သူ့ထက်တောင် မြန်တဲ့ အာဆင်နယ် အသင်းရဲ့အမြန်ဆုံး ကစားသမားနာမည်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ မာတင်နယ်လီ

 

အာဆင်နယ် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား မာတင်နယ်လီ က သူဟာ ဂန်းနားတို့ရဲ့အမြန်ဆုံး ကစားသမား မဟုတ်ကြောင်း ဆိုလိုက်ပြီး ဘယ်နောက်ခံလူ နူနို တာဗာရက်စ် ဟာ သူ့ထက် ပိုမြန်ကြောင်း ပြောကြား လိုက်ပါတယ် ။

မာတင်နယ်လီ က Premier Productions ရဲ့You Tube Channel နဲ့ တွေ့ဆုံခန်းမှာ သူက အာဆင်နယ် အသင်းရဲ့ အမြန်ဆုံး ကစားသမားလား ၊ မဟုတ်ရင် ဘယ်သူက အမြန်ဆုံးလဲ ဆိုတဲ့ မေးခွန်းကို ” မဟုတ်ပါဘူး ၊ ကျွန်တော်က မြန်ပေမယ့် အမြန်ဆုံး ကစားသမားတော့ မဟုတ်ပါဘူး ။ ”

 

” ကျွန်တော့် အထင်တော့ နူနိုတာဗာရက်စ် ပါ ၊ နူနို က တကယ့်ကို မြန်ပါတယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။ တာဗာရက်စ် ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘင်ဖီကာ အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာသူ ဖြစ်ပြီး တီယာနေး ရဲ့ အရန် အဖြစ် ကစားခွင့် ရနေသူ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးဟောင်း အူဘာမီယန်း ကလည်း အင်တာဗျူး တစ်ခုမှာ အသင်းရဲ့ အမြန်ဆုံး ကစားသမားတွေနဲ့ ပတ်သက်ပြီး ဖြေကြား ခဲ့ဖူးပါတယ် ။

 

အူဘာမီယန်း ​က အာဆင်နယ် အသင်းဖော် နှစ်ဦး ဖြစ်ကြတဲ့ နူနို တာဗာရက်စ် နဲ့ တီယာနေး တို့ဟာ သူ့ထက် ပိုမြန်တဲ့ ကစားသမားတွေ ဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ် ။

” ကျွန်တော်က အာဆင်နယ် အသင်းရဲ့ အမြန်ဆုံး ကစားသမား မဟုတ်ဘူးလို့ ထင်ပါတယ် ၊ ကျွန်တော်တို့ အသင်းမှာ သိပ်ကို မြန်တဲ့ ကစားသမား အချို့ ရှိပါတယ် ၊ ဒါပေမယ့် အပြေးပြိုင်ပွဲ လိုမျိုးတော့ မလုပ်ကြည့်ဖူးပါဘူး ၊ လုပ်မယ်ဆိုရင်တော့ ကျွန်တော့်မှာ အခွင့်အရေး ရှိပါတယ် ။ ”

” မီတာ ၈၀ – မီတာ ၁၀၀ မှာဆို ကျွန်တော် က အမြန်ဆုံး ကစားသမားတွေထဲက တစ်ဦးပါ ၊ ဒါပေမယ့် မီတာ ၃၀ မှာတော့ တအားမြန်တဲ့သူတွေ ရှိပါတယ် ၊ ဥပမာ ပြောရရင် နူနို တာဗာရက်စ် နဲ့ တီယာနေး တို့ပေါ့ဗျာ ၊ သူတို့က စပြေးကတည်းက အတော်လျင်လျင်မြန်မြန် ပြေးနိုင်ကြပါတယ် ။ ”

 

” ကျွန်တော်သာ အသက် ၁၈ ၁၉ အရွယ်ဆို သူတို့ထက် ပိုမြန်အောင် ပြေးနိုင်မှာ အသေအချာပါပဲ ၊ ရာနှုန်းပြည့် ယုံကြည်မှု ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ် ။

 

SM