ကစားကွက် အပြောင်းအလဲ လုပ်ဆောင်နေမှုနဲ့ ပတ်သက်လို့ ဝန်ခံစကားဆိုရင်း အဓိက ကစားကွက် 2ခုအကြောင်း ရှင်းပြလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြ ဖြစ််သူ ရဲ့လ်ဖ် ရန်းဂနစ် က အသင်းဟာ ကစားကွက် တစ်ခုမှာ အံဝင်ဖို့ ရုန်းကန်နေရဆဲဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အဲ့တာက ပွဲစဥ်အတွင်း ပုံစံတွေကို အမျိုးမျိုး ပြောင်းလဲစေနိုင်ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရန်းဂရနစ် ရောက််လာခဲ့တဲ့နောက် ကစားခဲ့ရတဲ့ ပွဲစဥ် 6 ပွဲ အတွင်း 5 ပွဲကို 4 – 2 – 2 – 2 ဆိုတဲ့ ကစားကွက်ချည်း ခင်းကျင်းပြီး ကစားခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့ဒီ ကစားကွက်မှာ ဖိအားပေးကစားနိုင်စွမ်း လျော့နည်းနေခြင်းက ဝုလ်ဗ် ကို 1 – 0 နဲ့ ရှုံးနိမ့်စေခဲ့ပါတယ် ။

ဝုလ်ဗ် ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်ရဲ့ ပထမပိုင်းမှာ ရန်းဂနစ််ဟာ 4-2-2-2 ကစားကွက်ကို ခင်းကျင်းသွားခဲ့ပေမဲ့ အခြေမလှတာကြောင့် ဒုတိယပိုင်းမှာ ခံစစ် 3 ယောက်နဲ့ ကစားစေခဲ့ပါသေးတယ် ။ အဲ့ဒီနောက် အက်စတွန် ဗီလာနဲ့ FA ဖလားပွဲမှာ ရန်းဂနစ်ဟာ ပွဲစဥ်ကို 4-2-3-1 နဲ့ စတင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ ရန်းဂနစ်က စိန်ပွင့်ကွင်းလယ် ထားပြီး ကစားစေခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ရန်းဂနစ် က ကစားကွက် တစ်ခုကို တည်ဆောက်ဖို့ ဆိုတာ နေ့ချင််းညချင်း လုပ်လို့မရဘူးဆိုတာကို သူသိကြောင်း ၊ တည််ဆောက်နေဆဲဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဒါကို နေ့ချင်းညချင်း ပြောင်းလဲလိုက်လို့ မရဘူးဆိုတာ ကျွန်တော် သိပါတယ် ။ အခုက အလုပ်လုပ်နေဆဲ ကာလ တစ်ခုပါ ။ ကျွန်တော်တို့ဟာ ပြီးဆုံးခဲ့တဲ့ ရက်သတ္တပါတ်တွေတုန်းကထက် ပေးဂိုးတွေ ပိုနည်းအောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသခဲ့ပြီးပြီလို့ ထင်ပါတယ် ”

” ကျွန်တော်တို့ ပွဲစဥ်ကို ထိန်းချုပ် ကစားနိုင်ဖို့ လိုအပ်ပါသေးတယ် ။ ကျွန်တော်တို့ အဆင့် အနည်းငယ် တက်လှမ််းနိုင်ခဲ့ပါပြီ ။ ဒါပေမဲ့ အခုထက် ပိုကောင်းနိုင်ဖို့ လိုအပ်ပါသေးတယ် ။ ကျွန်တော်တို့ အဲ့ဒီအတွက် အလုပ်လုပ်ရပါ့မယ် ။ အကောင်းဆုံး ဖြစ်နိုင်မယ့် ကစားကွက်ကို ရှာဖွေရပါ့မယ် ”

” ကျွန်တော်တို့ဟာ သုံးရက် တစ်ပွဲနှုန်း ကစားနေရတာကြောင့် ကွင်းထဲမှာ အကောင်းဆုံး နဲ့ တက်ကြွလန်းဆန်းတဲ့ ကစားသမားတွေ ရှိနေဖို့ လိုအပ်ပါတယ် ။ အဲ့ဒီလိုဆိုရင် ကျွန်တော်တို့ဟာ ပွဲစဥ် တစ်ပွဲထဲအတွင်း သို့မဟုတ် တစ်ပွဲပြီးတစ်ပွဲ ကစားကွက် အပြောင်းအလဲတွေ လုပ်လို့ ရနိုင်ပါတယ် ”

” ကျွန်တော် ပြောခဲ့သလိုပါပဲ ။ အခုဟာက အလုပ်လုပ်နေဆဲ ကာလ တစ်ခုပါ ။ အခြားသော ဆက်လက်တိုးတက််လို့ ရနိုင်သေးတဲ့ အရာတွေ ရှိနေပါသေးတယ် ။ အကယ််လို့ ခင်ဗျားဟာ ပွဲစဥ်ကို ထိန်းချုပ် ၊ လွှမ်းမိုးပြီး ကစားချင်တယ်ဆိုရင် လုပ်လို့ရနိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ် ”

” ပထမ တစ်ချက်က ပြိုင်ဖက် အသင်း ဘောလုံးကိုင် ကစားနေရင် ဘယ်လို တုန့်ပြန်မလဲ ၊ ဘယ်လို ရန်လိုစွာ ကစားမလဲဆိုတာပါ ။ အဲ့ဒီလို အနေအထား တစ်ရပ်မှာ ​ကောင်တာ တိုက်စစ် ကစားတာလည်း အားနည်းသွားလို့ မရနိုင်ပါဘူး ။ ဒါကို အထူး သတိထားရပါ့မယ် ”

” နောက်တစ်နည်းကတော့ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူချိန်မှာ ဘယ်လို ကစားမလဲဆိုတာပါပဲ ။ အဲ့ဒီ နေရာတွေမှာ ကျွန်တော်ဟာ အသင်းကို ပိုမို တိုးတက်ကောင်းမွန်််အောင် လုပ်ဆောင်လိုပါသေးတယ် ။ ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ကျွန်တော်တို့ အဆင့် အချို့ကို တက်လှမ်းနိုင်ခဲ့ပါပြီ ။ ဒါပေမဲ့ ကျွန်တော် မျှော်လင့်ထားသလို တိုးတက််မှု မမြန်ဆန်ခဲ့သေးပါဘူး ”

” နည်းပြတွေဆိုတာ တော်ရုံစိတ်မရှည်ကြပါဘူး ။ သူတို့တွေဟာ အသင်းကို အတက်နိုင်ဆုံး ၊ အမြန်ဆုံး တိုးတက်စေလိုကြပါတယ် ။ ဘာပဲ ဖြစ်နေပါစေ ၊ အခုရော အနာဂတ််မှာပါ အရေးအကြီးဆုံးက ရလဒ်ပါ ။ ရလဒ်ကောင်းနေဖို့တော့ အမြဲ လိုအပ်ပါတယ် ” လို့ ရန်းဂနစ် က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar