တော့တင်ဟမ် အသင်း ပစ်မှတ် ကစားသမားကို အရ ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ မာတင်ကီယွန်

ဂန်းနား နောက်ခံလူဟောင်း မာတင်ကီယွန် က အာဆင်နယ် အသင်း အနေနဲ့ တော့တင်ဟမ် အသင်းနဲ့ သတင်းတွေ ထွက်နေတဲ့ ဝုလ်ဗာဟမ်တန် ကစားသမား အဒါမာ ထရာအိုရေး ကို ခေါ်ယူ သင့်တယ်လို့ တိုက်တွန်း အကြံဉာဏ် ပေးလိုက်ပါတယ် ။

တော့တင်ဟမ် အသင်းဟာ ဝုလ်ဗာဟမ်တန် အသင်းရဲ့ တောင်ပံ ကစားသမား ထရာအိုရေးကို ခေါ်ယူဖို့ ဆွေးနွေး ပြောဆို နေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။ ထရာအိုရေး ဟာ ဝုလ်ဗ် နဲ့ စာချုပ် သက်တမ်း ၁၈ လသာ ကျန်ရှိတော့ပြီး တန်ကြေး ပေါင် သန်း ၂၀ ရှိတယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ ကွင်းလယ်လူ အင်အား နည်းပါး နေတာကြောင့် ဒီဇန်နဝါရီ အပြောင်းအရွှေကာလ မှာ ကွင်းလယ်လူ တစ်ဦး ခေါ်ယူ နိုင်ဖို့ တောက်လျှောက် ကြိုးပမ်း နေတဲ့ အသင်းပါ ။

ဂန်းနား နောက်ခံလူဟောင်း မာတင်ကီယွန် ကတော့ အာဆင်နယ် အသင်း အနေနဲ့ ကွင်းလယ်လူသာမက ဖြစ်နိုင်ရင် ဝုလ်ဗာဟမ်တန် အသင်းရဲ့ တောင်ပံ ကစားသမား ထရာအိုရေး ကို ခေါ်ယူ သင့်တယ်လို့ BBC Final Score မှာ ပြောကြား သွားခဲ့ပါတယ် ။

” ဒီနေ့ပွဲ(ဆောက်သမ်တန်နဲ့ပွဲ) ထရာအိုရေး ကစားတာ အရမ်းကောင်းမွန်တယ်လို့ ခံစား ရပါတယ် ၊ သူ ကစားတာ ကြည့်ရတာ စိတ်ကျေနပ်မှု တကယ် ရပါတယ် ၊ သူ့ရဲ့ အဆုံးသတ် သွင်းဂိုး ကလည်း လှပ ကောင်းမွန်ပါတယ် ။ ”

” ကျွန်တော်သာ မန်နေဂျာဆို သူ့ကို စာချူပ်ချုပ် ခေါ်ယူ သွားမှာပါ ၊ အာဆင်နယ် ရေ သူ့ကို ရအောင် ဝယ်စမ်းပါကွာ ။ ” လို့ ပြော​ကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်ရှိမှာ ဘရာဇီး ကွင်းလယ်လူ အာသာမယ်လိုကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိ ခဲ့ပြီ ဖြစ်ပေမယ့် ဂျူဗင်တပ်စ် အသင်း နဲ့ သဘောတူညီမှု ရရှိဖို့တော့ ဆွေးနွေး လုပ်ဆောင် နေဆဲ ဖြစ်ပါတယ် ။

Sky Sports Italy ကတော့ ဂျူဗင်တပ်စ် အသင်းဟာ အာသာ မယ်လို ကို ခေါ်ချင်နေတဲ့ အာဆင်နယ် အသင်းထံ ဂါနာ ကွင်းလယ်လူ သောမက်စ် ပါတေး ကို အလိုက်ပေး ကမ်းလှမ်းဖို့ တောင်းဆို ခဲ့တယ်လို့ ရေးသား ဖော်ပြ ထားပါတယ် ။

SM