လီဗာပူး ကို ငြင်းပယ်ခဲ့လို့ နောင်တ မရဘူးလို့ ဆိုလိုက်တဲ့ တီမို ဗာနာ

 

တီမို ဗာနာ ဟာ 2020 နွေရာသီ အပြောင်းအရွှေ့ ကာလ တုန်းက လီဗာပူး ကို ပြောင်းရွှေ့ ကစားဖို့ နီးစပ်ခဲ့ဖူးပေမယ့် ၊ နောက်ဆုံးမှာတော့ ချဲဆီး အသင်းကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

 

သူဟာ ချဲဆီး ကစားသမားဘ၀ အသားမကျမှုတွေ ကို ကြံ့ကြံ့ခံရင်း ချန်ပီယံလိဂ် ဖလား ၊ ဥရောပ စူပါ ဖလား နဲ့ ကမ္ဘာ့ ကလပ် ချန်ပီယံ ဖလားတွေ ဆွတ်ခူးနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ဒီညမှာတော့ တစ်ချိန် က သူ ငြင်းပယ်ခဲ့ဖူးတဲ့ လီဗာပူး နဲ့ ရင်ဆိုင်ကာ ၊ စတုတ္ထမြှောက် ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်လာတော့မှာပါ။

 

တစ်ချိန်တည်းမှာ အန်ဖီးလ် ကို ရောက်ရှိဖို့ ဘယ်လောက် အထိ နီးစပ်မှု ရှိခဲ့တယ် ဆိုတဲ့ အကြောင်းအရင်းကို အခုလို ဖွင့်ဟ သွားခဲ့ ပါတယ်။

 

“ ကျနော် ပြောနိုင်တာ တစ်ခုက သူတို့ အသင်းမှာ ဂျာမန် နည်းပြ တစ်ယောက် ရှိပါတယ်။ သူ့ အကြောင်းကို အရင် ကတည်းက သိထားတာ ကြာပါပြီ။ ဘာလို့လဲ ဆိုတော့ ကျနော် စတုဂတ်မှာ ရှိတုန်းက ၊ သူက ဒေ့ါမွန် ကို လာကစားဖို့ ပြောခဲ့ဖူးတယ်လေ။ အဲဒီနောက် ခြေစွမ်း မပြနိုင်တော့ ၊ ဒီလောက်နဲ့ပဲ ပြီးသွားခဲ့ ပါတယ်။

 

လိုက်ပစ်မှာ ကစားချိန်တည်းလဲ ပရီးမီးယားလိဂ် ကို လာရောက် ကစားဖို့ အခွင့်အရေး ရှိခဲ့ဖူးပါတယ်။ လီဗာပူး က ကျနော့် အတွေးထဲမှာ ဖြစ်နိုင်ချေ အများဆုံး ကလပ်တစ်ခုပေါ့။ ဒါပေမယ့် နောက်ဆုံးမှာတော့ ချဲဆီး ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တယ်လေ။ မနှစ်က ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာမို့ ၊ အဆိုးဝါးဆုံး ဆုံးဖြတ်ချက်တော့ မဟုတ်ခဲ့ပါဘူး။

 

ကလော့ပ် က ဂျာမဏီ က ထွက်ပေါ်ခဲ့တဲ့ အကောင်းဆုံး နည်းပြတွေ ထဲက တစ်ယောက် ဖြစ်ပါတယ်။ ဒီစကား က ကျနော်တို့ ရဲ့ မန်နေဂျာ တူချယ် ကို တိုက်ခိုက်ပြီး ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူဟာ ဖလားတွေ တော်တော်များများကို သိမ်းပိုက် ခဲ့တယ်လေ။

 

သူ့မှာ နှစ်လိုဖွယ် ကောင်းတဲ့ Personality မျိုး ရှိပါတယ်။ ဂျာမန်တွေ သဘောကျတဲ့ Personality မျိုးပေ့ါ ဘာလို့လဲ ဆိုတော့ သူက ပျော်ပျော် နေတတ်ပုံ ရတယ်တဲ့ သူလေ။

 

ဂျာမန်တွေက ကလော့ပ် တို့ ၊ မူလာ တို့ ပုံစံတွေကို တအားချစ်ကြတာပါ။ သူတို့မှာ ကိုယ်ချင်းစာ တရားက အပြည့်ရှိပါတယ်။ စိတ်ထဲမှာ ရှိတဲ့ အတိုင်း ပွင့်ပွင်းလင်းလင်း ပြောကြသလို ၊ ဟန်ဆောင်မှုလဲ ကင်းပါတယ်။ ဒါက ဘောလုံး လောကမှ အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုပါပဲ။

 

ပြီးတော့ ဟာသညဏ်ရွှင်သလို ၊ ကွင်းဘေးမှာကလဲ ခွန်အား အပြည့်နဲ့ မောင်းနှင်တတ်သူပါ။ လူတွေ ကိုလဲ သူနဲ့ တစ်သားတည်း ဖြစ်အောင် စည်းရုံးနိုင်စွမ်း ရှိပါတယ်။ ဂျာမန်တွေက ဒါမျိုးတွေကို သဘောကျတာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

 

ချဲဆီး ကလဲ ကမ္ဘာ့အဆင့်မီ နည်းပြ တစ်ယောက် ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဖလားကြီးကို ကိုင်မြှောက်ပြခဲ့သလို ၊ အက်ဖ်အေ ဖလား ဗိုလ်လုပွဲကိုလဲ နှစ်ရာသီ ဆက်တိုက် တက်ရောက်နိုင်အောင် စွမ်းဆောင်ပြထားတာပါ။

ဆက်လက် သောမတ် တူချယ် နဲ့ ပတ်သက်လို့တော့ “ သူကလဲ လက်ရှိ ခင်ဗျားတို့ သတ်မှတ်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာတွေ လိုမျိုး ၊ အဲဒီ နည်းပြတွေ ရဲ့ အမြင့်ဆုံး အခိုက်အတန့် ပိုင်ဆိုင်ထားသလိုမျိုး ရှိပါတယ်။ ခင်ဗျားတို့ အတွေးမှာတော့ အကောင်းဆုံးလို့ ပြောလိုက်ရင် ပက် တို့ ၊ ကလော့ပ် တို့လောက်ပဲ ရှိချင် ရှိမှာလေ” လို့ တုန့်ပြန် သွားခဲ့ ပါတယ်။

 

ဒီည ကစားမယ့် အက်ဖ်အေ ဖလား ဗိုလ်လုပွဲကို ဒိုင်လူကြီး ခရိတ် ပေါ်လ်ဆင် က တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပြီး ၊ VAR ဒိုင် အဖြစ် ပေါလ် တီယာနေး က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

 

SPORTS MYANMAR