ပုံစံကောင်း ပြသနိုင်စွမ်း ကင်းမဲ့နေခဲ့တဲ့ ရပ်ရှ်ဖို့ အပေါ် မှတ်ချက်ပေးလိုက်တဲ့ ရန်းဂနစ်

ယူနိုက်တက် နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် က ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ပုံစံကောင်းတွေ ပြန်လည် ရရှိနိုင်ဖို့ အတွက်် သူနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင် တွေဟာ ဘယ်လိုတွေ ကူညီပေးနေကြလဲဆိုတာ ထုတ်ပြောလိုက်ပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ ဆိုတာ ပြီးဆုံးခဲ့တဲ့ ဘောလုံး ရာသီတွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ််မှာ နှစ်စဥ် ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ အတွက် တချိန်မှာ ဖာဂူဆန် လက်အောက်က ကစားသမားတွေလို ထွန်းတောက်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ ဒီနှစ်မှာတော့ ဒဏ်ရာကို ခွဲစိတ်ကုသပြီး အသင်းအတွက် ပြန်လည် ကစားပေးခွင့် အချို့ ပိုင်ဆိုင်ခဲ့တဲ့ အင်္ဂလန််သားဟာ ပုံစံကောင်း ပြနိုင်စွမ်း ကင်းမဲ့ နေခဲ့ပါတယ် ။ သူဟာ ယူနိုက်တက် အတွက် ပါဝင်ခဲ့တဲ့ နောက်ဆုံး ပွဲစဥ် 11 ပွဲဆက် ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး ။

ဒါ့ကြောင့် သူ့အပေါ် ဝေဖန်သူတွေ ရှိလာခဲ့ကြသလို ကွင််းထဲက သူ့ရဲ့ body language အပေါ်လည်း မေးခွန်းထုတ််သူတွေ များပြားလာခဲ့ကြပါတယ် ။ အခုတော့ ရပ်ရှ်ဖို့ဟာ ယူနိုက်တက် အတွက် ပွဲထွက် ကစားခွင့် သေချာပေါက််ရမယ့် ကစားသမားမျိုး မဟုတ်တော့ပါဘူး ။

သူ့ရဲ့ အနေအထားက ပွဲထွက်ခွင့် ရရှိနိုင်ဖို့ အသင်းဖော် ကာဗာနီ ၊ ဂရင်းဝုဒ် ၊ ဆန်ချို တို့နဲ့ အပြိုင် ကြိုးစားသွားရဖွယ် ရှိနေပါပြီ ။ အခုတော့ ယူနိုက်တက် နည်းပြ ရန်းဂနစ််က ပုံစံကောင်း ပျောက်ဆုံးနေခဲ့တဲ့ ရပ်ရှ်ဖို့ နဲ့ ပတ်သက်လို့ …

” သေချာတာပေါ့ ၊ ကျွန်တော်တို့ဟာ စကားတွေ မကြာခန ပြောခဲ့ကြပါတယ် ။ ကျွန်တော် ကိုယ်တိုင် ပြောခဲ့သလို ကျွန်တော့်ရဲ့ နည်းပြ အဖွဲ့ဝင်တွေလည်း သူ့ကို အကူအညီ ပေးဖို့ ကြိုးစားရင်း ခြေစွမ်း တိုးတက်အောင် ဘာတွေကို လုပ်ရမလဲဆိုတာတွေပါ ပြောဆိုဖြစ်ခဲ့ကြပါသေးတယ် ”

” သူ့ဆီမှာ ပါရမီကောင်းတွေ ရှိနေတဲ့အပေါ် သံသယဖြစ််စရာ အကြောင်းတော့ မရှိပါဘူး ။ သူဟာ အသင်းထဲက အမြန်ဆုံး ကစားသမား တစ်ဦးပါ ။ သူဟာ ဂိုးတွေကို သွင််းယူပေးနိုင်ပါတယ် ။ သူက လုံလောက်စွာ အရပ်အမောင််း မြင့်မားလှသူ တစ်ဦးဖြစ်သလို ကာယပိုင်း ကြံ့ခိုင်မှုလည််း ကောင်းပါတယ် ”

” သူဟာ သူ့ရဲ့ အားသာချက်တွေကို အပါတ်စဥ်အပါတ်တိုင်း ပြသနိုင်စွမ်းရှိသူ တစ်ဦးပါပဲ ။ လက်ရှိ သူ့ရဲ့ အနေ အထားက စွမ်းဆောင်ရည်တွေကို ဆက်တိုက် ပြသနိုင်ဖို့ ၊ ပုံမှန်ပြနိုင်ဖို့ ကြိုးစားရပါဦးမယ် ။ သူ့ဟာ တည်ငြိမ်မှု တစ်ခု ရနိုင်ဖို့ ကြိုးစားရပါဦးမယ် ”

” ကျွန်တော်တို့ အဲ့တာရနိုင်အောင် လုပ်ဆောင်ရပါ့မယ် ။ သူ့အနေနဲ့လည်း ကွင်းထဲမှာ အဲ့တာတွေကို လုပ်ပြဖို့ လိုအပ််ပါတယ် ။ ကျွန်တော်တို့ဖက်ကတော့ အကူအညီတွေကိုပဲ ပေးဆောင်နိုင်မှာပါ ။ သူ တိုးတက်နိုင်ဖို့ ကျွန်တော်တို့ တက်စွမ်းသမျှ ထောက်ပံ့ပေးသွားကြမှာပါ ” လို့ ရန်းဂနစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar