တန်ဟတ်ကို ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကပ်တိုးလေးညှော်လိုက်တဲ့ အေဂျက်ဇ် စတား

အေဂျက်ဇ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမား တစ်ဦးဖြစ်တဲ့ ဒေဗီ ကလာဆန် က နှစ်တွေ အကြာကြီးထိ တိုင်ပတ်နေခဲ့တဲ့ အသင်းဆီ အဲရစ် တန်ဟတ် က ဘာဖြစ်လို့ ပြောင်းချင်ရမှာလဲလို့ ပြောကြားရင်း မန်ယူနိုက်တက် အသင်းကို ကပ်တိုးလေး ညှော်သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ရာသီမှာ ရလဒ်တွေ မကောင်းခဲ့တဲ့ အတွက် နည်းပြ ဆိုးလ်ရှား အပြင် ယာယီ နည်းပြ ဖြစ်ခဲ့တဲ့ မိုက်ကယ် ကာရစ် နဲ့ပါ လမ်းခွဲခဲ့ရပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက် နည်းပြ အဖြစ် ရန်းဂနစ် ရောက်လာခဲ့ပါတယ် ။

ဒါပေမဲ့ ရန်းဂနစ် ကလည်း မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ မျှော်လင့်နေခဲ့တဲ့ ရလဒ်မျိုး မရယူပေးနိုင်ခဲ့တဲ့ အပြင် 5 ရာသီဆက် ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မှတ်တမ််းဆိုးလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါ့ကြောင့် သူလည်း ယူနိုက်တက် နည်းပြ ဆက်ဖြစ်ဖို့ လမ်းစမရှိတော့ပါဘူး ။

ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ အတွက် အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ် ၊ PSG နည်းပြ မော်ရီစီယို ပိုချက်တီနို တို့က ရေပန်းအစားဆုံး ဖြစ်နေခဲ့ကြပါတယ် ။ အခုချိန်မှာတော့ တန်ဟတ်ကပဲ နံပါတ်တစ် အဖြစ် ဦးစားပေးခံနေခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ အဝတ်လဲခန်းထဲမှ ကစားသမားတွေဟာ တန်ဟတ်် နည်းပြသစ် ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် စိတ်လှုပ်ရှားနေခဲ့ကြတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့ပါသေးတယ် ။

ဒါပေမဲ့ အခြားတဖက်မှာတော့ အေဂျက်ဇ် အသင်းရဲ့ ကွင််းလယ်လူ ဒါဗီ ကလာဆန် က နည်းပြ ဖြစ်သူကို အမ်စထရာဒမ်မှာ ဆက်ရှိနေဖို့ စိတ်အားထက်သန်နေပြီး ယိုယွင််းနေခဲ့တဲ့ အသင်းဆီ သွားမှာ မဟုတ်ကြောင်း ညှော်သွားခဲ့လိုက်ပါတယ် ။

” သူဟာ ကျွန်တော်တို့ အသင်းနဲ့ အတူ နှစ်တွေ အကြာကြီး ပုံစံကောင်းတွေ ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ နှစ်တွေ အကြာကြီး အတွင်းမှာ ရလဒ်တွေ ဆိုးရွားနေခဲ့တာ အားလုံး အသိပါပဲ ” လို့ အဲဗာတန် ကစားသမားဟောင်းက ပြောခဲ့လိုက်ပြီး ယူနိုက်တက်ဆီ ပြောင်းမလားလို့ မေးခံလိုက်ရချန်မှာတော့…

” သူဟာ ဒီအသင်းမှာလည်း ဆက်ရှိနေနိုင်တာပဲလေ ။ ကျွန်တော်ကတော့ အဲ့ဒီလိုပဲ မျှော်လင့်နေပါတယ် ” လို့ ကလာဆန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ အေဂျက်ဇ် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဆီဗတ်စတီယန် ဟော်လာ ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့…

” သူ ဒါကို လုပ်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ နားလည်ပေးနိုင်မှာပါ ။ ဒါပေမဲ့ ဘယ်သွားမလဲ ဆိုတဲ့ ရွေးချယ်မှု လုပ်ဆောင်ရေးကတော့ နည်းပြရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်နေမှာပါ ။ ကျွန်တော်တို့က သူရဲ့ကစားသမားမျှပါပဲ ”

” ကျွန်တော်ကတော့ သူ ကျွန်တော့်အပေါ် လုပ်ပေးခဲ့တာတွေနဲ့ ပတ်သက်လို့ အရမ်းကို ကျေးဇူးတင်ပါတယ် ။ သူဟာ သူ့အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ် ” လို့ ဟော်လာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar