ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

ယူရိုပါလိဂ်ဟာ ပရိတ်သတ်တွေကို ဒရမ်မာဆန်တဲ့ အရာတွေကို ပေးစွမ်းနိုင်ခဲ့ပြီး ဖြစ်ကာ မိုက်ကယ်အို၀င်ဟာ ဒီကြားရက်မှာ ကစားရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေကို ယခုလိုပဲ ခန့်မှန်း ပေးသွားခဲ့ပါတယ်။

၁~အတ္တလန်တာ Vs လိုက်ပ်ဇစ် (1-1)
ဒီနှစ်သင်း မဲကျခဲ့တဲ့ အချိန်ကတည်းက ဒီ tie ဟာ ခန့်မှန်းရတာ ခက်ခဲမယ့်ပုံ ရှိခဲ့ပါတယ်။ ဂျာမနီမှာ ၁ ဂိုးစီ သရေရလဒ် ရယူနိုင်ခဲ့ခြင်းဟာ အတ္တလန်တာ အတွက် အရမ်းကို ကောင်းတဲ့ ရလဒ် ဖြစ်ပါတယ်။ အတ္တလန်တာ အနေနဲ့ အီတလီမှာ အိမ်ကွင်း အားသာချက်ကို ရယူသွားဖို့ အားခဲနေမှာပါ။ သူတို့ဟာ ပြီးခဲ့တဲ့ အဆင့်မှာ လေဗာကူဆင်ကို အနိုင်ယူခဲ့ပြီး ဒီနေရာမှာလည်း နောက်ထပ် ဂျာမနီ တစ်သင်းကို ယူရိုပါလိဂ် ပြိုင်ပွဲကနေ ထုတ်ပယ်သွားနိုင်မယ့် အခွင့်အရေးကောင်း ရှိနေပါတယ်။ ကျွန်တော်ကတော့ လိုက်ပ်ဇစ်ဟာ ဂိုးသွင်းနိုင်လိမ့်မယ်လို့ မြင်မိပါတယ်။ သူတို့ဟာ တိုက်စစ်ပိုင်းမှာ ခြိမ်းခြောက်နိုင်မှု မြင့်မားလှပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် အတ္တလန်တာကိုပဲ ရွေးချယ်သွားမှာပါ။

ခန့်မှန်းချက် : အတ္တလန်တာ 2-1 လိုက်ပ်ဇစ်

၂~လီယွန် vs ၀က်ဟမ်း (1-1)
အားလုံး စဉ်းစား ကြည့်လိုက်မယ်ဆိုရင် ပထမအကျော့က အိမ်ကွင်းမှာ ၁-၁ ဖြစ်ခဲ့ခြင်းဟာ ၀က်ဟမ်း အတွက် အရမ်းကို ကောင်းတဲ့ ရလဒ် ဖြစ်ပါတယ်။ ခရက်စ်ဝဲလ်ရဲ့ ပထမပိုင်း အနီကတ်ကြောင့် ၀က်ဟမ်း အနေနဲ့ ဒီ tie မှာ အရေးနိမ့်သွားမယ့် ပုံဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒုတိယအကျော့ကို သရေရလဒ်နဲ့ သွားနိုင်ခဲ့တာဟာ အရမ်းကို အပေါင်းလက္ခဏာဆောင်တဲ့ အရာ ဖြစ်ပါတယ်။ လူ ၁ ယောက်လျော့နဲ့ လီယွန်ကို သရေ ကစားနိုင်ခဲ့တာကြောင့် ၀က်ဟမ်း အနေနဲ့ ဒီပွဲစဉ်မှာ ယုံကြည်မှု ပြည့်ဝနေမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ၀က်ဟမ်းတို့ အဝေးကွင်းမှာ နာမည်ကျော် နိုင်ပွဲကို ရယူသွားလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : လီယွန် ၀-၁ ၀က်ဟမ်း

၃~ရိန်းဂျား vs ဘရာဂါ (0-1)
ဘရာဂါကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ခြင်းဟာ ရိန်းဂျား အတွက် အရမ်း ဆိုးတဲ့ ရလဒ်တော့ မဟုတ်ပါဘူး။ ဘရာဂါဟာ အသင်းကောင်း ဖြစ်ပြီး ဒီပွဲမှာ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ရိန်းဂျားဟာ ဒီပွဲစဉ်မှာ ဘာမှ မလုပ်နိုင်ခဲ့သလောက် ပါပဲ။ ဒါပေမယ့် ယခုပွဲစဉ်ကတော့ လုံး၀ကို ခြားနားသွားမှာပါ။ Ibrox ဟာ ဥရောပမှာ ရိန်းဂျားတို့ အတွက် ခံတပ်ကြီး ဖြစ်နေခဲ့တာပါ။ ကျွန်တော်ကတော့ ဒီပွဲစဉ်မှာ ခြားနားတဲ့ ရိန်းဂျားကို မြင်ရလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ စကော့တလန် ချန်ပီယံတို့ နောက်တဆင့် တက်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ရိန်းဂျား 2-0 ဘရာဂါ

၄~ဘာစီလိုနာ vs ဖရန့်ဖတ် (1-1)
ဖရန့်ဖတ်ဟာ ဂျာမနီမှာ ဘာစီလိုနာကို ကောင်းကောင်း ယှဉ်ကစားနိုင်ခဲ့ပါတယ်။ ၁-၁ ဟာ သူတို့အတွက် အရမ်းကောင်းတဲ့ ရလဒ် ဖြစ်ပါတယ်။ ဖရန့်ဖတ် အနေနဲ့ သူတို့ဟာ ဒုတိယအကျော့ အဝေးကွင်းမှာ အခွင့်အရေးကောင်း ရှိနေတယ်လို့ တွေးနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာကို နူးကမ့်မှာ ရင်ဆိုင်ရတာဟာ ကြီးမားတဲ့ ခြေလှမ်း တစ်ခု ဖြစ်ပါတယ်။

ဘာကာဟာ ဇာဗီရဲ့ လက်အောက်မှာ အကောင်းဆုံး ပုံစံကို ရရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ ဒီနေရာမှာ ဘာစီလိုနာကို အကြိုက်တွေ့မိပါတယ်။ ဘာစီလိုနာတို့ နိုင်သွားမှာပါ။

ခန့်မှန်းချက် : ဘာစီလိုနာ 2-0 ဖရန့်ဖတ်

SM