Paul Merson လာပါပြီ အမှတ်ထပ်ဖြတ်မယ့် စီးတီး ၊ လက်စားချေမယ့် ဗီလာ ၊ မြောက်လန်ဒန် ဒါဘီ မှာ အာဆင်နယ် နိုင်မယ် ဆိုတဲ့ ဒီတပတ် အတွက် ခန့်မှန်း သုံးသပ်ချက်များ

ဒီတပတ် ကတော့ ပွဲကောင်းတွေ များတဲ့ ရက်သတ္တပတ်လို့ ဆိုရမှာပါ ။ အဆင့် ၁ နဲ့ ၂ က မန်စီးတီး နဲ့ ချဲလ်ဆီး တို့ ရင်ဆိုင် တွေ့ကြသလို မြောက်လန်ဒန် ကလပ်တွေ ဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါး နဲ့ အာဆင်နယ် တို့ရဲ့ ပွဲကလည်း အကျိတ်အနယ် ရှိနေဦးမှာပါ ။

လီဗာပူး ပရိသတ်တွေ ကတော့ တနင်္ဂနွေမှာ ကစားမယ့် သူတို့ပွဲ မတိုင်ခင်မှာ ဖိလစ်ပီကော်တင်ဟို ကို ပြန်မြင်ရနိုင်တဲ့ ကပ္ပတိန်ဟောင်းကြီး ဂျရတ် ရဲ့ အက်စတွန် ဗီလာ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ပွဲကို စောင့်ကြည့် ဖြစ်ကြမလား မသိပါဘူး ။ ဒီပွဲ ကလည်း စိတ်ဝင်စားဖို့ ကောင်းနေမှာပါ ။

ဒါကြောင့် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေမှာ ဘယ်လို ရလဒ်တွေ ထွက်ပေါ် နိုင်မလဲ ဆိုတာကို ပေါလ်မာဆင် ရဲ့ သုံးသပ်ချက်တွေ နဲ့ ချိန်ထိုး လေ့လာ ကြည့်လိုက် ကြရအောင်ဗျာ . . .

၁ ။ မန်ချက်စတာ စီးတီး – ချဲလ်ဆီး

ဒီပွဲကို ချဲလ်ဆီးတို့ ရှုံးသွားခဲ့ရင် ချန်ပီယံ ပြေးပွဲက ပြီးသွားတော့ မှာပါ ။ ဇန်နဝါရီ အလယ်ပဲ ရှိသေး ပေမယ့် ၁၃ မှတ် ဆိုတာက စီးတီးလို အမှားနည်းတဲ့ အသင်းမျိုးကို ဘယ်လိုမှ လိုက်မီနိုင်တော့မှာ မဟုတ်လို့ ပါပဲ ။

ဒါကြောင့် ချဲလ်ဆီး တို့ အပြင်းအထန် အားထုတ်မှာပါ ၊ ပွဲကောင်း တပွဲ ဖြစ်ဖို့ ကတော့ အသေအချာပါပဲ ။

ဒါပေမယ့် ပက် ဂွာဒီယိုလာ ရဲ့ အသင်းဟာ လွန်ခဲ့တဲ့ နှစ်တုန်းက UEFA ချန်ပီယံလိဂ် ဖိုင်နယ် မှာ ချဲလ်ဆီး အနိုင်ယူ ခဲ့တဲ့ အသင်းမဟုတ်တော့ ပါဘူး ။ အများကြီး တိုးတက် ပြောင်းလဲ နေပါပြီ ။

ချဲလ်ဆီး ဘက်မှာ အားထားရတဲ့ ဂိုးသမား မန်ဒီ မပါနိုင်တာက ဒီပွဲ အတွက် အခက်အခဲ ဖြစ်စေ မှာပါ ။

မန်စီးတီး ပဲ နိုင်သွားမယ့် ပွဲပါပဲ ။

မာဆင် ရဲ့ ခန့်မှန်းချက် – မန်စီးတီး ၂ – ၁ ချဲလ်ဆီး ဖြစ်ပါတယ် ။

၂ ။ အက်စတွန် ဗီလာ – မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် ဘယ်နေရာမှာ မှားယွင်းနေသလဲ . . . နေရာ အစုံပါပဲ လို့ ပြောရမှာပါ ။ ဒါကို ကျွန်တော် ပြောနေ ခဲ့တာ ကြာပါပြီ ။

သူတို့ ရန်းနစ် လက်ထက်မှာ နိုင်ပွဲ အနည်းငယ် ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ကစားပုံကတော့ တကယ့်ကို ဆိုးဆိုး ရွားရွား ပါပဲ ။ ကြားရက် တုန်းကလည်း ဗီလာ ကို FA Cup မှာ ကပ်ပြီး နိုင်သွားခဲ့တာပါ ။

အခု တခါတော့ မလွယ်တော့ ပါဘူး ။

အက်စတွန် ဗီလာ က အဆင့် ၁၄ မှာပါ ။ ဒါပေမယ့် ဒီပွဲ ကို မန်ချက်စတာ ယူနိုက်တက် နိုင်မယ့်လမ်း မမြင်မိ ပါဘူး ။

ယူနိုက်တက် အတွက် ကျွန်တော် တကယ်ပဲ စိုးရိမ်မိ ပါတယ် ။ ရာသီ အကုန်မှာသာ ထိပ်ဆုံး ၄ သင်း မဝင်ခဲ့ရင် သူတို့ ဘယ်လောက်ထိ ပျက်စီးသွားနိုင်မလဲ ဆိုတာ ကျွန်တော် မတွေးတတ်ပါဘူး ။ လက်ရှိ အခြေအနေ အရ သူတို့ မဝင်နိုင်ဖို့ အလားအလာ များနေပါတယ် ။

ဒီပွဲကိုလည်း ရှုံးဦးမှာပါပဲ ။

မာဆင် ကတော့ အက်စတွန် ဗီလာ ၃ – ၁ မန်ချက်စတာ ယူနိုက်တက် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၃ ။ လီဗာပူး – ဘရန့်ဖိုဒ့်

ဆောက်သမ်တန် နဲ့ ပွဲဟာ ဘရန့်ဖိုဒ့် အတွက် ဆိုးရွားတဲ့ ရလဒ်ကို ပိုင်ဆိုင် စေခဲ့ ပါတယ် ။ အဲ့ဒိပွဲ မတိုင်ခင် က သူတို့ ကစားပုံ မဆိုးခဲ့သလို ရလဒ်ကောင်း အချို့လည်း ပိုင်ဆိုင် ခဲ့ ပါတယ် ။

ဒါပေမယ့် လက်ရှိ မှာတော့ သူတို့ ခြေကျ နေပုံ ပါပဲ ။

လီဗာပူး ဘက်မှာ မာနေး နဲ့ ဆာလာ တို့ မရှိနေ ပါဘူး ။ ဒါက တိုက်စစ် ကို ဘယ်လောက်ထိ အားနည်း သွားစေလဲဆိုတာ အာဆင်နယ် နဲ့ ပွဲက သက်သေခံ ခဲ့ပါတယ် ။

ဒါပေမယ့် ဒီပွဲ အတွက်တော့ သိပ်ပြီး စိုးရိမ်စရာ ကောင်းမယ့်ပုံ မပေါ်ပါဘူး ။ သူတို့ ဂိုးရမှာပါ ။

မာဆင် ကတော့ လီဗာပူး ၃ – ၀ ဘရန့်ဖိုဒ့် လို့ ဂိုးပြတ် ခန့်မှန်း သွားခဲ့ ပါတယ် ။

၄ ။ တော့တင်ဟမ် ဟော့စပါး – အာဆင်နယ်

မြောက်လန်ဒန် ဒါဘီတွေ က အမြဲ ကြည့်လို့ ကောင်းပါတယ် ။ ဒီပွဲ ကလည်း တကယ် အကျိတ် အနယ် ရှိဦး မှာပါ ။

ရာသီအစ ဆိုရင်တော့ ဒီပွဲကို စပါး နိုင်ဖို့ သေချာ သလောက်ရှိပါတယ် ။ ဒါပေမယ့် အခုတော့ အနေအထားက နည်းနည်း ပြောင်းသွား ပါပြီ ။

လက်ရှိမှာ အာဆင်နယ် က နှာတဖျား သာနေတဲ့ အသင်းပါပဲ ။

စပါး က ပွဲကျန် တချို့ ရှိနေ ပါသေးတယ် ။ အဲ့ဒိပွဲတွေ ကို အနိုင် ကစားနိုင်ရင် အဆင့် ၄ အတွက် အများကြီး အားသာချက် ဖြစ်သွားမှာပါ ။ တကယ်လို့ ဒီပွဲ ကိုပါ နိုင်ခဲ့မယ် ဆိုရင်တော့ ပိုပြီး ကောင်းသွား ပါလိမ့်မယ် ။

ဒါပေမယ့် အာဆင်နယ် ခံစစ် က လီဗာပူး နဲ့ ပွဲမှာ တကယ် ကျစ်လျစ်မှု ရှိခဲ့ ပါတယ် ။ တိုက်စစ်ပိုင်း ကလည်း လူငယ်တွေ နဲ သွက်လက် မြန်ဆန် နေမှာပါ ။

စပါး အိမ်ကွင်း ဆိုပေမယ့် အာဆင်နယ် မရှုံးနိုင်ပါဘူး ၊ ရှုံးခဲ့မယ် ဆိုရင်တော့ ကျွန်တော် တော်တော်လေး အံ့အားသင့်မိ မှာပါ ။

မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ စပါး ၁ – ၂ အာဆင်နယ် ပဲ ဖြစ်ပါတယ် ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

၅ ။ ဝုဗ် ၂-၁ ဆောက်သမ်တန်

၆ ။ နောဝှစ်ချ် ၂ – ၁ အဲဗာတန်

၇ ။ နယူးကာဆယ် ၁ – ၁ ဝက်ဖိုဒ့်

၈ ။ ဘန်လေ ၁ – ၃ လက်စတာ စီးတီး

၉ ။ ဝက်စ်ဟမ်း ၃ – ၁ လိဒ် ယူနိုက်တက်

SPORTS MYANMAR