လက်ရှိ အပြောင်းအရွှေ့ ဈေးကွက် အခြေအနေကြောင်း ပြောပြသွားတဲ့ Fabrizio Romanoကိန်း ၊ ကွန်တီ နဲ့ စပါးတို့ အကြားက သုံးပွင့်ဆိုင် ဇာတ်လမ်း

အယ်လင် ဟာလန်း ကို ခေါ်ယူနိုင်ခဲ့ အပြီးမှာတော့ မန်စီးတီး ဟာ ဟယ်ရီ ကိန်း ကို ခေါ်ယူဖို့ ကြိုးစား အားထုတ်ခဲ့မှုတွေ အားလုံးကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ အင်္ဂလန် တိုက်စစ်မှုး ရဲ့ လက်ရှိ ဦးစားပေး ပစ်မှတ်က တော့တင်ဟမ် ဟော့စပါး နဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ဖို့ ဖြစ်ပြီး ၊ ရာသီကုန်တာ နဲ့ အသင်းတာဝန်ရှိသူတွေ ကို တွေ့ဆုံပြီး တိုက်ရိုတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

ဟယ်ရီ ကိန်း နဲ့ ကွန်တီ တို့အကြား ဆက်ဆံရေးက ကောင်းမွန်စွာ ရှိနေပါတယ်။ အီတလီသားကြီးဟာ လာမယ့် ဘောလုံးရာသီမှာ နည်းပြ အဖြစ် ဆက်ရှိနေဖို့ အတွက် ကိန်း အပါအဝင် ၊ စပါး အသင်းက အဓိက ကစားသမား တော်တော်များများ က အသင်းမှာ ဆက်ရှိသွားမယ့် အကြောင်း ကလပ် အသင်းဆီက အာမခံချက် အပြည့်အ၀ ပေးဖို့ အလိုရှိနေပါတယ်။ လက်ရှိ အနေအထားအရ ယူနိုက်တက် အပါအဝင် ကလပ် အသင်း တော်တော်များများ က စိတ်ဝင်စားနေကြသည့်တိုင်အောင် ၊ အပြောင်းအရွှေ့ က လွယ်လွယ်ကူကူ နဲ့ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ Daniel Levy က ကိန်း ကို စာချုပ်သစ် ကမ်းလှမ်းဖို့ ရည်ရွယ်ထားပေမယ့် ၊ အခြေအနေ အားလုံးဟာ ကိန်း ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်နေပါတယ်။

လက်ရှိ အနေအထားထိ ပြောရရင် စပါး ကလဲ ဟယ်ရီ ကိန်း ရဲ့ တန်ဖိုး နဲ့ ပတ်သက်လို့ ဘယ်လို ဈေးနှုန်းမှ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလို ကိန်း ကို ရောင်းချဖို့ ဆန္ဒမရှိသလို ၊ ဒီရာသီကုန်ရင်တောင် အပြောင်းအရွှေ့ ဖြစ်လာဖို့က ကိန်း အပေါ်မှာပဲ အများကြီး မူတည်နေပါတယ်။

ယူနိုက်တက် ကတော့ တိုက်စစ်မှုး တစ်ယောက် မဖြစ်မနေ သေချာပေါက် ခေါ်မှာပါ။ စာချုပ်သက်တမ်း ကုန်တော့မယ့် ကာဗာနီ ရဲ့ နေရာကို အစားထိုးဖို့ လိုအပ်နေသလို ၊ ပုံမှန် ခြေစွမ်းထိန်းထားနိုင်ခြင်း မရှိတဲ့ ရှပ်ရှ်ဖို့ဒ် အပေါ်ကိုလဲ အများကြီး မှီခိုထားလို့ မရပါဘူး။ နည်းပြသစ် တန်ဟတ် မှာ မကြာခင် အချိန်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမယ့် ကိစ္စတွေကို ဦးဆောင် ဆွေးနွေးလာဖွယ် ရှိနေပါတယ်။

ဒီနေရာမှာ သေချာ ရှင်းလင်းထားစရာ အကြောင်းအရင်း တစ်ခုရှိနေပါတယ်။ ကွန်တီ နဲ့ ပီအက်စ်ဂျီ တို့ အကြားက သတင်းတွေကို ၊ နည်ပြကြီး ဘက်က ကိုယ်စားလှယ်တွေက ဖွတာ မဟုတ်ပါဘူး။

လီယိုနာဒို ဟာ ကွန်တီ အကြောင်း ကောင်းကောင်း သိထားသူ ဖြစ်ပေမယ့် ၊ လက်ရှိ အချိန်ထိတော့ ကွန်တီ နဲ့ ပဲရစ် ကလပ်တို့ အကြား ဘာမှ ဆွေးနွေးပြောဆိုတာမျိုးတွေ မရှိသေးပါဘူး။ ကွန်တီ ရဲ့ အဓိက ပစ်မှတ်ကလဲ စပါး အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပြဖို့ ဖြစ်ပြီး ၊ အဲဒီ ရည်ရွယ်ချက် ပြည့်မြှောက်တာ နဲ့ ဥက္ကဌ Daniel Levy ကို တွေ့ဆုံကာ အနာဂတ် ကိစ္စ သေချာ ဆွေးနွေးသွားမှာပါ။

ကွန်တီ ဟာ နွေရာသီ အပြောင်းအရွှေကမှာ အနည်းဆုံး ထိပ်တန်း အဆင့်မှီ ကစားသမား 3 ယောက်လောက် ထပ်ပြီး အားဖြည့်ချင်နေပါတယ်။ တစ်ချိန်တည်းမှာ စပါးက ချန်ပီယံလိဂ် ကစားခွင့်လောက်ပဲ မှန်းထားတာလား ၊ ဟယ်ရီ ကိန်း ကိုပါ ဆက်ပြီး ထိန်းထားနိုင်မလား ဆိုတဲ့ အကြောင်းအရင်းတွေကိုပါ ရှင်းရှင်းလင်းလင်း သိချင်နေတာပါ။ သူ့ရဲ့ ဦးစားပေးက စပါးနဲ့ လက်တွဲဖို့ ဖြစ်နေသည့်တိုင်အောင် ၊ ရာသီ အကုန်မှာ တွေ့ကြမယ့် အစည်းအဝေးပွဲ က အဆုံးဖြတ်ပေးသွားဖွယ် ရှိနေပါတယ်။

အီးမရိတ် ကို ဦးတည်ထားတဲ့ ဂျေဇု

ဂါဘရီရယ် ဂျေဇု က ဒီရာသီ အကုန်မှာ မန်စီးတီး နဲ့ သေချာပေါက် လမ်းခွဲမှာပါ။ ဒါက သိပ်ကို သေချာနေပါပြီ ၊ ဆုံးဖြတ်ချက်လဲ ချပြီးပါပြီ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တာလေ။ ဂါဘရီရယ် ဟာ အခြား ကလပ်တစ်ခုမှာ အရေပါတဲ့ နေရာက ပါဝင်ခွင့် ရချင်နေပါတယ်။

အာဆင်နယ် က ကစားသမား ရဲ့ အေးဂျင့်နဲ့ တိုက်ရိုတ် ဆက်သွယ်ထားပါတယ်။ ပြီးတော့ ကလပ်ဖက်က တင်ပြထားတဲ့ စီမံကိန်းတွေ ကိုလဲ သဘောကျနေပါတယ်။ ဒါပမေယ့် အပြောင်းအရွှေ့ကိစ္စ အတွက် ကလပ်အသင်း နှစ်ခု အကြား ဘာဆွေးနွေးမှုမှ မရှိသေးပါဘူး၊ ဒါကလဲ မန်စီးတီး ဘက်က ဒီလ အကုန်မှ ဆွေးနွေးဖို့ ဆန္ဒရှိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

လီဂူးဝမ်း ၊ စီးရီးအေ နဲ့ လာလီဂါ ပြိုင်ပွဲတွေက ကလပ်တွေကလဲ ဂျေဇု အကြောင်း စုံစမ်းမှုတွေ လုပ်နေကြပါတယ်။

စတာလင် ရဲ့ အနာဂတ် ကတော့ စာချုပ် အပေါ်မှာ အားလုံး မူတည်နေတာပါ။ မန်စီးတီး ဘက်ကတော့ တတ်နိုင်သမျှ အမြန်ဆုံး သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာပါပဲ။ ပက်ဂွာဒီယိုလာ ကလဲ စတာလင် ကို ထိန်းထားချင်ပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေက ထင်သလောက်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒီလထဲမှာ နောက်တစ်ကြိမ် ထပ်တွေ့ကြဖို့တော့ စီစဉ်ထားပါတယ်။

ကျနော့် အမြင်ပြောရရင် မန်စီးတီး အနေနဲ့ ဂျေဇု ကို ရောင်းပြီး ၊ စတာလင် ကို ထိန်းထားမယ် ဆိုတဲ့ လမ်းကြောင်းက ပိုပြီး လက်တွေ့ဆန်ပါတယ်။ ဟာလန်း ဟာ သေချာပေါက် ဦးစားပေး တိုက်စစ်မှုး ဖြစ်လာမှာ ဆိုတော့ ဂျေဇု အတွက် ကစားခွင့်ကလဲ ကန့်သတ်ချက်တွေ ရှိလာနိုင်တယ်လေ။ အာဆင်နယ် အတွက်လဲ အကျိုးရှိတဲ့ ခေါ်ယူမှုမျိုး ဖြစ်လာမှာပါ။

လီဗာပူး က ပစ်မှတ်တွေ ရှိနေပြီလား?

မန်စီးတီး က ဟာလန်း ကို ခေါ်ယူလိုက်လို့ လီဗာပူး အတွက် အပြောင်းအလဲတွေ ရှိမှာ မဟုတ်ပါဘူး။ သူတို့ဟာ ဒီယက်ဇ် ၊ ကိုနာတေး တို့ကို ခေါ်ယူခဲ့သလိုမျိုး အသင်းအတွက် တကယ် အကျိုးရှိမယ့် ကစားသမားမျိုးတွေ တွေ့မှ ငွေကို ချွေချွေတာတာနဲ့ သုံးမှာ ဖြစ်ပါတယ်။

လက်ရှိ အနေအထားအရ မို ဆာလာ ကို စာချုပ်သက်တမ်း တိုးဖို့ အဓိက ဖြစ်ပြီး ၊ ကွင်းလယ် ကစားသမား တစ်ယောက် အားဖြည့်ဖို့တော့ ကြည့်နေပါတယ်။ Aurelien Tchouameni ဟာ သူတို့ စောင့်ကြည့်နေတဲ့ အထဲက တစ်ယောက် ဖြစ်ပြီး ၊ အခြား ထိပ်သီး ကလပ်တွေကလဲ ချဉ်းကပ်လျှက် ရှိနေပါတယ်။ သတင်းကောင်း တစ်ခုက ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူနဲ့ လီဗာပူး တို့အကြား တိုက်ရိုတ် ဆက်သွယ်မှုတွေတော့ ရှိထားပြီးပါပြီ။

တစ်ဆက်တည်းမှာ ပြောရရင် လီဗာပူး ဟာ Fabio Carvalho ကို ခေါ်ယူနိုင်ပြီ ဖြစ်တဲ့ အကြောင်း တရားဝင် ကြေငြာချက်ကို လာမယ့် ရက်ပိုင်း အတွင်းမှာ ကြေငြာဖွယ် ရှိနေပါတယ်။ အဆိုပါ ချာတိတ်လေးကို အငှားပြန်ချမှာ မဟုတ်ပဲ ၊ အသင်းမှာပဲ ဆက်ထိန်ထားသွားမှာပါ။

SM