ချဲလ်ဆီးကို ရှုံးခဲ့တဲ့ပွဲစဉ်က စပါးရဲ့ ခြေစွမ်းကို ဝေဖန်ပြစ်တင်လိုက်ကာ ကစားသမား တစ်ဦး အတွက် ၀မ်းနည်းမိတယ်လို့ ဆိုလိုက်တဲ့ ဂျေမီရက်နက်

ဂျေမီရက်နက်က လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးကို ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်းဟာ တော့တင်ဟမ်ရဲ့ ဆိုးရွားတဲ့ ခံစစ် ကစားပုံကြောင့် ဖြစ်တယ်လို့ ဝေဖန်သွား ခဲ့ပါယတ်။ စပါးဟာ မနေ့ညက အိမ်ကွင်းမှာ ရူဒီဂါရဲ့ ထောင့်ကန်ဘောကနေ တဆင့် သွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးနဲ့ ချဲလ်ဆီးကို ၁-၀ နဲ့ ရှုံးနိမ့်ကာ နှစ်ကျော့ပေါင်း ၃-၀ နဲ့အတူ ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရပါတယ်။

အန်တိုနီယိုကွန်တီဟာ ပထမဂိုးသမား ဟူဂိုလိုရစ်ရဲ့ နေရာမှာ အရန်ဂိုးသမား ဂိုလီနီ ကို ပွဲထွက်စေခဲ့ပြီး ရူဒီဂါရဲ့ သွင်းဂိုးမှာ အီတလီ ဂိုးသမားက အမှားအယွင်း ပြုလုပ်ခဲ့တာကြောင့် ဒီဆုံးဖြတ်ချက်ဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားခဲ့ ပါတယ်။

စပါး ကွင်းလယ်လူဟောင်း ရက်နက်က “ချဲလ်ဆီးဟာ ၂ ကျော့စလုံးမှာ စပါးကို လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့်လည်း သူတို့ ရခဲ့တဲ့ သွင်းဂိုး ၃ ဂိုး စလုံးကို ကြည့့်လိုက်မယ် ဆိုရင် စပါးရဲ့ ဆိုးရွားလှတဲ့ ခံစစ် ကစားပုံ အမှားတွေကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိကာ လုံလောက်တဲ့ press တွေလည်း မလုပ်ခဲ့ပါဘူး။ ဒ့ါကြောင့် စုစည်းမှု မရှိ ဖြစ်နေခဲ့ပြီး ချဲလ်ဆီးကို ပေးလိုက်ရတဲ့ ဂိုး အတွက် ဂိုးသမား အနေနဲ့ တာ၀န်ခံသွားရမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ရက်နက်က ကွန်တီရဲ့ ကစားကွက် ကလည်း ပြသနာ ဖြစ်နေတယ်လို့ သုံးသပ်လိုက်ပြီး left wing-back အဖြစ် ကစားခဲ့တဲ့ ညာနောက်ခံလူ ဒိုဟာတီကလည်း ရုန်းကန် ခဲ့ရတယ်လို့ ထောက်ပြလိုက်ပါတယ်။ ကွန်တီဟာ ပွဲချိန် ၆၄ မိနစ်မှာ ဒိုဟာတီရဲ့ နေရာကို ဆက်ဆီညွန်နဲ့ အစားထိုးခဲ့ပေမယ့်လည်း အချိန်က အနည်းငယ် နှောင်းနေခဲ့ပြီ ဖြစ်ပါတယ်။

ရက်နက်က “စပါးရဲ့ ညက်ညောတဲ့ ကစားကွက်ကို မမြင်ခဲ့ရပါဘူး။ သူတို့ရဲ့ ကစားကွက်မှာ နေရာလွတ်တွေ များနေခဲ့ပြီး ဒိုဟာတီကို left wing-back အဖြစ် ကစားစေတာဟာ အလုပ် မဖြစ်ပါဘူး။ သူ့အနေနဲ့ ဒီနေရာမှာ ဆက်ဆီညွှန်ကို စောစော လူစား၀င်စေခဲ့သင့်ပါတယ်။ ဒါမှသာ ဒီနေရာကနေ တိုက်စစ် အရှိန်အဟုန်ကို ရနိုင်မှာ ဖြစ်ပါတယ်။

ဒိုဟာတီဆီကို ဘောလုံး ရောက်သွားခဲ့တဲ့ အချိန်တိုင်း ကျွန်တော် သူ့အတွက် ၀မ်းနည်းမိပါတယ်။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ညာခြေနဲ့ အတူ အတွင်းကို ပြန်ပြန် ချိုးနေရလို့ ဖြစ်ပါတယ်။ စပါးရဲ့ ဘယ်ခြမ်း တိုက်စစ်ဟာ လုံး၀ကို သေနေခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ် နောက်ခံလူဟောင်း အက်ရ်ှလေကိုး ကလည်း “ဒိုဟာတီဟာ ပင်နယ်တီ ဧရိယာအတွင်းမှာ ကိန်း ဒါမှမဟုတ် မော်ရာ တို့ကို တွေ့ရနိုင်ဆိုတဲ့ ခံစားချက်နဲ့ အတွင်းကို ချိုး၀င်တာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆက်ဆီညွှန် ၀င်လာချိန်မှာတော့ သူဟာ ချဲလ်ဆီး ကစားကွက်ကို ဆွဲဆန့် နိုင်ခဲ့ပါတယ်။ သူဟာ ဘယ်ခြမ်း ကနေ ပိုမို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပါးရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကြား အကွာအဝေး ကတော့ တကယ့်ကို ဝေးနေခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM