အာဆင်နယ် နဲ့ စပါး နှစ်သင်းပေါင်း အကောင်းဆုံး ကစားသမား ၁၁ ဦးကို ရွေးထုတ် ပေးလိုက်တဲ့ ဂျက်ဝီလ်ရှား

ဂျက်ဝီလ်ရှား ဟာ မြောက်လန်ဒန် ဒါဘီ ပွဲမတိုင်မှီ အာဆင်နယ် နဲ့ စပါး နှစ်သင်းပေါင်း အကောင်းဆုံး ကစားသမား ၁၁ ဦးကို ရွေးထုတ် ပေးလိုက်ပြီး စပါးတို့ရဲ့အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း တောင် ပါဝင် ခဲ့ခြင်း မရှိပါဘူး ။

အာဆင်နယ် နဲ့ စပါး အသင်းတို့ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဥ်(၂၂) မှာ ထိပ်တိုက် တွေ့ဆုံ နေကြပြီး တနင်္ဂနွေနေ့ ၊ မြန််မာ စံတော်ချိန် ၁၁ နာရီမှာ ကစား သွားမှာပါ ။ ပထမအကျော့တုန်းကတော့ အာဆင်နယ် အသင်းဟာ အိမ်ကွင်းမှာ စပါးကို ၃-၁ နဲ့ အနိုင် ရခဲ့ပါတယ် ။

အာဆင်နယ် အသင်း နဲ့ စပါး အသင်းဟာ ခါးသီးလှတဲ့ မြို့ ခံ ပြိုင် ဘက် တွေ ဖြစ်ကြပြီး ထိပ်တိုက် တွေ့ဆုံတိုင်း ပရိသတ် တွေကြားမှာကော ၊ ကစားသမားတွေကြားမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ အသင်းတွေလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းမှာ ကစားစဉ်ကတည်းက စပါး အသင်းကို အမြဲလိုလို လှောင်ပြောင်လေ့ ရှိတဲ့ ဂျက်ဝီလ်ရှား ဟာ မြောက်လန်ဒန်ဒါဘီ ပွဲမတိုင်မှီ အာဆင်နယ် နဲ့ စပါး နှစ်သင်းပေါင်း လက်ရှိ အကောင်းဆုံး ကစားသမား ၁၁ ဦးကို ရွေးထုတ် ပေးလိုက်ပြီး စပါး အသင်းမှ တစ်ဦးမှ ပါဝင် ခဲ့ခြင်း မရှိ ခဲ့ပါဘူး ။

” အခု အချိန်မှာ တော့တင်ဟမ် က ကစားသမား တစ်ဦးကိုမှ မရွေးချင်ပါဘူး ၊ အာဆင်နယ် ကစားသမားချည်းပဲ ရွေးပါမယ် ။ ဟယ်ရီကိန်း က ရွေးချယ် ခံရဖို့ အနီးစပ်ဆုံး သူဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းအရ သူ့ကိုလည်း ရွေးမှာ မဟုတ်ပါဘူး ။ ”

” ရမ်စ်ဒဲလ် ၊ တိုမီယာစု ၊ ဘန်ဝှိုက် ၊ ဂါဘရီယဲလ် ၊ တို့နဲ့ ၄-၂-၃-၁ ကစားကွက်ကို ပုံဖော်ချင်ပါတယ် ။ ဘယ်နောက်ခံလူ ကတော့ ကီရန်တီယာနေး ပေါ့ဗျာ ၊ KT ပဲ ဖြစ်ရမှာပါ ။ လက်ရှိမှာ ပါတေး က မရှိတော့ ကွင်းလယ်မှာ လိုကွန်ဂါ နဲ့ ရှာကာကို ရွေးချယ် ချင်ပါတယ် ။ ”

” အိုဒီဂတ် ကို နံပါတ် ၁၀ နေရာမှာ ထားမယ် ၊ ညာတောင်ပံမှာ စမစ်ရို ဘယ်တောင်ပံမှာ ဆာကာ ပေါ့ဗျာ ။ လာကာဇက် ကတော့ အသင်း ခေါင်းဆောင် တစ်ဖြစ်လဲ တိုက်စစ်ကို ဦးဆောင်ပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဂျက်ဝီလ်ရှား ပြောပြတဲ့ အကောင်းဆုံး လူစာရင်း အတိုင်း ပွဲထွက်လာဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး ။ ရှာကာဟာ လီဗာပူး နဲ့ ပွဲမှာ အနီကဒ်ထိခဲ့တာကြောင့် စပါး အသင်း နဲ့ ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ် ။

ဒါ့အပြင် အိုဒီဂတ် ဟာလည်း ကိုဗစ် ဖြစ်နေပြီး စမစ်ရို ၊ တိုမီယာစု တို့ကလည်း ဒဏ်ရာ ပြဿနာ ရှိနေတာကြောင့် စပါး နဲ့ ပွဲမှာ ပါဝင် ကစားနိုင်ဖို့ မသေချာသေးပါဘူး ။ ဆာကာ ဟာလည်း လီဗာပူး နဲ့ ပွဲမှာ အသေးစား ဒဏ်ရာ တစ်ခု ရသွားခဲ့ပါသေးတယ် ။

SM