ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းပေးသွားခဲ့တဲ့ အလန်စမစ်

အင်္ဂလန် တိုက်စစ်မှုးဟောင်း ဖြစ်သူ အလန်စမစ်ဟာ ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းပေးသွားခဲ့ပြီး အာဆင်နယ် ၀က်ဟမ်း တော့တင်ဟမ်ဟော့စပါး နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ အဆင့် ၄ နေရာ အတွက် တိ်ုက်ပွဲ၀င်သွားကြမှာ ဖြစ်တယ်လို့ ဆိုသွား ပါတယ်။

 

အဆင့် ၄ နေရာက ၀က်ဟမ်း နဲ့ အဆင့် ၇ နေရာက မန်ယူနိုက်တက် တို့ကြား ရမှတ် ကွာဟမှု ၆ မှတ်သာ ရှိနေပြီး title race မှာတော့ ထိပ်ဆုံးနေရာက မန်စီးတီးဟာ ဒုတိယနဲ့ တတိယ နေရာတွေက ချဲလ်ဆီး နဲ့ လီဗာပူး တို့ကို အမှတ်တွေ ဖြတ်ထား နိုင်ခဲ့ပါတယ်။

၀က်ဟမ်း အသင်းဟာ ဒီရာသီမှာလည်း ဒေးဗစ်မိုရက်ရဲ့ လက်အောက်မှာ ခြေစွမ်းပြလျက် ရှိနေပြီး နောက်ဆုံး ပွဲစဉ်မှာ နော့ရစ်ခ်ျကို အနိုင်ရခဲ့တာကြောင့် အာဆင်နယ်ကို ကျော်တက်ကာ အဆင့် ၄ နေရာကို တက်လာခဲ့ပါတယ်။

ဂန်းနား တို့ဟာ ရာသီအစပိုင်းက တာထွက်ဆိုးဝါးခဲ့မှုကို နောက်ပိုင်း ပွဲစဉ်တွေက အကောင်းဆုံး ပုံစံတွေနဲ့ အတူ ပြန်လည် ရုန်းထွက်လာနိုင်ခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲမှာတော့ မန်စီးတီးကို သရေ ၊ အက်ဖ်အေဖလားမှာ နော့တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ခဲ့ပြီး မနေ့ညက EFL ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ လီဗာပူးကို ၁ ယောက်လျော့နဲ့ ၀-၀ ကစားနိုင်ခဲ့ပါတယ်။

တော့တင်ဟမ် ကလည်း ကွန်တီရဲ့ လက်အောက်မှာ ခြေစွမ်းတိုးတက်လာခြင်းနဲ့ အတူ အဆင့် ၄ နေရာကို ရည်မှန်းနိုင်တဲ့ အနေအထားကို ပိုင်ဆိုင်နေပါတယ်။ မန်ယူနိုက်တက် ကတော့ ရန်းနစ်ရဲ့ လက်အောက်မှာ တစ်စုံတစ်ရာ တိုးတက်မှု မပြသနိ်ုင်ခဲ့ပေမယ့်လည်း top 4 နေရာ ရယူနိုင်တဲ့ လူအင်အားကိုတော့ ပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။

စမစ်က “အဆင့် ၄ နေရာက တစ်ပွဲပိုကစားထားတဲ့ ၀က်ဟမ်း နဲ့ အဆင့် ၃ နေရာက လီဗာပူး တို့ရဲ့ကြား ရမှတ် ကွာဟမှု ၅ မှတ် ရှိပါတယ်။ ဒါပေမယ့် အဆင့် ၄ ကနေ အဆင့် ၇ နေရာက အသင်းတွေဟာ ထိပ်ဆုံးက မန်စီးတီး ချဲလ်ဆီး နဲ့ ယာဂန်ကလော့ရဲ့ အသင်း တို့ကို လိုက်မှီဖို့ ဆိုတာ မလွယ်ကူတဲ့ ပုံစံပါပဲ။ အသင်းတော်တော်များများဟာ ပွဲကျန်တွေ ရှိနေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် စီးတီး ချဲလ်ဆီး နဲ့ လီဗာပူး တို့ဟာ ဒီနိုင်ငံရဲ့ အကောင်းဆုံး ၃ သင်း ဖြစ်ကြပါတယ်။ ဂွာဒီယိုလာရဲ့ အသင်း ကတော့ အားလုံးထက် ခေါင်းတစ်လုံးသာနေ ပါတယ်။ ဒါပေမယ့် ဒီအသင်း ၃ သင်းပဲ top 3 ၀င်ကြမယ် ဆိုတာကတော့ သေချာပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Top 4 battle နဲ့ ပက်သက်ပြီး စမစ်က “ဒီနေရာ အတွက်တော့ မှန်းရတာ ခက်ခဲပါတယ်။ မန်ယူနိုက်တက်တို့ top 4 ၀င်မယ်လို့တော့ ကျွန်တော် မမြင်မိပါဘူး။ သူတို့ လက်ရှိ ကစားနေတဲ့ ပုံစံအရ ဒီလို လုပ်နိုင်စရာ မရှိပါဘူး။ သူတို့ အနေနဲ့ ပုံစံကောင်းကို ပြသနိုင်မလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။ ဒါပေမယ့် လက်ရှိ အိုးထရပ်ဖို့ဒ်မှာ ဖြေရှင်းရမယ့် ပြသနာတွေ များနေတဲ့ ပုံစံပါပဲ။

ကျွန်တော် ကတော့ top 4 ကို မြောက်လန်ဒန် ကလပ် ၂ ခု ဖြစ်တဲ့ အာဆင်နယ် ဒါမှမဟုတ် တော့တင်ဟမ် တို့ပဲ အဓိက ပြိုင်သွားရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါဟာ အရမ်းကို စိတ်၀င်စားစရာ ကောင်းနေမှာပါ။ ၀က်ဟမ်း အသင်းကတော့ တောင့်တင်းတဲ့ လူစာရင်း မရှိဘဲ အကယ်လို့များ အန်တိုနီယိုသာ ဒဏ်ရာ ရသွားမယ် ဆိုရင် ပြသနာတွေ များသွားမှာပါ။ စပါးဟာ လက်ကျန်ပွဲတစ်ချို့ ကစားသွားဖို့ ရှိနေပါတယ်။ ဒီပွဲတွေကိုသာ အနိုင်ရရင် သူတို့ဟာ အာဆင်နယ်ကို ကျော်တက်သွားမှာပါ။ ဒါပေမယ့် ကျွန်တော် ကတော့ အာဆင်နယ် ဘက်ကိုပဲ နေချင်ပါတယ်။

အဆင့် ၄ နေရာ အတွက် ကျွန်တော် အာတီတာရဲ့ အသင်းကို ရွေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီရာသီမှာ အခြေအနေဆိုးကနေ ရုန်းထွက်လာခဲ့တာ ဖြစ်ပြီး အမ်းမရိတ်မှာ ညီညွှတ်တဲ့ စိတ်ဓာတ်တွေ ရှိနေပါတယ်။ သူတို့ဟာ တော့တင်ဟမ်နဲ့ ယှဉ်ရင် ဖြေရှင်းရမယ့် ပြသနာတွေ နည်းပါတယ်။ ဒ့ါကြောင့် ကျွန်တော် ကတော့ အသင်းဟောင်းကိုပဲ top 4 အတွက် ရွေးချယ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM