ဘော့်ဒိုး အသင်းလူစာရင်းကနေ ဖယ်ထုတ် ခံရပြီး အသင်းခေါင်းဆောင် လက်ပတ်ပါ ဆုံးရှုံးလိုက်ရတဲ့ ကော့စီရယ်နီ

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ၊ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်းကနေ ဘော့်ဒိုး အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄.၅ သန်း နဲ့ ပြောင်းရွှေ့ ခဲ့ပါတယ် ။ပြင်သစ် နောက်ခံလူ ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်းမှာ ကိုးနှစ်ကြာ ကစားပြီးနောက် မွေးရပ်မြေကို ပြန်လည် ပြောင်းရွှေ့သွားခဲ့တာပါ ။

ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်း ရဲ့ ရာသီကြို အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန် ခဲ့တာကြောင့် ကလပ် အသင်းတာဝန်ရှိသူတွေရဲ့ အမျက် ဒေါသ နဲ့ ရင်ဆိုင် ခဲ့ရပြီး ကော့စီရယ်နီ နဲ့ အာဆင်နယ် အသင်းတို့ရဲ့အဆုံးသတ် လမ်းခွဲဟာ သိပ်တော့ မလှပ ခဲ့ပါဘူး ။

ဘော့်ဒိုး အသင်းကို ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း announcement vedio မှာလည်း ကော့စီရယ်နီဟာ အာဆင်နယ် အင်္ကျီကို ချွတ်ပြီး အောက်မှာ ဘော်ဒိုး အင်္ကျီ ကို အသင့် ဝတ်ဆင်ထားတဲ့ ပုံစံနဲ့ ကြေညာခဲ့တာကြောင့် ဂန်းနားတို့ရဲ့ ပြစ်တင် ဝေဖန်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင် ခဲ့ရပါတယ် ။

ဘော့်ဒိုး အသင်းကို ရောက်ရှိပြီး ၃ နှစ် အကြာ ဒီရာသီမှာတော့ ကော့စီရယ်နီ ဟာ အသင်းကြီးလူစာရင်းကနေ ဖယ်ထုတ် ခံခဲ့ရပြီး အသင်း ခေါင်းဆောင် လက်ပတ်ပါ ဆုံးရှုံး လိုက်ရပြီ ဖြစ်တယ်လို့ ပြင်သစ် သတင်းစာတွေမှာ ရေးသား ဖော်ပြ လာခဲ့ပါတယ် ။

ဘော့်ဒိုး အသင်းဟာ ဒီရာသီ ပြင်သစ် လီဂူး ၁ မှာ ပွဲ ၂၀ ကစား ၊ ၃ ပွဲ သာ အနိုင် ရရှိ ထားပြီး တန်းဆင်းဇုန် အန္တရယ် နဲ့ ရင်ဆိုင် နေရပါတယ် ။ကော့စီရယ်နီ ဟာ ဒဏ်ရာကြောင့် ဒီရာသီ ဘော့်ဒိုး အတွက် ၁၁ ပွဲသာ ကစားထားရပေမယ့် သူ့ရဲ့အမှားအယွင်းတွေကြောင့် အသင်း တာဝန်ရှိသူတွေဟာ စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ် ။

ဘော့်ဒိုး အသင်းဟာ ဒီရာသီ ပြင်သစ်လီဂူး ၁ မှာ ခံစစ်ပိုင်း အဆိုးရွားဆုံး အသင်း ဖြစ်နေပြီး ၄၄ ဂိုး အထိ ပေးထားရပါတယ် ။ ဒါ့အပြင် ဘော့်ဒိုး အသင်းဟာ ပြင်သစ်ဖလား မှာလည်း သုံးဂိုးပြတ် အရေးနိမ့်ပြီး ထွက်ခွာ ခဲ့ရပါတယ် ။

L’Equipe ရဲ့ဖော်ပြချက်အရ ဘော့်ဒိုး အသင်းဟာ ကော့စီရယ်နီ အပါအဝင် စီနီယာ ကစားသမား ၃ ဦးကို အသင်းကြီး လူစာရင်းကနေ ချန်လှပ်ထားပြီး အရန် အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းခိုင်းထားတယ်လို့ သိရပါတယ် ။

RMC Sport ကတော့ ဘော့်ဒိုး အသင်းဟာ ကစားသမားတွေရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုထက် မြင့်မားတဲ့ လစာငွေ ပမာဏာ ကို လျှော့ချ ချင်တာကြောင့် ခုလို ဖယ်ထုတ် နေတာ ဖြစ်တယ်လို့ ရေးသား ဖော်ပြ ခဲ့ပါတယ် ။

SM