ဗလာဟိုဗစ် ကို ခေါ်ယူ၍ မရပါက အာဆင်နယ် အသင်း ခေါ်ယူသင့်တဲ့ တိုက်စစ်မှူး နာမည်ကို ပြောကြားလိုက်တဲ့ ဖာဒီနန်

အာဆင်နယ် အသင်း အနေနဲ့ ဖီအိုရင်တီးနား အသင်း တိုက်စစ်မှူး ဗလာဟိုဗစ် ကို ခေါ်ယူ၍ မရပါက အေဂျက်စ် အသင်း တိုက်စစ်မှူး ဟော်လာ ကို အရ ခေါ်ယူ သင့်တယ်လို့ မန်ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က ပြောကြား လိုက်ပါတယ် ။

အိုင်ဗရီကိုစ့် တိုက်စစ်မှူး ဟော်လာ ဟာ အရင်တုန်းက ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး တစ်ဦးပါ ။ ဟော်လာ ဟာ ၂၀၁၉ ခုနှစ်မှာ ဖရန့်ဖတ် အသင်း ကနေ ဝက်စ်ဟမ်း အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၁၇ ပွဲ ကစား ၃ ဂိုးသာ သွင်းယူ နိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ ဟော်လာ ဟာ အေဂျက်စ် အသင်းကို ပေါင် ၂၂ သန်း နဲ့ ထပ်မံ ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟော်လာ ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်စ် အသင်း အတွက် ၆ ပွဲ ကစား ၁၀ ဂိုး အထိ သွင်းယူ နိုင်ခဲ့ပါတယ် ။

ဟော်လာ ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လီဝန်ဒေါစကီး ထက် တစ်ဂိုး ၊ ဆာလာထက် ၃ ဂိုးပိုသွင်းထား နိုင်ပါတယ် ။ ဒါ့အပြင် ဟော်လာ ဟာ ချန်ပီယံလိဂ် ပွဲဦးထွက်မှာ တစ်ပွဲတည်း လေးဂိုး သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်ပါတယ် ။

ဟော်လာ ဟာ နယ်သာလန် ပြည်တွင်းလိဂ်မှာလည်း ၁၇ ပွဲ ကစား ၁၂ ဂိုး အထိ သွင်းယူ ထားနိုင်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် ကတော့ ဟော်လာ ဟာ အာဆင်နယ် အသင်းမှာ အောင်မြင်နိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ် ။

အာတီတာ ရဲ့ တိုက်စစ်မှူး ပစ်မှတ်ဟာ အိုင်ဗန်တိုနေး နဲ့ အေဘရာဟမ် တို့ ဖြစ်သင့်တယ်လို့ ပြောကြားချက်ကို ဖာဒီနန် က Five YouTube Channel မှာ ” ဟော်လာ က ခင်ဗျားတို့(အာဆင်နယ်) အတွက်သိပ်ကောင်းစေမယ့် ခေါ်ယူမှု ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထောက်ခံပါတယ် ။ ” လို့ တုန့်ပြန် ပြောကြား ခဲ့တာပါ ။

အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယို ရိုမာနို ကတော့ အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် ကို မရပါက ရီးရဲလ် ဆိုစီဒက် တိုက်စစ်မှူး အီဆက် ကို ခေါ်ယူဖို့ ကြိုးပမ်း သွားမယ်လို့ သိရပါတယ် ။ လက်ရှိမှာတော့ အာတီတာ ဟာ ဗလာဟိုဗစ် ကိုပဲ ခေါ်ယူဖို့ ဦးစားပေး ကြိုးပမ်း နေပါတယ် ။

ဖီအိုရင်တီးနား အသင်းကတော့ ဗလာဟိုဗစ် အနေနဲ့ သူ့ရဲ့ အနာဂတ် ကို ဆုံးဖြတ်ချက် ချမှတ်ဖို့ လူသိရှင်ကြား ပြောကြား ထားပါတယ် ။ အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗလာဟိုဗစ် ဟာ ဖီအိုရင်တီးနား အသင်း နဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။

SM