ချဲလ်ဆီး နဲ့ စပါး ကို ပြောင်းရွှေ့ဖို့ ဘယ်လောက်အထိ နီးစပ် ခဲ့သလဲဆိုတာ ထုတ်ဖော် ပြောကြားလာတဲ့ ဆာကာ

ဘူကာရို ဆာကာ ဟာ ချဲလ်ဆီး နဲ့ စပါး အသင်းတွေမှာ ခြေစွမ်း သွားရောက် အစမ်းသပ် ခံခဲ့ဖူးကြောင်း ထုတ်ဖော် ပြောကြား လိုက်ပြီး အာဆင်နယ် အသင်း ကပဲ သူ့ရဲ့ နှလုံးသားထဲမှာ ရှိနေတာကတစ်ကြောင်း ၊ နည်းပြကြီး အာဆင်ဝင်းဂါး ကို လေးစားတာက တစ်ကြောင်းကြောင့် အမ်းမရိတ်ကိုပဲ ရွေးချယ်ဖြစ်ခဲ့တာလို့ ပြောကြား လိုက်ပါတယ် ။

ဆာကာ ဟာ အာဆင်နယ် အသင်းရဲ့Hale End အကယ်ဒမီ ကနေ ထွက်ပေါ် လာခဲ့သူ ဖြစ်ပြီး အသက် ငယ်ငယ်ရွယ်ရွယ်မှာတင် အသင်းကြီးအတွက် ပွဲထွက် ကစားခွင့် ရပြီး အဓိက ကစားသမား ဖြစ်နေသူပါ ။

ဆာကာ ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အသင်း ပရိသတ်တွေရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူ ဖြစ်ပါတယ် ။ ဆာကာ ဟာ ဒီရာသီမှာလည်း ဂန်းနားတို့ အတွက် ၆ ဂိုး သွင်း ၊ ဂိုးဖန်တီးမှု ၄ ကြိမ် အထိ ပြုလုပ် ပေးထားပါတယ် ။

ဆာကာ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက Sky Sports နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး တော့တင်ဟမ် ကစားသမား ဖြစ်ဖို့ ဘယ်လောက် အထိ နီးစပ် ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ” ကျွန်တော် လေ့ကျင့်ခန်း တစ်ကြိမ်တော့ ဆင်းခဲ့ဖူးပါတယ် ၊ ဒါပေမယ့် နောက်တစ်ခါတော့ ဆက်မဆင်းဖြစ်ခဲ့ပါဘူး ။ ”

” အဲ့လို ဆင်းဖြစ်တာကလည်း တခြား အသင်း တစ်သင်းမှာ ခြေစမ်းကြည့်ချင်တဲ့ သဘောပါပဲ ၊ ကျွန်တော်တို့ လူငယ်တွေရဲ့ နှလုံးသားထဲမှာက အာဆင်နယ် အသင်းက အမြဲတမ်း ရှိနေတာပါ ။ ”

သူ့ကို ခေါ်ယူဖို့ ဘယ်အသင်းတွေ ကြိုးစား ခဲ့ဖူးသလဲ ဆိုတဲ့ မေးခွန်းကိုလည်း ဆာကာ က ” အာဆင်နယ် ၊ ချဲလ်ဆီး ၊ ဝက်ဖိုဒ့် ၊ တော့တင်ဟမ် နဲ့ တခြား အသင်း နှစ်သင်းလောက်ရယ်ပေါ့ ။ ကျွန်တော် ခေါင်းထဲမှာ မှတ်မိ သလောက် အသင်း နာမည်တွေကို ရွှတ်ပြတာပါ ။ ”

” အာဆင်နယ် ကတော့ ကျွန်တော် အမြဲတမ်း သွားချင်ခဲ့တဲ့ အသင်း တစ်သင်းပါပဲ ၊ သူတို့က ကျွန်တော်တို့ လူငယ်တွေ အပေါ် ယုံကြည်မှု အပြည့်ပေးသလို ရှင်းလင်းတဲ့ လူငယ် စီမံကိန်းတွေလည် ရှိပါတယ် ။ ”

” Hale End ကနေ လန်ဒန်ကော်နေး ကို ရောက်လာတဲ့ လူငယ်တွေ အများကြီး ရှိတာကိုလည်း ခင်ဗျားတို့ တွေ့မှာပါ ။ ကျွန်တော့်အဖေကလည်း အာဆင်နယ် အသင်းရဲ့ လူငယ် စီမံကိန်း ကို ယုံကြည်မှု အပြည့် ရှိပြီး အာဆင်ဝင်းဂါးကိုလည်း အရမ်း သဘောကျ နှစ်ခြိုက်ပါတယ် ။ ”

” ဒါကြောင့် အာဆင်နယ် အသင်းက ကျွန်တော်တို့ မိသားစု ရဲ့နှလုံးသား ဖြစ်တယ်လို့ ယူဆတာကြောင့် အာဆင်နယ် အသင်းမှာ ကစားဖို့ ရွေးချယ် ဖြစ်ခဲ့တာပါ ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

SM