အဆင့် 4 နေရာ အတွက် စပါးဘက်က လောင်းမယ်လို့ ဆိုလိုက်တဲ့ ဂယ်ရီ နဗီးလ်

မနေ့ညက မြောက်လန်ဒန် ဒါဘီ ပွဲစဉ်ကိုသာ အနိုင်ရခဲ့မယ် ဆိုရင် အာတေးတား ရဲ့ အာဆင်နယ် အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ သေချာ သလောက်နီးပါး ရှိသွားမှာ ဖြစ်သည့်တိုင်အောင် ၊ ကွင်းလယ် ဒိုင်လူကြီး ရဲ့ ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်တွေက မျှော်လင့်ချက်တွေကို ေ၀ဝါးသွားစေခဲ့ ပါတယ်။

စီးဒရစ် က ဧရိယာ အတွင်းမှာ ဆွန်ယောင်မင် ကို တွန်းတယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် သတ်မှတ်ပေးလိုက်တဲ့ ပင်နယ်တီ ကို ဟယ်ရီကိန်း က သွင်းဂိုး အဖြစ် ပြောင်းလဲ သွားခဲ့ပြီး ၊ ဟိုဒင်း အနီကဒ် ပြခံရပြီး နောက်ပိုင်းမှာလဲ နောက်ထပ် သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့ ပြန်ပါတယ်။ တတိယမြောက် သွင်းဂိုးကိုတော့ ဒီရာသီမှာ ဂိုးမြူးနေတဲ့ ဆွန်ဟောင်မင် က သွင်းပေးသွားခဲ့တာပါ။

Sky Sports ရဲ့ ဝေဖန် သုံးသပ်သူ ဂယ်ရီ နဗီးလ် ကတော့ ဒီပွဲ နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်တွေကို အခုလိုပဲ ချပြသွားခဲ့ ပါတယ်။

“ ဒီပွဲက အာတေးတား အတွက် ကြီးမားတဲ့ အခိုက်အတန့် တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ လူငယ် ကစားသမားလေးတွေ အပေါ်မှာ ဖိအားတွေက အရမ်းကို များလွန်းနေပါတယ်။ အာတေးတား ဟာ ထိုက်တန်တဲ့ လစာပေးချေမှုတွေ နဲ့ ကမ်းလှမ်းခံခဲ့ရလို့ ၊ အာဆင်နယ် နည်းပြရာထူးကို လက်ခံခဲ့တာ နားလည်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အနီကဒ် ပြခံလိုက်ရတာ ၊ နယူးကာဆယ် နဲ့ ပွဲ အပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ အပေါ် သူက ဘယ်လို ရှုမြင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒီတစ်ကြိမ် မြောက်လန်ဒန်ဒါဘီ ပွဲစဉ်က သူ့ရဲ့ အာဆင်နယ် နည်းပြဘ၀ အောင်မြင်မှု ရှိတယ် ၊ မရှိဘူး ဆိုတာကို အဆုံးအဖြတ်ပေးလုနီးပါးအထိ ဖြစ်ခဲ့ပါတယ်။ ကျနော့် အမြင် အာတေးတား ဟာ အာဆင်နယ် မှာ အကောင်းဆုံး ပုံစံတွေ ပြသနေတာပါ။ အက်ဖ်အေ ဖလား ရယူအပြီး ၊ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပြလိုက်မယ် ဆိုရင် သူ့ရဲ့ CV ထဲမှာ အောင်မြင်တဲ့ မှတ်တမ်းတွေ စတင် ထည့်သွင်းနိုင်ပြီလို့ ပြောလို့ ရပါတယ်။ တကယ်လို့ ချန်ပီယံလိဂ် ဝင်ခွင့် သူမရပဲ ၊ ကွန်တီသာ ရသွားမယ် ဆိုရင် ၊ သူ့ အပေါ် ရိုတ်ခတ်မှုလေးတွေ ရှိလာနိုင်ပါတယ်။

သူက အာဆင်နယ် နည်းပြ ရာထူးမှာ ရှိနေတာ ကြာပါပြီ။ တနင်္လာနေ့ နယူးကာဆယ် နဲ့ ကစားမယ့်ပွဲမှာ ဘယ်လို ရလာဒ်တွေ ထွက်ပေါ်လာပါစေ သက်ရောက်မှုတော့ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို အနေအထားတွေက မန်နေဂျာ တစ်ယောက် အတွက် လှေကားထစ်တွေ တက်ရောက်နိုင်သလိုပါပဲ။ သူ့ဘက်မှာ ကံကြမ္မာက ဘယ်လောက်အထိ ဖေးမပေးထားမလဲ ဆိုတာ စောင့်ကြည့်ကြမယ်လေ”

“ ဟိုဒင်း ကို ပြလိုက်တဲ့ အနီကဒ် က ကြီးမားတဲ့ သက်ရောက်မှု တစ်ခုဖြစ်ပါတယ်။ အဲဒီ အဖြစ်အပျက်ကြောင့် ပွဲကောင်း တစ်ခုရဲ့ အလားအလာတွေလဲ ကွယ်ပျောက်သွားတယ်လေ။ အာဆင်နယ် က 11 ယောက် နဲ့သာ ကစားရမယ် ဆိုရင် တုန့်ပြန်မှု တစ်ခုခုတော့ မြင်လာရနိုင်တာ ဖြစ်လို့ ၊ စိတ်ပျက်စရာတော့ ကောင်းပါတယ်။ ပထမပိုင်းမှာ 1-0 ၊ 2-0 အနေအထားမျိုး ဆိုရင်တောင် သူတို့က အစွမ်းကုန် တိုက်ပွဲဝင်ဦးမယ် သူတွေပါ။

ဆွန် ပြေးထွက်သွားတဲ့ ပုံစံကို ကျနော် သေချာကြည့်ဖြစ်ပါတယ်။ အဲဒီလို တိုက်စစ် ကစားသမားမျိုး ရှိရင် ကျနော် က သူတို့ လမ်းကြောင်းကို ကြိုပြီး မှန်းဆထားသလို ၊ ဘောလုံးက ဘယ်နေရာကနေ ထွက်လာသလဲ ဆိုတာကို သေချာ တွက်ချက်နေတာပါ။ ဟိုဒင်း အနေနဲ့ နည်းနည်းလေးပဲ ခုလိုက်မယ်ဆိုရင် ဘာမှ အဝါကဒ် ပြခံရစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် တံတောင် ထုတ်သုံးလိုက်တဲ့ အခြေအနေကို VAR က မြင်သွားပြီး ၊ အနီကဒ် ပြဖို့ ထောက်ခံချက် ပေးလိုက်တာ ထင်ပါတယ်။

တကယ်ဆို လီဗာပူး နဲ့ ကစားခဲ့တဲ့ ပွဲမှာ ကတည်းက စပါး တိုက်စစ် ကစားသမားတွေ ဘယ်လို ကစားကြလဲ ဆိုတာ ကြိုတင် လေ့လာမှုတွေ လုပ်ဆောင်ဖို့ ကောင်းပါတယ်။

“ရာသီ အကုန်မှာ ကွန်တီ ရဲ့ အခန်း ကဏ္ဍက ဘယ်လိုတွေ ဖြစ်လာမလဲ။ ဒီည ပြသွားတဲ့ ပုံစံမျိုး ဆိုရင်တောင် ၊ ဥရောပမှာ ကွန်တီ လုပ်ပြသလိုမျိုး လုပ်နိုင်တဲ့ ကလပ်တွေ အများကြီး မရှိပါဘူး။ လက်ရှိ ပရီးမီးယားလိဂ် က ဥရောပမှာ အကောင်းဆုံး နေရာ တစ်ခုပါ။ ထိပ်တန်း မန်နေဂျာတွေ အများကြီး ပိုင်ဆိုင်ထားသလို ၊ ဒီနေရာမှာ ရှင်သန်ခွင့်ရချင်ရင် ကိုယ်က ဘာလုပ်ပြနိုင်လဲ ဆိုတာ ပြသဖို့ လိုပါတယ်။

ဒီည စပါးကွင်းထဲက ပရိသတ်မျိုးကို ဒီရာသီမှာ တစ်ခါမှ မမြင်ဖူးပါဘူး။ ပြောရရင် ပရီးမီးယားလိဂ် ရဲ့ အိမ်ကွင်း စံနှုန်း တစ်ခုလို့တောင် သုံးနှုန်းလို့ ရမယ် ထင်ပါတယ်။

ပြီးတော့ ကွန်တီ လိုချင်နေတဲ့ ညချမ်းမျိုးပါပဲ။ သူက ချန်ပီယံလိဂ် ပြိုင်ပွဲမျိုးမှာ ကစားချင်သလို ၊ အဲဒီ နေရာမျိုးမှာလဲ သူ့ စွမ်းဆောင်ရည်တွေ ထုတ်ပြချင်တဲ့သူပါ။ ထပ်ပြောရရင် စပါး ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရ/မရ ဆိုတာ ကွန်တီ ကို ဆက်ထိန်းထားနိုင်ဖို့ အတွက် အများကြီး သက်ရောက်မှု ရှိပါတယ်။

ကွန်တီ က သူဖြစ်ချင်တာ ကို အတင်းဖြစ်ခွင့်ရမှ ကျေနပ်သူ ဖြစ်သလို ၊ လိုချင်တဲ့ ကစားသမားလဲ ရအောင် ခေါ်ပေးမှ ပါးစပ်ပိတ်ထားတဲ့သူပါ။

စပါးသာ ချန်ပီယံလိဂ် ကစားခွင့် ဆုပ်ကိုင်နိုင်ခဲ့မယ် ဆိုရင် လက်ရှိ ကစားသမားတွေ အားလုံး က သူတို့ဟာ တစ်စုံတခုကို တည်ဆောက်ဖို့ ပါဝင်ခွင့်ရနေပြိ ဆိုတာ ခံစားမိပါလိမ့်မယ်။ ဒါမျိုး လုပ်ဖို့ အတွက် စပါး အတွက်လဲ မယုံကြည်နိုင်စရာ ကောင်းလွန်းပါတယ်။ အခု ဆိုရင် ကစားသမားတွေက အတွေ့အကြုံရော ၊ တည်ငြိမ်မှု ပိုင်းမှာပါ ပိုပြီး ကောင်းမွန်လာကြပါပြီ။

အာဆင်နယ် ကတော့ အဲဒီလောက် တည်ငြိမ်မှု မရှိသေးပါဘူး။ ဒါကြောင့်လဲ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စပါးကိုပဲ ကျနော်က မှန်းထားတာပါ။

အာဆင်နယ် ဟာ အမှတ်ကွာဟချက် သာလွန်နေဆဲ ဆိုတာ သိပါတယ်။ လက်ကျန် နှစ်ပွဲ အနိုင်ကစားမယ် ဆိုရင် အဲဒီ အသင်းတွေက နယူးကာဆယ် နဲ့ အဲဗာတန် ဖြစ်ပါတယ်။ တကယ်လုပ်ပြနိုင်ရင်တော့ အာတေးတား အတွက် ဆလန်ပါပဲ။ ဒါပေမယ့် တော်တော်ကြီး ခက်ခဲမယ် ထင်တယ်ဗျာ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

SM