အာရှမြေမှာ အောင်ပွဲခံတဲ့ ရီးရဲ ၊ ရောက်ရောက်ချင်း အကျိုးပြုတဲ့ နာနီ ၊ လူခေါ်ဖို့ အရှိန်မြှင့်လာကြတဲ့ အသင်းတွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

ဆော်ဒီ အာရေဗျ နိုင်ငံမှာ ကစား သွားခဲ့တဲ့ စပိန် စူပါဖလား ဗိုလ်လုပွဲ မှာတော့ ရီးရဲ မက်ဒရစ် ဟာ ဘီဘာအို အသင်း ကို ၂-၀ နဲ့ အနိုင် ကစားပြီး ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဒါဟာ ရီးရဲ အတွက် စပိန် စူပါဖလား ကို ၁၂ ကြိမ်မြောက် ရရှိ ခဲ့တာလည်း ဖြစ်စေခဲ့ ပါတယ် ။

ရီးရဲ အတွက် ဂိုးတွေ ကိုတော့ မိုဒရစ် နဲ့ ဘန်ဇီးမား တို့က သွင်းပေးခဲ့ ကြပြီး ရီးရဲ နောက်ခံလူ အီဒါ မီလီတို အနီကတ် ထိခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် မှာတော့ လီဗာပူး က ဘရန့်ဖိုဒ့် ကို ၃-၀ ၊ လိဒ် က ဝက်စ်ဟမ်း ကို အဝေးကွင်းမှာ ဟာရစ်ဆင် ရဲ့ ဟက်ထရစ် နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ မှာတော့ ပထမ ပွဲမှာ ချန်ပီယံ အယ်လ်ဂျီးရီးယား ကို သရေ ခံ ကစားနိုင်ခဲ့တဲ့ ဆီရီယာ လီယွန် ဟာ ဒုတိယ ပွဲစဉ် မှာလည်း နာမည်ကြီး အိုင်ဗရီကိုစ့် နဲ့ ၂ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့ ပါတယ် ။

အိုင်ဗရီကိုစ့် အတွက် ဂိုးတွေကိုတော့ ဆီဘတ်စတီယန် ဟေလာ နဲ့ နီကိုလပ်စ် ပေပေ တို့က သွင်းယူ ပေးခဲ့ ကြတာပါ ။

ချန်ပီယံ အယ်လ်ဂျီးရီးယား ကတော့ နိုင်ပွဲ မရရှိ သေးဘဲ ပွဲစဉ် ၂ မှာလည်း အီကွေတိုရီရယ် ဂီနီယာ ကို ၁-၀ နဲ့ ရှုံးနိမ့် သွားခဲ့ကာ ၃၅ ပွဲဆက်တိုက် ရှုံးပွဲ မရှိမှု အဆုံးသတ် သွားခဲ့ရ ပါတယ် ။

အခြားပွဲစဉ်တွေ မှာတော့ မာလီ နဲ့ ဂမ်ဘီယာ တို့ ၁ ဂိုးစီ သရေကျ ခဲ့ပြီး တူနီးရှား က မာရူတားနီးယား ကို ၄-၀ နဲ့ အနိုင် ကစား သွားခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ အင်တာမီလန် တို့ အဝေးကွင်းမှာ အတ္တလန်တာ နဲ့ ဂိုးမရှိ သရေကျ ခဲ့ ပါတယ် ။

အမေရိက ကနေ ဥရောပ ကို ပြန်လည် ခြေချ ခဲ့တဲ့ ပေါ်တူဂီ တောင်ပံ ကစားသမား လူးဝစ် နာနီ ကတော့ အသင်းသစ် ဗီနီဇီယာ အတွက် စတင် ကစားပေး ရတဲ့ ပွဲမှာတင် ဂိုးဖန်တီးမှု ပြုလုပ်ပေး ခဲ့ပါတယ် ။ ဒါပေမယ့် ဗီနီဇီယာ ကတော့ အမ်ပိုလီ ကို အနိုင် မယူနိုင်ဘဲ ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ ဒါဘီ နည်းပြ ဝိန်း ရွန်းနီ ဟာ လစ်လပ် သွားတဲ့ အဲဗာတန် နည်းပြ ရာထူး အတွက် ထိပ်ဆုံးက ရေပန်းစား နေတယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ခံစစ်မှူး ဖီးလ်ဂျုံးစ် အတွက် ပေါင် ၁၅ သန်း ဈေးသတ်မှတ် ထားပြီး အဆိုပါ ပမာဏ အောက် ကမ်းလှမ်းမှုတွေ ကို မစဉ်းစား လိုဘူးလို့ သိရ ပါတယ် ။

ဂီတာဖေး အသင်းဟာ ဘာစီလိုနာ လူငယ်လေး ရီကွီပစ် ကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။

အီတလီ စီးရီးအေ ကလပ် ဆမ့်ဒိုးရီးယာညး ဟာ နည်းပြ ရော်ဘတ်တို ဒီအဗာဆာ ကို ထုတ်ပယ်ပြီး နည်းပြဟောင်း ဂီယမ်ပေါ်လို ကို ပြန်လည် ခန့်အပ်ဖို့ ဆုံးဖြတ် ထားပြီ လို့ ကြားသိရ ပါတယ် ။

အကယ်၍ လီဗာပူး သာ တိုက်စစ်မှူးသစ် ခေါ်ယူ ဖြစ်ခဲ့ပါက ဘာစီလိုနာ ဟာ လီဗာပူး ရှေ့တန်းလူ ရော်ဘတ်တို ဖာမီနို ကို ခေါ်ယူ သွားဖို့ စိတ်ကူး ရှိနေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ ဟာ အေစီမီလန် ကွင်းလယ်လူ ဖရန့် ကတ်ဆီ ကိုလည်း သဘောကျ နေပြီး ဥရောပ ပြိုင်ဘက်တွေ နဲ့ ယှဉ်ပြိုင် ခေါ်ယူ နိုင်မလား ဆိုတာ ချိန်ဆ နေတယ်လို့ သိရှိရ ပါတယ် ။

အေစီမီလန် ကတော့ ဇန်နဝါရီ မှာ ခံစစ်မှူးသစ် ခေါ်ယူ အားဖြည့်ဖို့ကို အဓိက လုပ်ဆောင် နေပြီး အာဖရိက ဖလား ပြိုင်ပွဲ ကစားနေတဲ့ မန်ယူနိုက်တက် ခံစစ်မှူး အဲရစ် ဘိုင်လီ ကို ချိတ်ဆက် နိုင်ဖို့ ကြိုးစား နေတယ်လို့ သိရ ပါတယ် ။

နယူးကာဆယ် အသင်းဟာ PSG ဂိုးသမားကြီး ကေလာ နာဗက်စ် နဲ့ မန်ယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် တို့ကို ကမ်းလှမ်းမှု ပြုလုပ် နေပြီ လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

သြစတြေးလျ အစိုးရဟာ ကိုဗစ်ဆေး မထိုးထားဘဲ နိုင်ငံ အတွင်း ဝင်ရောက် ခဲ့တဲ့ ကမ္ဘာ့ နံပါတ် ၁ တင်းနစ် သမား နိုဗက် ဂျိုကိုဗစ် ကို ၃ နှစ် ပြည်ဝင်ခွင့် ပိတ်ပင် လိုက်တယ်လို့ ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။

ဒါကြောင့် ဂျိုကိုဗစ် ဟာ လက်ရှိ ကျင်းပ နေတဲ့ သြစတြေးလျ အိုးပင်း အပါအဝင် ၂၀၂၃ နဲ့ ၂၀၂၄ ပြိုင်ပွဲတွေ ကိုပါ လွဲချော်ဖို့ ဖြစ်လာခဲ့ပါတယ် ။

SPORTS MYANMAR