ဘရူနို ဖာနန်ဒက်စ် ရဲ့ အပြုအမူ တစ်ခုက လူငယ်တွေ အတွက် ပြသနာပဲလို့ ပြောဆိုအပြစ်တင်လိုက်တဲ့ အလန် ဟတ်တန်

စကော့တလန် လက်ရွေးစင် အသင်းရဲ့ ခံစစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ အလန် ဟတ်တန် က ကွင်းထဲမှာ ဆိုးရွားတဲ့ body language တွေ ပြသနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ယူနိုက်တက် အသင်းရဲ့ လူငယ် ကစားသမားလေးတွေ အတွက် ဆိုးရွားတဲ့ ဥပမာ တစ်ခုကို ဖြစ်စေလိမ့်မယ်လို့ ပြောဆို အပြစ်တင် သွားခဲ့လိုက်ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ စတင် ရောက်ရှိခဲ့စဥ် ကတည်းက ထူးကဲလွန်းတဲ့ ခြေစွမ်းကောင်းတွေကို ဆက်တိုက် ပြသထားနိုင်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ပြိုင်ပွဲစုံ 25 ပွဲ ကစားရာမှာ 5 ဂိုးသာ သွင်းယူနိုင်ခဲ့သေးပြီး ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ် ။

ဒီအတွက် ဘရူနို ဖာနန်ဒက်စ် ဟာ ကွင်းထဲမှာ လက်ရွေးစင်် အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒို ကိုသာ ရှာဖွေပြီး ဘောလုံးတွေ ပေးပို့နေခဲ့ခြင်းက ပြသနာပဲ လို့ ထုတ်ဖော်် ပြောဆိုသူတွေ ရှိခဲ့ကြသလို အချို့ကတော့ ဘရူနိုဟာ ခရစ္စတီယာနို နဲ့ တွဲဖက် ကစားနိုင်စွမ်း မရှိဘူးလို့လည််း သုံးသပ်ခဲ့ကြပါသေးတယ် ။

အခြားတဖက်မှာတော့ မျှော်လင့်ထားခဲ့သလောက် ပုံစံကောင်းတွေ မပြသနိုင်ခဲ့ခြင်း ၊ အမူအယာတွေ မကောင်းခဲ့ခြင်းတွေက ကစားသမား နှစ်ဦးကို ဝေဖန်မှုတွေနဲ့ ဆက််တိုက် ကြုံတွေ့စေခဲ့ပါတယ်် ။ အခုတော့ အလန် ဟတ်တန် က ဘရူနို ဟာ မေဆွန် ဂရင်းဝုဒ် လို လူငယ် အတွက် စံနမူနာကောင်း ဖြစ်နိုင်စွမ်း မရှိသူပဲလို့ ဝေဖန်ထိုးနှက် သွားခဲ့လိုက်ပါတယ် ။

” အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ဘာတွေ ဖြစ်ပျက်နေခဲ့သလဲဆိုတာကိုတော့ ကျွန်တော်တို့ အတိအကျ မသိနိုင်ပါဘူး ။ ဒါပေမဲ့ အခုအချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပတ်သက်လို့ ကြားသိနေခဲ့ရတဲ့ ဆူညံသံံတွေ အများကြီး ရှိနေရခဲ့ရပါတယ် ”

” ဒါမကောင်းပါဘူး ။ ပြီးတော့ ကန့်လန့်ကာရဲ့ နောက်ကွယ််မှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာပါ ကျွန်တော် ကြားခဲ့ပါသေးတယ် ။ အဝတ်လဲခန်းက ပျော်ရွှင်စရာ ကောင်းတဲ့ နေရာ မဟုတ်တော့ပါဘူး ။ ပြင်ပကနေ ကြည့်ရှုလိုက်မယ်ဆိုရင် ကစားသမား အချို့ရဲ့ body language က ပြသနာ ဖြစ်နေခဲ့တယ်လို့ ခံစားနေခဲ့ရပါတယ် ။

” ခင်ဗျားရဲ့ စွမ်းဆောင်ရည်တွေ ရုတ်တရက်ပဲ ကျဆင်းကောင်းကျဆင်းသွားနိုင်ပါတယ် ။ အဲ့တာက ကောင်းမွန်ပါသေးတယ် ။ ခင်ဗျားဟာ ကွင်းထဲမှာ အဲ့တာကို ကိုင်တွယ််ဖြေရှင်းရင်း ကွင်းထဲမှာ ဆက်လက် ပြေးလွှား ကစားတာမျိုး လုပ်ကောင်းလုပ်နိုင်ပါတယ် ”

” ဥပမာ တစ်ခု အနေနဲ့ ပြောရရင် ဘရူနို ဖာနန်ဒက်စ် က အံ့ဖွယ် ကစားသမားကောင်း တစ်ယောက်ပါ ။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို စတင် ပြောင်းရွှေ့လာကတည်းက အရမ်းကို ထူးကဲကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်နိုင်ခဲ့ပါတယ် ”

” ဒါပေမဲ့ သူက လေထဲမှာ လက်တွေယမ်းရင်း အခြားသူတွေကို အပြစ်တွေ တင်နေခဲ့ပါတယ် ။ အဲ့တာမျိုးက ဂရင်းဝုဒ် တို့လို လူငယ် ကစားသမားလေးတွေ အတွက် အထောက််အကူ ဖြစ်စေနိုင်မယ့် စံပြ ကစားသမား တစ်ဦး ဖြစ်စေနိုင်မလား ဆိုတာ သံသယဖြစ်ဖွယ်ပါပဲ ” လို့ အလန်် ဟတ်တန် က ဝေဖန် ထိုးနှက် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar