရွေးသွားခဲ့ပါတယ်။

ပိုစတီကိုဂလူးဟာ တအားကို ထူးချွန်တဲ့သူ ဖြစ်တာကြောင့် လာမည့် ၄ နှစ် ၅ နှစ်လောက် ဆဲတစ်အသင်းမှာ ဆက်တော့ မနေသင့်ပါဘူး။ သူ့ကို ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတွေက အလိုရှိလာမှာပါ။ ပိုစတီကိုဂလူး ဘက်ကလည်း အကောင်းဆုံးလိဂ်မှာ ထိပ်တန်း နည်းပြတွေနဲ့ အပတ်စဉ် ယှဉ်ပြိုင်သွားလိုတာကြောင့် ပရီးမီးယားလိဂ်ကို ပြောင်းချင်လိမ့်မယ်လို့ ကျွန်‌တော် ထင်ပါတယ်။

ဒါ့ကြောင့် ဆဲတစ်မှာ ကာလရှည် ဆက်နေဖို့ ဆိုတာဟာ သူ့အတွက် ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါပေမယ်လည်း လာမည့်ရာသီရဲ့ ပထမဦးဆုံး ပွဲစဉ်မှာတော့ သူဟာ ဆဲတစ် နည်းပြအဖြစ် ရှိနေမှာပါ။”

SM