ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်တွေ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

ယခုကြားရက်မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေကို ကစားသွားရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်ဟာ အဆိုပါ ပွဲစဉ်တွေ အတွက် သူ့ရဲ့ ခန့်မှန်းချက်တွေကို ချပြသွားခဲ့ပါတယ်။

ဘင်ဖီကာ vs လီဗာပူး
ဒါဟာ လီဗာပူး အတွက် ကောင်းမွန်တဲ့ မဲကျမှု ဖြစ်ပါတယ်။ ဘင်ဖီကာဟာ အသင်းကောင်း ဖြစ်ကာ ပြီးခဲ့တဲ့ အဆင့်မှာ အိုင်ယက်ကို ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့တာဟာ တကယ့်ကို ကောင်းမွန်တဲ့ ရလဒ် ဖြစ်ပါတယ်။ သူတို့ရဲ့ နောက်တန်းမှာ ဗာတွန်ဂန် အော်တာမန်ဒီ တို့လို ဝါရင့် ကစားသမားတွေ ရှိနေတဲ့ အပြင် တိုက်စစ်မှုး ဒါ၀င်နူးနက်ကလည်း ခြိမ်းခြောက်နိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

ဒီပွဲဟာ လီဗာပူးတို့ အတွက် ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်သွားနိုင်ပါတယ်  သူတို့ဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ပေါ်တူဂီမှာ ရလဒ်ကောင်းတွေ ရယူနိုင်လေ့ ရှိခဲ့ပြီး ဒီရာသီမှာလည်း ပေါ်တိုကို ၅-၁ နဲ့ အနိုင်ယူထားခဲ့ပါတယ်။ ကျွန်တော် ကတော့ လီဗာပူးတို့ ပြတ်သားစွာ နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။

ခန့်မှန်းချက် : ဘင်ဖီကာ 1-3 လီဗာပူး

မန်စီးတီး vs အက်သလက်တီကိုမက်ဒရစ်

ဒါဟာ ကစားပုံ မတူတဲ့ ၂ သင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲဖြစ်တာကြောင့် ကျွန်တော် ဒီပွဲကို မစောင့်နိုင်လောက်အောင် ပါပဲ။ စီးတီးဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် တအားကို စိတ်အားထက်သန်နေပြီး ဒါဟာ စီးတီး အတွက် ကောင်းမွန်တဲ့ မဲကျမှု ဖြစ်သင့်ပါတယ်။ အက်သလက်တီကိုရဲ့ အကြောင်းကို ကျွန်တော်တို့ အားလုံး သိထားကြပြီး ဖြစ်ပါတယ်။ သူတို့ဟာ တက်နိုင်သမျှ ပွဲအတွင်းမှာ ရှိနေအောင် ကြိုးစား သွားမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အီတီဟတ်မှာ အရမ်းကောင်းတဲ့ ပွဲကို မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဒါပေမယ့် စီးတီးဟာ အက်သလက်တီကို အတွက် တအားကို ကောင်းလွန်းနေလောက်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : မန်စီးတီး ၂-၀ အက်သလက်တီကို

ချဲလ်ဆီး vs ရီးရဲယ်မက်ဒရစ်

နောက်ထပ် စိတ်လှုပ်ရှားစရာ tie ဖြစ်ပါတယ်။ အထူးသဖြင့် ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ရာသီက ဆီမီးဖိုုင်နယ် အဆင့်မှာ တွေ့ဆုံခဲ့ကြပြီး ချဲလ်ဆီးဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာ ချဲလ်ဆီးတို့ ၄ ဂိုး ၅ ဂိုးနဲ့တောင် အနိုင်ရခဲ့သင့်တာပါ။ ရီးရဲယ်ဟာ အဲဒီပွဲစဉ်မှာ ကစားပုံ နှေးကွေးကာ လေးလံနေခဲ့ပါတယ်။ ကျွန်တော်ကတော့ သူတို့ များစွာ တိုးတက်လာမယ်လို့ မထင်မိပါဘူး။ ဘင်ဇီးမား နဲ့ ဗီနိရှက် တို့ဟာ ဒီရာသီ တအားကို ကောင်းနေကာ သူတို့ဟာ ချဲလ်ဆီးကို ခြိမ်းခြောက်နိုင်မယ့် သူတွေပါ။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ဒီပွဲမှာ ချဲလ်ဆီးကိုပဲ ရွေးချယ်ပါတယ်။

ခန့်မှန်းချက် : ချဲလ်ဆီး ၃-၁ ရီးရဲယ်မက်ဒရစ်

ဗီလာရီးရဲယ် vs ဘိုင်ယန်မြူးနစ်

ဗီလာရီးရဲယ်ဟာ လက်ရှိ အချိန်ထိ အကောင်းဆုံး လုပ်ပြထားခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့့တဲ့ အဆင့်မှာ ဂျူဗင်တပ်ကို ထိုက်တန်စွာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အူနိုင်းအမ်မရီဟာ ဥရောပ ပြိုင်ပွဲတွေမှာ တကယ့်ကို အစွမ်းထက်တဲ့သူပါ။ ကျွန်တော့် အနေနဲ့ သူ့ရဲ့ အသင်းကို မထင်မသေးရဲပါဘူး။ ဘိုင်ယန်ဟာ ဆဲဘတ်ကို ရင်ဆိုင်ခဲ့ရတဲ့ ပြီးခဲ့တဲ့ အဆင့်မှာ အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒီနေရာမှာ နောက်ထပ် သရေပွဲကို မြင်နေပါတယ်။

ခန့်မှန်းချက် : ဗီလာရီးရဲယ် ၁-၁ ဘိုင်ယန်မြူးနစ်

SM