ယူရိုပါလိဂ်နဲ့ Europa Conference League ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေအတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်

 

ဗြိတိန် အခြေစိုက်ကလပ်တွေ ဖြစ်ကြတဲ့ ရိန်းဂျား ၀က်ဟမ်း လက်စတာ တို့ဟာ ပထမအကျော့က ရလဒ်တွေ မကောင်းခဲ့ကြပေမယ့်လည်း နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် အခွင့်အရေးကတော့ ရှိနေပါသေးတယ်။

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်ဟာ ယနေ့ညမှာ အဆုံးအဖြတ် ခံယူသွားကြမယ့် ယူရိုပါလိဂ်နဲ့ Europa Conference League ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေကို ယခုလို ခန့်မှန်းပေးသွားခဲ့ပါတယ်။

 

ယူရိုပါလိဂ်

ဖရန့်ဖတ် vs ၀က်ဟမ်း (ပကျော့ ၂-၁)

ပြီးခဲ့တဲ့အပတ်က ၀က်ဟမ်းအတွက် လန်ဒန်မှာ စိတ်ပျက်စရာညကို ကြုံခဲ့ရပါတယ်။ ဖရန့်ဖတ်ဟာ စုစည်းမှုကောင်းခဲ့ကာ အနိုင်ယူရခက်ခဲတဲ့ အသင်း ဖြစ်ပါတယ်။ သူတို့ဟာ ကိုစတင် ကာမာဒါ တို့နဲ့ အတူ တန်ပြန်တိုက်စစ် ကစားတာ တအားကို ကောင်းလှပါတယ်။ သူတို့ဟာ နောက်ဆုံးအဆင့်မှာ ဘာစီလိုနာကို ထုတ်ပယ်နိုင်ခဲ့တာဟာ အကြောင်းရင်းတော့ ရှိနေလို့ ဖြစ်ပါတယ်။

 

၀က်ဟမ်းဟာ နောက်ဆုံးအဆင့်က လီယွန်ကို အဝေးကွင်းမှာ နိုင်ခဲ့သလိုမျိုး လုပ်ပြသွားဖို့ အားခဲနေမှာပါ။ သူတို့ဟာ ဖရန့်ဖတ်ကို လုံလောက်တဲ့ ခြိမ်းခြောက်မှု မပေးနိုင်ခဲ့ဘဲ ဒီအသင်းမှာ သွင်းဂိုးတွေဟာ ခမ်းခြောက်နေတဲ့ ပုံစံပါပဲ။ ဘို၀မ်ကလွဲပြီး ဂိုးတွေဘယ်ကလာမလဲဆိုတာ ကျွန်တော် စိတ်ပူမိပါတယ်။

ကျွန်တော် ၀က်ဟမ်းကို နောက်တဆင့် တက်စေချင်ပေမယ့် ဖရန့်ဖတ်ဟာ အိမ်ရှင်ဖြစ်နေတဲ့ အပြင် အရမ်းကောင်းတဲ့ atmosphere ကို ပြသမှာ ဖြစ်တာကြောင့် ၀က်ဟမ်း အနေနဲ့ ဂျာမနီမှာ စိတ်ပျက်စရာညကို ကြုံရနိုင်ပါတယ်။ ကျွန်တော်ကတော့ သရေပွဲလို့ပဲ ခန့်မှန်းပါတယ်။

 

ခန့်မှန်းချက် : ၁-၁

ရိန်းဂျား vs RB လိုက်ပ်ဇစ် (ပကျော့ ၀-၁)

Ibrox မှာ အရမ်းကို ကောင်းမွန်တဲ့ညကို မြင်တွေ့ရမှာပါ။ ရိန်းဂျားဟာ ဂျာမနီမှာ ကစားပုံ မကောင်းခဲ့ပေမယ့်လည်း တစ်ဂိုးတည်းနဲ့သာ ကပ်ရှုံးထားခဲ့တာပါ။ ဒါဟာ ရလဒ်ဆိုး မဟုတ်တာကြောင့် ဒီ tie ဟာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ရိန်းဂျားဟာ ဒီပွဲမှာ ရမ်ဆေး ပြန်ကစားနိုင်ဖို့ တအား မျှော်လင့်နေပါလိမ့်မယ်။

 

လိုက်ပ်ဇစ်ဟာ တောင့်တင်းတဲ့ အသင်းဖြစ်ပြီး ဂျာမနီမှာ ထိုက်တန်စွာ နိုင်ခဲ့တာပါ။ ရိန်းဂျား အနေနဲ့ လိုက်ပ်ဇစ်ကို တန်ပြန်တိုက်စစ်တွေမှာ ပိုပြီး သတိထားသွားရမှာပါ။ ရိန်းဂျားတို့ လုံလောက်စွာ ဂိုးမသွင်းနိုင်တဲ့အပေါ် ကျွန်တော် စိုးရိမ်မိပါတယ်။ ကျွန်တော်ကတော့ သရေပွဲလို့ ခန့်မှန်းပါတယ်။

 

ခန့်မှန်းချက် : ရိန်းဂျား ၁-၁ လိုက်ပ်ဇစ်

Europa Conference League

မာဆေး vs ဖီယင်နော့ (ပကျော့ ၂-၃)

ပထမအကျော့ဟာ ပွဲကောင်း ဖြစ်ခဲ့ပါတယ်။ ဖီယင်နော့ဟာ အိမ်ကွင်းမှာ နိုင်ခဲ့တဲ့ အတွက် ၀မ်းမြောက်နေမှာပါ။ ဒါဟာ ပြင်သစ်မှာ တွေ့ရမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ မာဆေးဘက်ကို ယိမ်းမိပါတယ်။ မာဆေး အနေနဲ့ ပထမအကျော့က အနိုင်ရခဲ့သင့်တဲ့ အပြင် သူတို့ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ပါတယ်။ The Velodrome ဟာ အဝေးကွင်း အသင်းတွေအတွက် ခက်ခဲတဲ့ နေရာ ဖြစ်ပြီး ကျွန်တော်ကတော့ အိမ်ရှင်တို့ နောက်တဆင့် တက်သွားမယ်လို့ ထင်ပါတယ်။

 

ခန့်မှန်းချက် : မာဆေး ၂-၀ ဖီယင်နော့

ရိုးမား vs လက္စတာ

လက်စတာမှာ ကြည့်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လက်စတာတို့ အဲဒီပွဲမှာ အနိုင်မရခဲ့တဲ့ အပေါ် နောင်တရသွားနိုင်တယ်လို့ ကျွန်တော် စိတ်ပူမိပါတယ်။ သူတို့ဟာ ဘောလုံးကို လွှမ်းမိုး ကစားခဲ့ပေမယ့် စုစည်းမှုကောင်းတဲ့ ရိုးမားဘက်ကို လုံလောက်တဲ့ အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့ပါဘူး။ Rome ဟာ ရော်ဂျာရဲ့ အသင်းအတွက် ခက်ခဲတဲ့ အဝေးကွင်း ပွဲစဉ် ဖြစ်လာမှာပါ။

ကျွန်တော် ကတော့ ဒီပွဲစဉ်မှာ ရိုးမားဘက်ကနေ နေချင်မိပါတယ်။ ဂျိုဆေးမော်ရင်ညိုရဲ့ အသင်းဟာ ဆီမီးဖိုင်နယ် ရောက်နေတာကြောင့် သူတို့ဟာ ဖိုင်နယ် တက်ရောက်ဖို့ အတွက် ရေပန်းစားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကတော့ ရိုးမားပဲ နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

 

ခန့်မှန်းချက် : ရိုးမား ၂-၀ လက်စတာ

 

SM