မန်စီးတီးနဲ့ ယှဉ်ပြိုင်နေရတဲ့ ပရီးမီးယားလိဂ် title race မှာ လီဗာပူးရဲ့ တကယ့်ပြဿနာကို ပြောပြလိုက်တဲ့ ဂယ်ရီနဗီး 

 

ဂယ်ရီနဗီက မန်ချက်စတာစီးတီး အသင်းဟာ လက်ရှိမှာ အသာစီး အနေအထားမှာ ရှိနေပေမယ့်လည်း လီဗာပူး အတွက် ပရီးမီးယားလိဂ် title race ဟာ မပြီးဆုံးသေးဘူးလို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ လက်ကျန် ၂ ပွဲ အလိုမှာ မန်စီးတီးရဲ့နောက် ၃ မှတ် အကွာမှာ ရှိနေပါတယ်။ လီဗာပူးဟာ ကြားရက်က ဗီလာကို ၂-၁ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း ၂၄ နာရီ အကြာမှာ မန်စီးတီးက ဝုဖ်ကို ၅-၁ နဲ့ အနိုင်ယူကာ တုန့်ပြန်ခဲ့ပါတယ်။

 

လီဗာပူးဟာ ယနေ့ညမှာ အက်ဖ်အေဖလားဖိုင်နယ် ပွဲစဉ် အဖြစ် ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပြီး မန်စီးတီး ကတော့ မနက်ဖြန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဝက်ဟမ်းကို အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်ပါတယ်။

မန်စီးတီး အနေနဲ့ ဟမ်းမား တို့ကိုသာ အနိုင်ရသွားခဲ့မယ်ဆိုရင် လီဗာပူးကို ခြောက်မှတ်အသာနဲ့ ဦးဆောင်သွားနိုင်မှာ ဖြစ်ပြီး ဒီနှစ်သင်းကြား ဂိုးကွာခြားချက် အရလည်း မန်စီးတီးက ၇ ဂိုး သာနေခဲ့တာကြောင့် ဂွာဒီယိုလာရဲ့ အသင်း အနေနဲ့ ဟမ်းမား တို့ကိုသာ နိုင်ခဲ့မယ်ဆိုရင် ဖလားရသလောက် ဖြစ်သွားမှာ ဖြစ်ပါတယ်။

 

နဗီးက ဖာဘင်ညို ဒဏ်ရာ ရသွားခဲ့ခြင်းဟာ လီဗာပူးအတွက် တကယ့် ပြသနာလို့ ရှင်းပြလိုက်ပြီး ဘရာဇီး လက်ရွေးစင်ဟာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ဖိုင်နယ်ကို သေချာပေါက် လွဲချော်မယ့် အပြင် လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ အတွက်လည်း မသေချာပါဘူး။

ဒါပေမယ့်လည်း ဖာဘင်ညိုဟာ လာမည့် မေလ ၂၈ ရက်နေ့ ရီးရဲယ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ် ပွဲစဉ်မှာတော့ အသင်း အတွက် ပြန်ကစားပေးနိုင်မှာ ဖြစ်တယ်လို့ ကလော့က အတည်ပြုခဲ့ပါတယ်။

နဗီးက “ဒါဟာ လီဗာပူး အတွက် ကြီးမားတဲ့ ပြသနာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ title race မှာ ဖိအားပေးနေရတဲ့ အပြင် သူတို့ရဲ့ စိတ်ဓာတ်ကို စမ်းသပ်ခံနေရတာပါ။ ဗီလာနဲ့ ပွဲမှာ ဆိုရင် သူတို့ ဦးဆောင်ဂိုး ပေးခဲ့ရပြီးနောက် သူတို့ ပြဿနာ ကြီးကြီးမားမား တက်ပြီလို့ ကျွန်တော် ထင်ခဲ့ပါတယ်။

မန်စီးတီး အနေနဲ့ ဝုဖ် ဒါမှမဟုတ် ဝက်ဟမ်း တစ်ပွဲပွဲမှာ ခြေချော်မှု ရှိနိုင်တယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ်။ ဒါ့ကြောင့် ဝုဖ်တို့ ချေပဂိုး သွင်းယူသွားချိန်မှာ ထင်တဲ့အတိုင်း ဖြစ်တော့မယ်လို့ ထင်ပါတယ်။ စီးတီးဟာ ခံစစ်ပိုင်းမှာ ဒဏ်ရာပြသနာတွေ ရှိနေပြီး သူတို့ဟာ ဒါကို ဖြေရှင်းနေရပါတယ်။

ဗီလာနဲ့ပွဲမှာ ဖာဘင်ညို ဒဏ်ရာကြောင့် ထွက်သွားခဲ့ရတာဟာ လီဗာပူး အတွက် ပြသနာလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ကြီးမားတဲ့ ပြသနာ ဖြစ်နိုင်ပါတယ်။ အကယ်လို့များ သူသာ ရက်သတ္တပတ် အနည်းငယ် အနားယူသွားရမယ် ဆိုရင် လီဗာပူး အတွက် တကယ့် ပြသနာပါပဲ။ လက်ကျန် ပရီးမီးယားလိဂ် ၂ ပွဲ နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူ ကြ့ံခိုင်မှု ပြည့်ဝဖို့ လိုအပ်ပါတယ်။ လီဗာပူးဟာ ဒဏ်ရာ ပြသနာလေးတွေ အနည်းငယ် စတင် ကြုံတွေ့နေရပါပြီ။

 

စီးတီး ကတော့ နောက်တန်းမှာ ဒဏ်ရာ ပြသနာတွေ ရှိနေပါတယ်။ ဝုဖ်ဟာ သူတို့ကို ကောင်းကောင်း ဒုက္ခပေးလိမ့်မယ်လို့ ထင်မှတ်ထားခဲ့ပေမယ့်လည်း ကယ်ဗင်ဒီဘရိုင်းနားဟာ ပြောစရာ စကား မရှိလောက်အောင် လုပ်ပြသွားခဲ့ပါတယ်။ သူဟာ တကယ့်ကို ကြည့်ကောင်းလှတဲ့ ကစားသမား တစ်ဦးပါပဲ။”

 

ဆက်လက်ပြီး နဗီးက title race နဲ့ ပက်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောပြသွားခဲ့ပြီး မန်စီးတီးတို့ ရမှတ် ၃ မှတ်အပြင် ဂိုးကွာခြားချက်လည်း အသာရနေပေမယ့် လီဗာပူး အတွက် အနည်းငယ်တော့ မျှော်လင့်ချက် ရှိနေသေးတယ်လို့ ဆိုသွားပါတယ်။

နဗီးက “မန်စီးတီးဟာ တနင်္ဂနွေနေ့မှာ ဝက်ဟမ်းနဲ့ ပွဲကျပ် ကစားသွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ မန်စီးတီးတို့ ဒီပွဲမှာ ခြေချော်သွားနိုင်တယ်လို့ ယူဆနေဆဲ ဖြစ်ပါတယ်။

ဒီပွဲရဲ့ ခြေချော်မှုဟာ လီဗာပူးအတွက် လုံလောက်မှု ရှိနိုင်မလား ဆိုတာကိုပဲ မေးခွန်းထုတ်သွားရမှာပါ။ ဒီနှစ်သင်းကြား ဂိုးကွာခြားချက်ဟာ မန်စီးတီးတို့ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင် လီဗာပူးအတွက် လိုက်မှီဖို့ မဖြစ်နိုင်လောက်တဲ့ အနေအထား ဖြစ်ပါတယ်။

 

Title race အတွက် ကစားဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်ကတော့ ဒီလိဂ်ဟာ မပြီးဆုံးသေးဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ဒီဘရိုင်းနားဟာ နယူးကာဆယ် ဝုဖ် တို့နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲမှာ အကောင်း‌ဆုံး တုန့်ပြန်ခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့ သိပ်ပြီး မြင်ရလေ့ မရှိတဲ့ level ကို ပြသသွားခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

 

SM